#KaiHun
Sehun အဆောင်ကိုပြန်ရောက်တော့ စီနီယာကပြန်မရောက်သေးပေ။..Sehun သူလုပ်စရာရှိတာလုပ်ပြီး
ညနေစာစားဖို့အပြင်ထွက်ချိန်အထိ စီနီယာကပြန်ရောက်မလာသေး။Sehun အဆောင်အောက်ကိုဆင်းလာတုန်း
ဆိုင်ကယ်တစ်စီးကဝင်လာပြီး ပါကင်ထိုးနေသည်ကိုမြင်လိုက်ရသည်။ဆိုင်ကယ်ကသူကြိုက်တဲ့ဆိုင်ကယ်မို့
Sehun ရပ်ပြီးငေးနေမိပြန်သည်။ပြီးတော့ဆိုင်ကယ်စီးတဲ့သူရဲ့ပုံပန်းသွင်ပြင်ကိုသူမြင်ဖူးသလိုရှိနေသည်။
သူရပ်ပြီးငေးမိနေတုန်းပဲ ဆိုင်ကယ်ဦးထုပ်ကိုချွတ်ပြီး
သူ့ဘက်လှည့်လာတဲ့သူကိုမြင်လိုက်ရတဲ့အချိန်.Sehun
ရင်ထဲတမျိုးတမည်လေးခံစားသွားရသည်။ဘလိုပြောရမလဲ
လေပြေလေးတစ်ခုကသူရင်ထဲဖြတ်ပြေးသွားသလိုမျိုးလေ။
ဒီအချိန်ခဏလေးကပြီးပြည့်စုံတဲ့အချိန်လေးပါလို့ထင်မိတဲ့မြင်ကွင်းလေး။စီနီယာကသူ့ကိုပြုံးပြနေပြန်သည်။
တကယ်ပါ..စီနီယာKimJongIn ရဲ့အဲ့ဒီအပြုံးလေးကိုသူတကယ်သဘောကျသည်။ဆိုင်ကယ်ဦးထုပ်ကိုဆိုင်ကယ်မှာချိတ်လိုက်ပြီး
ပုံပျက်နေတဲ့ဆံပင်လေးကိုဖွနေတဲ့ စီနီယာကသူ့ရှေ့ကို
လျှောက်လာခဲ့သည်။'ထမင်းစားဖို့သွားမလို့လား....'
အပြုံးတစ်ခုနဲ့မေးလာပြန်တဲ့စီနီယာ။sehun တော့စီနီယာကိုကြောင်ပြီးငေးနေမိတော့တာပဲ။
အဲ့ဒီအပြုံးတွေကို OhSehun တော့စွဲလမ်းနေပြီထင်သည်။'ဟိတ်..ကောင်လေး...ဟေ့.ဂျူနီယာ...'
Sehun ကြောင်ကြည့်နေ၍ထင်သည်.စီနီယာကသူ့ပခုံးကိုပုတ်ရာဖြင့် ခေါ်တော့သည်။
Sehun လည်းရှက်ရှက်နဲ့ဟီးခနဲရီပြမိသည်။'ဟာ.လာရီပြနေတယ်...ကြောင်တောင်တောင်လေးနဲ့ထမင်းသွားစားမလို့လား..'
'ဟုတ်ကဲ့..စီနီယာ...စီနီယာကရော..မသွားဘူးလား.'
စီနီယာကစကားပြောရင်းလည်းပြုံးပြုံးလေးပြောသည်။
လူတိုင်းကိုဒီလိုပြုံးပြီးပြောတာထင်သည်။စီနီယာ့အပြုံးတွေကိုသဝန်တိုလိုက်တာနော်။