Special 22

2.8K 325 37
                                    

Special 22

#KaiHun

ဒီ​နေ့က​ကောင်​​လေးတို့ပထမနှစ်​​တွေက Practical exam ​ဖြေရမည်​ဖြစ်​ကာ JongIn တို့​တွေအတွက်​က​တော့
Pretest ​ရောPractical Exam ပါ​နောက်​ဆုံး​ဖြေရမည့်​​နေု့ဖြစ်​သည်​။ပြောရရင်​ Pretest ​တွေ​ဖြေရမည့်​ရက်​ကဒီ​နေ့​နောက်​ဆုံးဖြစ်​သည်​။ Practical Exam ကအရမ်း​ကြောက်​ဖို့မ​ကောင်း​သော်​လည်းမ​ဖြေဖူးသည့်​​ကောင်​​လေးကလန့်​​နေသည်​။ Test tube ကိုပထမဆုံးအချိန်​စကိုင်​တုန်းကတုန်​​နေသလို​ပေါ့။ Test tube
ထဲကို Sample ထည့်​တဲ့အချိန်​ အချိန်​အဆမှားမှာဆိုးလို့တုန်​​နေတဲ့လက်​​တွေလိုပဲ ​ကောင်​​လေးကသူလက်​​တွေ့​ဖြေတဲ့အခါ တုန်​ယင်​ပြီးမှားကုန်​မှာကိုဆိုး​နေရှာ၏။ပြီးခဲ့တဲ့ ရက်​​တွေက Pretest ​တွေကို
ကောင်း​ကောင်း​ဖြေခဲ့ပြီး​နောက်​ဆုံးရက်​ကျမှ သက်​ပြင်းကိုအကြိမ်​ကြိမ်​ချကာ မျက်​နှာ​လေးကနွမ်း​နေရှာသည်​။JongIn မှာရီလည်းရီချင်​​ပေမဲ့
ကောင်​​လေးစိတ်​ဆိုးရင်​ သူ့ကိုပွစိပွစိ​ပြောပြီး​ကောင်​​လေးစာ​တွေ​မေ့ကုန်​မှာဆိုးတာ​ကြောင့်​ ရီချင်​စိတ်​ကို​အောင့်​ထားရသည်​။ Pretest ​ဖြေ​နေစဉ်​အတွင်း​နေ့တိုင်းလိုလို စိတ်​မချမ်းမသာဖြစ်​​နေတဲ့​ကောင်​​လေး။
ဟိုတခါလိုမျိုးလက်​​ဆောင်​ထပ်​​ရောက်​မလာ၍သာ။မဟုတ်​ရင်
ကောင်​​လေးရဲ့စိတ်​မချမ်းမသာဖြစ်​မှုကယခုအ​ခြေအ​နေထက်​ပိုဆိုးနိုင်​သည်​။

ဒီ​နေ့​တော့​ကောင်​​လေးကို​နေ့လည်​ပိုင်းကျရင်​မုန့်​လိုက်​​ကျွေးဖို့စဉ်းစားထားတာမို့​ကျောင်းကိုဆိုင်​ကယ်​နဲ့လာခဲ့သည်​။
JongIn မှာ​ကောင်​​လေးရဲ့အတန်း​ရှေ့အထိလိုက်​ပို့​ပေးပြီး
ချက်​ချင်းမပြန်​ရ​သေး။အတန်းမတက်​ခင်​​လေးခဏ​နေ​ပေးပါအုံးဟုဆို​သော​ကြောင့်​ပထမနှစ်​အတန်းထဲဝင်​ထိုင်​ပြီးစာကြည့်​​နေရသည်​။
JongIn နာရီတစ်​ချက်​ကြည့်​လိုက်​ပြီးကြည့်​လက်​စစာအုပ်​ကို
လွယ်​အိတ်​ထဲထည့်​​တော့ ​ကောင်​​လေးကလိုက်​ကြည့်​​နေသည်​။

'ကိုယ်​ Practical Exam ​ဖြေရမှာ​လေ အဲ့ဒါ​ကြောင့်​​နောက်​မကျခင်​သွားမှဖြစ်​မယ်​ အဆင်​​ပြေမှာပါဟုတ်​ပြီလား...'

Special [KaiHun ]Where stories live. Discover now