Special 28

2.5K 337 56
                                    

#KaiHun

*ကျွန်​​တော်​အစ်​ကို့ရဲ့ဆိုင်​​ရှေ့မှာ လာ​ခေါ်...*

ဆိုင်​ရဲ့ဟင်းလျာအသစ်​အတွက်​ ပ​ရောဂျက်​ထဲကဟင်းလျာ​တွေကိုစစ်​ကြည့်​​နေတုန်း တင်​ခနဲဝင်​လာသည့်​စာ​ကြောင့်
JongIn ရုံးခန်းထဲက​နေအမြန်​ထပြီး ဆိုင်​​ရှေ့ကို​ပြေးသွားလိုက်​မိသည်​။ဆိုင်​​ရှေ့မှာမတ်​တပ်​ရပ်​ပြီး ဟိုကြည့်
ဒီကြည့်​လုပ်​​နေသည့်​​ကောင်​​လေး။အနားထိ​လျှောက်​သွားလိုက်​ပြီး လက်​​လေးကိုဆွဲ​ခေါ်လာ​တော့ JongIn ရဲ့လက်​ကိုပြန်​ဆုပ်​ကိုင်​လာပြီးလိုက်​လာသည်​။

ဆိုင်​ရဲ့တံခါးဝက​နေ JongIn ရဲ့ရုံးခန်းကိုသွားသည့်​လမ်း
သပ်​သပ်​ရှိသည်​မို့ အဲ့သည်​လမ်းက​နေ​ကောင်​​လေးကို​ခေါ်လာလိုက်​သည်​။အခုတ​လော JongIn ရဲ့ဆိုင်​မှာနဂိုထက်​လူစည်​​နေသည်​။အ​ကြောင်းက​တော့ ကိုကို့ရဲ့
မင်္ဂလာပွဲမှာမိဘ​တွေက JongIn ကိုပါသားအငယ်​အဖြစ်
မိတ်​ဆက်​​ပေးထားတာမို့ တချို့​သော Kim မိသားစုရဲ့
ချွေးမဖြစ်​ချင်​သူမိန်းက​လေးတချို့ကဆိုင်​ကိုခဏခဏလာကြသလို။တချို့ကအ​မေ​တွေကိုယ်​တိုင်​ကသမီး​တွေကို​ခေါ်ပြီးလာကြသည်​။JongIn ကဆိုင်​ကို​ရောက်​ရင်​ရုံးခန်းနဲ့မီးဖို​ဆောင်​မှာပဲ
အ​နေများ​ပေမဲ့ JongIn ဆိုင်​အတွင်းဘက်​ကိုဝင်​လိုက်​တာနဲ့ အသည်းအသန်​လာနှုတ်​ဆက်​ကြသည်​။

ယခုလည်းတချို့သူ​ဋ္ဌေးသမီး​တွေ​ရောက်​​နေကြအုံးမှာမို့
ကောင်​​လေးကိုတခြားလမ်းက​နေရုံးခန်းကို​ခေါ်လာရခြင်း။
အချိန်​မတန်​​​သေးဘဲ အသိုင်းအဝိုင်းမှာ​ကောင်​​လေးနဲ့သူ့အ​ကြောင်းအသိမ​ပေး​စေချင်​​သေးသလို ​ကောင်​​လေးနဲ့သူ့အကြားမှာ အ​နှောင့်​အယှက်​များမဝင်​​စေလိုပါ။

ကျောင်းပိတ်​တုန်း​လေးမှာဆိုင်​တိုးချဲ့ဖို့ပါ JongIn
ကြံစည်​​နေသည်​မို့ အခုလို​ကောင်​​လေးကသူ့ဆိုင်​အထိ​ရောက်​လာ​ပေးခြင်းအ​ပေါ်သိပ်​​ပျော်​မိသည်​။ကောင်​​လေးကိုလွမ်း​နေရတာနဲ့အခုလို လာ​ပေး​တော့အလွမ်း​ပြေရသလို
ပင်​ပန်းသမျှအ​မော​ပြေရသည်​။ကောင်​​လေးကိုဆိုဖာခုံ​ပေါ်ထိုင်​​စေပြီး စားပွဲ​ပေါ်ကခလုတ်​တစ်​ခုကိုနှိပ်​ကာ
ကောင်​​လေးအတွက်​အစားအ​သောက်​​တွေမှာ​ပေးလိုက်​ပြီးမှ
ကောင်​​လေး​ဘေးမှာဝင်​ထိုင်​လိုက်​ရသည်​။ကောင်​​လေးကို
ညကြီးမိုးချုပ်​သွား​ချော့ခဲ့သည့်​ညက သူတို့နှစ်​​ယောက်​​တွေ့ရသည့်​​နောက်​ဆုံးအကြိမ်​ဖြစ်​ပြီး သူ​ကောင်​​လေးကို
အရမ်းသွား​တွေ့​နေချင်​ခဲ့​ပေမဲ့ ​ကောင်​​လေးဘက်​ကအဆင်​မ​ပြေသည်​မို့မသွားရခြင်း။ယခု​တော့​ကောင်​​လေးကသူ့ဆီ
ရောက်​လာ​ပေပြီ။

Special [KaiHun ]Where stories live. Discover now