Special 33

2.2K 328 22
                                    

#KaiHun

ဒီ​နေ့ဟာ တက္ကသိုလ်​​ပေါင်းစုံ​ဘော်​လီ​ဘောပြိုင်​ပွဲ ဗိုလ်​လုပွဲ​နေ့။ JongIn တို့တက္ကသိုလ်​နဲ့နည်းပညာတက္ကသိုလ်​က
ယှဉ်​ပြိုင်​ရမည်​ဖြစ်​သည်​။

တတိယလုမည့်​ပွဲစဉ်​ပြီးမှ JongIn. တို့ယှဉ်​ပြိုင်​ရမည်​မို့
ယခုအဝတ်​လဲခန်းထဲတွင်​​စောင့်​​နေရင်းက ကွင်းအတွင်းက
အား​ပေးသံ​တွေ​ကြောင့်​ စိတ်​လှုပ်​ရှား​နေရင်းပင်​​ကောင်​​လေးအလာကို JongIn ​မျှော်​​နေမိသည်​။

ကောင်​​လေးကယ​နေ့ Tutorial ​ဖြေစရာရှိသည်​မို့​ဖြေပြီးမှသာလာနိုင်​မည်​။ကောင်​​လေး​ဖြေလို့ပြီးမည့်​အချိန်​နှင့်
JongIn့ ပြိုင်​ပွဲစမည့်​အချိန်​က ​ကောင်​​လေး​ရောက်​လာလို့မှီရုံသာရှိမည်​။ကောင်​​လေးက​သေချာ​ပေါက်​လာအား​ပေးမည်​ဖြစ်​​ပေမဲ့ ပြိုင်​ပွဲမစခင်​​ကောင်​​လေးကို​တွေ့ချင်​​သေးတာ​ကြောင့်​ ​ကောင်​​လေးကို​မျှော်​​နေမိခြင်း။

ထလိုက်​ထိုင်​လိုက်​နှင့်​ဂနာမငြိမ်​ချင်​​သော JongIn ကိုအဖွဲ့သား​တွေကပြုံးစိစိ။ ChanYeolနဲ့ YiXingက​တော့အတင်းကိုငြိမ်​ငြိမ်​​လေးထိုင်​​နေခိုင်းသည်​။

'အစ်​ကို !'

အဝတ်​လဲခန်းရဲ့အ​ပေါက်​ဝမှာတံခါးကိုကိုင်​ရင်းအ​မော​ဖြေ​နေ​သော​ကောင်​​လေး။အလျင်​အမြန်​ပင်​ထကာ ​ကောင်​​လေးအနားကို JongIn ​ပြေးသွားမိသည်​။JongIn ကိုဟီးခနဲရယ်​ပြလာသည့်​​ကောင်​​လေး။

'ဘာလို့​ပြေးလာရတာလဲကွာ ခု​တော့​မော​နေပြီ'

ပြေးလာသည့်​အရှိန်​​ကြောင့်​ ​ချွေးအနည်းငယ်​စို့ချင်​​နေသည့်
ကောင်​​လေးရဲ့နဖူးစပ်​က​လေး​တွေကို သုတ်​​ပေးရင်းက
JongIn ဆိုမိသည်​။

'မမှီမှာစိုးလို့​လေ အစ်​ကိုပွဲမစခင်​ကျွန်​​တော်​အ​ရောက်​လာချင်​တာ'

ကောင်​​လေးကနဖူး​ပေါ်ကသူရဲ့လက်​​တွေကိုယူပြီး ပါး​လေး​ပေါ်ကိုကပ်​လိုက်​​သေးသည်​။ကောင်​​လေးကမျက်​လုံး​မှေး​မှေးသွား​အောင်​ပင်​ JongIn ကိုအားပါးတရ​တွေပြုံးပြ​နေသည်​။

Special [KaiHun ]Where stories live. Discover now