Special 19

2.4K 274 18
                                    

#KaiHun

နေ့လည်​စာထမင်းသွားစားပြီး​နောက်​ JongIn ​ကောင်​​လေးနဲ့အတူစာလုပ်​ဖြစ်​သည်​။နောက်​အပတ်​ဆို
Practical Exam ​တွေ​ဖြေရမှာမို့ ​ကောင်​​လေးကိုလည်း​ချော့​မော့ပြီးစာကြည့်​ခိုင်းထားရသည်​။စားပွဲတစ်​ခုမှာတူတူ
ထိုင်​ရင်း JongIn ကိုယ်​တိုင်​လည်းစာကြည့်​။ကောင်​​လေးကိုလည်းနားမလည်​တာ​တွေရှင်းပြနဲ့ ​လေးနာရီထိုးသွားခဲ့သည်​။ ​ကောင်​​လေးကစာကျက်​ပျင်း​ပေမဲ့
ချော့​မော့ပြီးခိုင်းရင်​​တော့​ကောင်း​ကောင်းလုပ်​တတ်​သည်​။

စာလုပ်​တာကြာပြီမို့ ​ကောင်​​လေးကိုနားဖို့​ပြောလိုက်​ပြီး
JongIn စာအုပ်​​တွေသိမ်း​နေလိုက်​သည်​။ခဏ​နေ​ရေချိုးမယ်​။ပြီးရင်​အပြင်​ထွက်​ပြီး​စော​စောညစာစားရမယ်​။
မနက်​ဖြန်​​တော့ training ရှိတာမို့ဒီည​စော​စောအနားယူဖို့ JongIn ​တွေးထားသည်​။

'စီနီယာ...'

စာအုပ်​​တွေစာရွက်​​တွေကိုပြန်​စီ​နေရင်းကိုယ့်​အ​တွေးနဲ့ကိုယ်​အဆင်​​ပြေ​နေချိန်​​ကောင်​​လေးဆီက မဝံ့မရဲနဲ့​ခေါ်သံတိုးတိုး။
ကောင်​​လေးကိုတစ်​ချက်​ကြည့်​​တော့ မျက်​လုံး​လေး​တွေက
ဂနာမငြိမ်​၊စားပွဲ​ပေါ်တင်​ထားတဲ့လက်​နှစ်​ဖက်​ကိုအချင်းချင်း
ချေ​နေသည်​။တစ်​ခုခု​ပြောချင်​​နေသလားလို့ထင်​မိတာမို့ သူ့ကိုကြည့်​​နေတဲ့​ကောင်​​လေးကို JongIn ​မေးဆတ်​ပြလိုက်​မိတယ်​။

'ကျွန်​​တော်​တစ်​ခု​မေးစရာရှိလို့..'

'​မေး​လေ ​နေ့လည်​ကလာသွားတဲ့လူအ​ကြောင်း​မေးမလို့မဟုတ်​လား..အဲ့ဒါကိုယ့်​ရဲ့ကိုကို​လေ..'

'အာ....'

JongIn ​ကောင်​​လေးရဲ့​မေးခွန်းကိုသိ​နေတာမို့
ချက်​ချင်းပင်​​ပြောချလိုက်​​တော့​ကောင်​​လေးကနှုတ်​ခမ်း​လေး
ဝိုင်းခနဲဖြစ်​သွားပြီး ​ခေါင်းတငြိမ့်​ငြိမ့်​လုပ်​​ပေမဲ့သိပ်​မအံ့သြသလိုပင်​။

'ကိုယ်​ကအဆက်​အသွယ်​မလုပ်​တာကြာ​နေလို့တဲ့
အဆင်​​ပြေရဲ့လား လာကြည့်​တာ..'

စာရွက်​၊စာအုပ်​​တွေအကုန်​သိမ်းအပြီး JongIn ​ရေ​သောက်​ဖို့​ရေထယူပြီးတစ်​ဆက်​တည်း​ကောင်​​လေးကိုလည်းတ​ဖြေး​ဖြေး​ပြောပြ​နေမိသည်​။ဖန်​ခွက်​ထဲကို​ရေငှဲ့ထည့်​လိုက်​ပြီး
ကောင်​​လေး​ရှေ့ကိုချ​ပေးလိုက်​​တော့ ​ကောင်​​လေးကတစ်​ကျိုက်​တည်း​မော့​သောက်​သည်​။ရေထ​သောက်​ရမှာ​တောင်​ပျင်းတဲ့​ကောင်​​လေး။

Special [KaiHun ]Where stories live. Discover now