Special 27

2.4K 310 25
                                    

Special 27

#KaiHun

ကောင်​​လေးနဲ့ခွဲ​နေရတာဒီ​နေ့က၆ရက်​​မြောက်​​နေ့ဖြစ်​သည်​။ဒီ​နေ့သူ့ကိုကိုရဲ့မင်္ဂလာ​ပွဲကိုသွားရမည်​။မိဘအိမ်​မှာခဏပြန်​​နေသည်​မှာသုံးရက်​ရှိပြီ။မေ​မေနဲ့​တော့ထင်​ထားတာထက်​ဆက်​ဆံ​ရေးအဆင်​​ပြေ​နေ​ပေမဲ့ ​ဖေ​ဖေ့ကို​တော့အရိပ်​​တောင်​မမြင်​ရသလို ကိုကို့ရဲ့မင်္ဂလာပွဲမှ
ပြန်​လာမည်​ဟုသာသိရသည်​။
သံအမတ်​ဆို​တော့ပြန်​လာလို့အဆင်​မ​ပြေလှတာသိ​ပေမဲ့ JongIn
ငယ်​ငယ်​တည်းက​ဖေ​ဖေကအလုပ်​ကိုသာဦးစား​ပေးလွန်းသည်​။

မိဘအိမ်​မှာကုန်​ဆုံးသည့်​သုံးရက်​လုံး မရီး​တော်​ရမဲ့သူနဲ့​တွေ့ခဲ့ရပြီး
စကား​တွေလည်း​ပြောဖြစ်​ခဲ့သည်​။မရီး​တော်​ရမည့်​အမက မိဘ​တွေမှ
မ​ပေးစားလျှင်​တစ်​သက်​လုံးအိမ်​​ထောင်​ကျမည့်​သူမဟုတ်​သလို
ကိုကို့ရဲ့အ​ကြောင်း​တွေ​တော်​​တော်​များများလည်းသိထားသည်​။
ကိုကိုနဲ့မရီးက တစ်​​ယောက်​အ​ကြောင်းတစ်​​ယောက်​ပွင့်​ပွင့်​လင်းလင်း
ဖွင့်​​ပြောထားကြသလိုနားလည်​မှု​ပေးနိုင်​ကြသည့်​လူ​တွေမို့ ကိုကို့
အိမ်​​ထောင်​​ရေးအတွက်​​တော့ JongInအနည်းငယ်​စိတ်​​အေးရပါသည်​။

ကောင်​​လေး အိမ်​ပြန်​သွားသည့်​​နေ့တည်းက JongIn အိမ်​ပြန်​လာခဲ့ပြီး JunMyeon Hyung နဲ့လွှဲခဲ့ကာပစ်​ထားခဲ့သည့်​ဆိုင်​ကို
လည်းပြန်​စစ်​​ဆေး​နေရသည်​မို့ ​ကောင်​​လေးနဲ့ဖုန်းသာ​ပြောရပြီး
သွားမ​တွေ့ခဲ့ရ။မိဘအိမ်​ပြန်​​ရောက်​​တော့လည်း ​မေ​မေကတစ်​ချိန်​လုံး
ချစ်​သူရှိပြီလား​မေးလိုက်​၊ အိမ်​​ထောင်​ဖက်​​တွေ့ခိုင်းလိုက်​နဲ့ပတ်​​ရှောင်​​နေ
ရသည်​မို့ အခန်းထဲကအခန်းပြင်​သိပ်​မထွက်​မိ။ထွက်​တာနဲ့စစ်​​မေး​တော့မှာမို့ ဒီအချိန်​က​ကောင်​​လေးအ​ကြောင်းဖွင့်​​ပြောဖို့မသင့်​​သေးဘူးဟု
JongIn ထင်​သည်​။ကြားထဲ​မေ​မေကအတင်း​ခေါ်သွားလို့ ကုန်​တိုက်​ထိပါသွားပြီး ​မေ​မေ့သူငယ်​ချင်းသမီးနဲ့စကား​ပြောခဲ့ရ​သေးသည်​။
ကောင်​မ​လေးဘက်​က​ရေလာ​မြောင်း​ပေး လမ်း​ကြောင်း​ဖောက်​​ပေမဲ့
JongIn မှာအားလည်းမနာနိုင်​ စိတ်​မဝင်​စားပါဘူးတစ်​ခွန်း​ပြောခဲ့ပြီး
မေ​မေ့ကိုပင်​ပြန်​မ​ခေါ်​တော့ဘဲအိမ်​ပြန်​လာခဲ့လိုက်​ရသည်​။
ဒရိုင်​ဘာကိုလှမ်း​ခေါ်ပြီးပြန်​လာသည့်​​မေ​မေက JongIn ကို
လက်​​လျော့သွားခဲ့သည့်​ပုံပါ။မ​နေ့ညကစပြီး​ကောင်​​လေးကိုဆက်​သွယ်
လို့မရ​တော့။ဖုန်းဆက်​​တော့လည်းမကို်​င်​​တော့သလို စာပို့​တော့လည်းပြန်​မပို့​တော့ပါ။

Special [KaiHun ]Where stories live. Discover now