Special 16

3.6K 382 66
                                    

#KaiHun

နောက်​တစ်​ပတ်​ကိုအားကစားပြိုင်​ပွဲ​တွေစ​တော့မှာမို့
JongIn တို့အပြင်းအထန်​​လေ့ကျင့်​ရသည်​။လူသစ်​​လေး​တွေကလည်း​တော်​တာမို့ JongIn တို့နည်းပြဆရာကအ​ကောင်းဆုံး​မျှော်​လင့်​ထား​လေရဲ့။တော်​တဲ့လူသစ်​​တွေထဲမှာ
ကောင်​​လေးကလည်းအပါအဝင်​မို့ နည်းပြကအ​စောဆုံးပွဲမှာတင်​​ကောင်​​လေးကို ​ဆော့ခိုင်းမည့်​ပုံပင်​။ JongInမှာသူ့ကိုယ်​သူထက်​​ကောင်​​လေးကိုပိုဂရုစိုက်​​နေရသည်​။ ​ကောင်​​လေးရဲ့အ​တွေးထဲမှာ​ကြောက်​လန့်​ခြင်းမရှိရ​လေ​အောင်​ သူ့ရဲ့အ​တွေ့အကြုံ​တွေကို​ပြောပြ​ပေးလိုက်​၊
ဆော့နည်း​တွေ​ပြောပြလိုက်​နှင့်​ ​ကောင်​​လေးကလည်းစိတ်​ဝင်​တစားနား​ထောင်​​ပေးသည်​။ကောင်​​လေးကစာသိပ်​မလုပ်​ချင်​တာမို့ ညဘက်​​တွေလည်းစာကူလုပ်​​ပေးရတဲ့ JongIn ပါပဲ။
တချို့နားမလည်​တဲ့စာ​တွေရှင်းပြ။မှတ်​စုလိုက်​မမှတ်​ထားတဲ့ဘာသာ​တွေကို မှတ်​စုထုတ်​​ပေးရနဲ့ JongIn ကသူကိုယ်​တိုင်​အတွက်​စာလုပ်​ချိန်​နည်း​နေတာမို့ အတန်းပျက်​ချင်​တာ​တောင်​မပျက်​ရ​ပေ။အတန်းမတက်​ချင်​​ပေမဲ့လည်းအတန်းထဲမှာသွားထိုင်​​နေခြင်းက လုံးလုံးမသိတာထက်​စာရင်​နည်းနည်း​တော့နားဝင်​သွား​သေးတယ်​မလား။

နေ့ဘက်​ဆို Volleyball ​လေ့ကျင့်​ရ၊အတန်းတက်​ရ၊
Practical Exam ​တွေလည်းနီးလာပြီမို့ Practical ကလည်းပျက်​လို့မဖြစ်​ဘဲ​သေချာလိုက်​ကြည့်​ရ။ညဘက်​ကျ​တော့လည်း ကိုယ်​ပိုင်​စာကြည့်​ချိန်​ကို​ကောင်​​လေးအတွက်​ဖဲ့​ပေးရနဲ့ JongIn မှာအိပ်​ချိန်​တစ်​ချိန်​သာနားရသည်​။

ကောင်​​လေးကစာကျက်​ပျင်းသည်​။ဒါ​ပေမဲ့ JongIn ​ပြောရင်​​တော့နား​ထောင်​သား။တခါတ​လေ ​ကောင်​​လေးကသူစာရ​အောင်​လည်း JongIn ကလုပ်​​ပေးရ​သေးသည်​၊အမြတ်​ကလည်းထုတ်​ချင်​​သေး။တချို့​နေ့​တွေဆို
စီနီယာကနမ်းမှစာကျက်​မယ်​တို့။ဂိမ်းတစ်​ပွဲ​ဆော့ပြီးမှကျက်​မယ်​တို့။စီနီယာ့ရဲ့ရင်​ခွင်​ထဲမှာမှီပြီစာဖတ်​မယ်​တို့။
ဆန္ဒများစွာနဲ့။ကောင်​​လေးကိုစာရ​စေချင်​တဲ့ JongIn က
လိုက်​​လျောရတာ​ပေါ့။စဉ်းစားကြည့်​ရင်​ JongIn လည်းအရှူံးရှိတာမှမဟုတ်​တာ။ကောင်​​လေးကိုချစ်​လွန်းလို့သာ
မထိရက်​မကိုင်​ရက်​ဖြစ်​​နေရတာ။
ကောင်​​လေးကဒီအတိုင်းထိုင်​​နေရင်​​တောင်​အသဲတယားယားနဲ့ဖျစ်​ညစ်​ကာဖက်​ပစ်​ချင်​စိတ်​၊တမွမွနမ်းချင်​စိတ်​ကိုထိန်းချုပ်​ထားရတာ JongIn ကိုယ်​တိုင်​ပဲ​လေ။

Special [KaiHun ]Where stories live. Discover now