Special 8

3.8K 445 27
                                    


Special 8

ဒီ​နေ့​တော့အ​ဆောင်​ကိုတစ်​​ယောက်​တည်းမပြန်​ချင်​တာမို့
Practical ဝင်​​နေရတဲ့​ကောင်​​လေးကိုသွား​စောင့်​ပြီး
ူတူတူပြန်​ဖို့​တွေးထားလိုက်​သည်​။ Laboratory ​ရှေ့
ရောက်​​တော့​ကောင်​​လေးတို့အတန်းချိန်​မပြီး​သေးတာမို့
လွယ်​အိတ်​ထဲမှာပါတဲ့စာအုပ်​ကိုထုတ်​ကာဖတ်​​နေလိုက်​သည်​။
ခဏကြာ​တော့ဂျူနီယာ​လေး​တွေအတန်းဆင်းလာကြတာမို့
စာအုပ်​ကိုလွယ်​အိတ်​ထဲပြန်​ထည့်​ပြီး​ကောင်​​လေးကို​ကျောင်းသား​တွေထဲမျက်​လုံး​ဝေ့ကာရှာမိသည်​။ Lab Coat ​လေးဝတ်​ထားတဲ့​ကောင်​​လေးကလွယ်​အိတ်​​လေးကိုပိုက်​လို့
သူငယ်​ချင်းဖြစ်​သူနဲ့စကား​တွေ​ပြောရင်းထွက်​လာ​လေရဲ့။
သူငယ်​ချင်းနဲ့စကား​ပြော​နေရင်းကောင်​​လေးကJongIn
ကိုမြင်​​တော့မျက်​​မှေး​လေး​တွေမှိတ်​သွား​အောင်​ရီပြပြီး
သူ့ဆီ​လျှောက်​လာသည်​။ကောင်​​လေးရဲ့သူငယ်​ချင်းက​တော့
JongIn ကိုပါနှုတ်​ဆက်​ပြီးအရင်​ထွက်​သွား​လေရဲ့။

'ထူးထူးဆန်းဆန်း ကျွန်​​တော့်​ကိုလာ​စောင့်​တာလား..'

'မဟုတ်​ဘူး..ကိုယ့်​ရဲ့ဂြိုလ်​သား​လေးကိုလာကြိုတာ'

'ဂြိုလ်​သား..ကျွန်​​တော်​လား'

သူ့ကိုယ်​သူလက်​ညိုးထိုးပြီး​မေးလာတဲ့​ကောင်​​လေးရဲ့​ခေါင်းကိုအသာ​လေးပုတ်​မိသွားသည်​။မေးပုံ​လေးကချစ်​ဖို့​ကောင်းလို့။

'ဘယ်သူရှိရအုံးမှာလဲ.မင်းပဲ​ပေါ့...'

'စီနီယာကလည်း..ကျွန်​​တော်​ကရုပ်​​ချောပါတယ်​.ဂြိုလ်​သား​တွေကရုပ်​ဆိုးတာကို...'

ကောင်​​လေးကမျက်​နှာ​လေးဆူဆူပုတ်​ပုတ်​​လေးနဲ့တန်​ပြန်​​ပြောလာသည့်​ပုံ​လေးက JongIn မျက်​လုံးထဲမြတ်​နိုး​မဝချင်​စရာ။

'ဒါ​ပေမဲ့လည်းစီနီယာကသီးသန့်​​ပေးထားတာဆို​တော့
သ​ဘောကျပါတယ်​...ကျွန့်​​တော့်​ကိုဂြိုလ်​သား​လေး..ဆိုပြီး
ခေါ်တာစီနီယာပထမဆုံးပဲ'

Special [KaiHun ]Where stories live. Discover now