Special 36

1.8K 273 35
                                    

#KaiHun

Kim မိသားစုရဲ့အိမ်​​တော်​၊ဧည့်​ခန်းအတွင်းမှာ မိသားစု​တွေစုံလင်​​နေ​ပေမဲ့ တိတ်​ဆိတ်​​နေပါရဲ့။JongIn က​တော့ခံစားချက်​မရှိသည့်​သူတစ်​​ယောက်​လို၊ဘာကိုမှ ဂရုမထားသည့်​သူတစ်​​ယောက်​လို ခပ်​တည်​တည်​သာထိုင်​​နေသည်​။အ​မေဖြစ်​သူက​တော့ သားအငယ်​ရဲ့ဆန္ဒကို
ယောက်ျားဖြစ်​သူ သ​ဘောမတူမည်​ကိုစိုးရိမ်​​နေသည့်​ဟန်​။

အစ်​ကိုဖြစ်​သူက​တော့ ညီဖြစ်​သူကိုယုံကြည်​ဟန်​ ဘာကိုမှမဆို။မရီးဖြစ်​သူကလည်း ​အေး​ဆေးသူပင်​။
အ​ဖေဖြစ်​သူ သံအမတ်​ကြီး KimWonLi က​တော့သားအငယ်​ဖြစ်​သူကို
စိုက်​ကြည့်​လျက်​။

'အဲ့ဒီ​ကောင်​​လေးမှဖြစ်​မှာလား..´

'ဟုတ်​ကဲ့...တကယ်​လို့​ဖေ​ဖေသ​ဘောမတူရင်​လည်းသားလက်​မ​လျော့ပါဘူး..´

JongIn ရဲ့​ဖေ​ဖေကသားဖြစ်​သူရဲ့ တိတိကျကျ​ဖြေသံကိုကြားပြီးသက်​ပြင်းချသည်​။ သားအကြီးတုန်းကလည်း ​ယောက်ျား​လေးတစ်​​ယောက်​ကိုချစ်​မိသည်​။ယခုသားအငယ်​ကလည်း ​ယောက်ျား​လေးတစ်​​ယောက်​ကိုမှလက်​ထပ်​​ပါမည်​တဲ့။ လူကြီးတစ်​​ယောက်​အ​နေနဲ့သံအမတ်​တစ်​​ယောက်​၊ပြီး​တော့အသိုင်းအဝိုင်းကြီးသည်​မို့ လက်​မခံနိုင်​ပါ။

သို့​ပေမဲ့ သားအကြီးကငယ်​စဉ်​ကတည်းကမိဘ​တွေကဒါကို
လုပ်​ပါဆိုလျှင်​မငြင်းပယ်​သူ။သားငယ်​က​တော့ ဇွတ်​တရွတ်​ဆန်​သည်​။ကိုယ့်​လက်​၊ကိုယ့်​​ခြေ၊ကိုယ့်​အ​တွေးအ​ခေါ်၊ကိုယ့်​ဆုံးဖြတ်​ချက်​နဲ့ကြီးပြင်းလာသူမို့ မိသားစုနှင့်​သိပ်​အဆင်​မ​ပြေသူ။ဒါ​ကြောင့်​ သူ့ရဲ့အဘွားဆီမှာသာအ​နေများသည့်​သားအငယ်​။သားငယ်​က အ​ဖေကသူ့ကိုမချစ်​ဘူးဟုထင်​သူ။
ဂရုမစိုက်​သူဟုထင်​သူ။ သားကြီးကိုလိုချင်​သည့်​ပုံစံအတိုင်း
ပုံသွင်းလွယ်​ခဲ့​ပေမဲ့ သားငယ်​ကိုကား ပုံစံသွင်းမရသည့်​​ခေါင်းမာ​သောက​လေးမို့ ခပ်​တန်းတန်း​နေဖြစ်​ခဲ့သည်​ကို သားငယ်​ကစိတ်​နာ​နေပုံပင်​။ဒီလိုနဲ့သားငယ်​ဟာ အ​ဖေနဲ့အ​မေကို
ကန့်​လန့်​တိုက်​ချင်​သလို၊ လုပ်​ချင်​ရာ​တွေလုပ်​​နေခဲ့​ပေမဲ့
လမ်းမှား​တော့မ​ရောက်​ခဲ့သည်​မို့ သားငယ်​အရွယ်​​ရောက်​လာမှသာစိတ်​​အေးရ​တော့သည်​။

Special [KaiHun ]Where stories live. Discover now