B & B

3.3K 178 20
                                    

(Zawgyi)

"ထပ်​ပြီး သူပဲလား"

လေ​အေးနုနုတိုးဝင်​​နေတဲ့ကားထဲ အရွယ်​မ​ရောက်​တ​ရောက်​က​လေးမ​လေးအသံကတိုးဝင်​လာတယ်​။ 
အလုံပိတ်​ပြီး အဲကွန်း​နဲ့အသက်​ရှူရမှာသိပ်​သ​ဘောမကျတဲ့ သူက ကားတံခါးကိုအနည်းငယ်​ဟထား​လေ့ရှိ​တော့ ပြင်​ပအသံ​တွေကအလွယ်​တကူဝင်​လာတတ်တ​ယ်​။ ကားမှန်​ပြန်​တင်​ဖို့ ခလုတ်​​ပေါ်လက်​တင်​လိုက်​တုန်းပဲ အာရုံကတစ်​ဖက်​အ​ဆောက်​အဦးမြင့်​ကြီးရဲ့မျက်​နှာစာက LED screen​ပေါ်​ရောက်​သွားတယ်​။ Screen​ပေါ်မှာ ​ရေ​မွှေး​ကြော်​ငြာတစ်​ခု။
အနီ​ရောင်​ကုတ်​နဲ့အမျိုးသားဟာ အပြုံးတစ်​ခုနဲ့​ရေ​မွှေးရဲ့ဂုဏ်​သတ္တိကိုသရုပ်​​ဖော်​​နေတယ်​။

နှင်းဆီနီ​အမျိုးသား.....

သူ့အနံ့ခံအာရုံထဲ လတ်​လတ်​ဆတ်​ဆတ်​နှင်းဆီနံ့​တောင်တိုး​ဝင်​လာသလိုပဲ။

ကားမှန်​ကိုအပြည့်​တင်​လိုက်​ပြီး ​ရှေ့ခန်းကသူ့အရိပ်​အ​ခြေအကဲခတ်​​နေတဲ့တစ်​​ယောက်​ကို ကြည့်​လိုက်​တယ်​။

"​ရေ​မွှေး​ကြော်​ငြာတဲ့သူ.."

"ဟုတ်​ကဲ့"

"ဘယ်​မှာ​နေလဲ"

"ကျွန်​​တော်​ စုံစမ်းလိုက်​ပါ့မယ်​"

ပြောစရာကုန်​သွား​တော့ ကူရှင်​ကိုခပ်​​လျှော​လျှောမှီလိုက်​​တယ်​။ အခုထိ နှင်းဆီနံ့​ကရစ်​ဝဲ​နေတုန်း။

"အခု ××× က ကွန်​ဒိုမှာ​နေပါတယ်​ အခန်းနံပါတ်​ 808ပါ"

မိနစ်​မဆိုင်းပြန်​လာတဲ့အ​ဖြေ​ကြောင့်​ သူ့ဦး​ဏှောက်​ကခဏ​တော့အလုပ်​ရှုပ်​သွားတယ်​။

"ရဟတ်​က ဘယ်​အချိန်​​ရောက်​မလဲ"

"​နောက်​ ဆယ့်​ငါးမိနစ်​ပါ သခင်​ကြီး"

"အချိန်​ရ​သေးတာပဲ"

"ဟုတ်​ကဲ့"

"808 ကိုသွား သိပ်​မကြာ​စေနဲ့"

"ကျွန်​​တော်​ အမြန်​ဆုံး​ဆောင်​ရွက်​လိုက်​ပါ့မယ်​"

သူအချက်​ပြလိုက်​တာနဲ့ ကားဟာအင်​ဂျင်​သံ​တောင်​မမြည်​​စေရပဲ ​လျှောခနဲလှိမ့်​ထွက်​သွားတယ်​။ သူက​တော့ မူလကအတိုင်း ကားကူရှင်​​ပေါ်မျက်​လုံးမှိတ်​လျက်​သား။ အာရုံထဲ နှင်းဆီနံ့​တွေနဲ့ အပြုံးတစ်​ခုက​နှောင့်​ယှက်​​နေ​တော့ မျက်​​မှောင်​တွန့်​တွေကုတ်​ကျကုန်​တယ်​။

Beauty And The Beast (Hiatus)Where stories live. Discover now