B & B

528 63 31
                                    


(Zawgyi)

ရုတ်တရက် ကျွန်တော် သူ့ကို တွန်းထုတ်လိုက်တယ်။

ရစ်ပတ်ပြီး စုပ်ယူခံလိုက်ရတဲ့ ခံစားချက်ကြီးက ကျွန်တော့်တစ်ကိုယ်လုံးကို နေရခက်အောင် ပူထူနေစေတယ်။

နားတွေတောင်မှ အူလာသလိုပဲ။

အရှိန်ပြင်းပြင်းနဲ့ တွန်းထုတ်လိုက်တာတောင်မှ အနည်းငယ်ပဲ ဝေးကွာသွားတဲ့သူကို ကြောင်ကြည့်နေရာက ကျွန်တော် ဝုန်းခနဲ မတ်တပ်ထလိုက်တယ်။

အဲဒါပြီး အခန်းထဲ ဘယ်လိုရောက်ခဲ့လဲ မသိတော့ဘူး။

တံခါးကို သေချာလော့ခ်ကျအောင် ပိတ်နေတဲ့လက်တွေက တုန်နေလို့ စိတ်တိုတိုနဲ့ တစ်ချက်ရိုက်ချလိုက်တယ်။

အနမ်းခံရရုံနဲ့ ကျွန်တော့်လက်က ဘာဖြစ်နေတာလဲ။

နေဦး ဒါက နမ်းတယ်လို့တောင် ခေါ်လို့ရလို့လား။

ဝါးမြိုလုနီးပါး စုပ်ယူမှုတွေကို ပြန်စဉ်းစားမိတော့ ခေါင်းပဲပြေးတိုက်လိုက်တော့တယ်။

သေချာပေါက် အဲဒါကို ပြန်မတွေးချင်ဘူး။

ကျွန်တော် ကုတင်ဆီလျှောက်လာပြီး ခပ်တွေတွေထိုင်နေတဲ့အထိ ကျွန်တော့်နှုတ်ခမ်းက ငရုတ်ဆီသုတ်ထားသလိုပဲ။ ပူရှိန်းထူပိန်းနေတုန်း။

ကျွန်တော် ထင်တယ်။ အဲဒီလူရဲ့ ကျွန်တော့်အပေါ် သဘောထားကို နည်းနည်းတွေးကြည့်သင့်ပြီ။

သူ ကျွန်တော့်ဆီက ဘာလိုချင်နေတာလဲ။

အရင်လို အလှမွေးယုန်တစ်ကောင်လို သဘောထားနေတာက အကြောင်းမဟုတ်ပေမယ့် အဲ့ထက်ဆိုးဝါးတဲ့အရာတွေတွေးနေရင်တော့ မဟုတ်သေးဘူး။

လတ်တလော ကြုံတွေ့ခဲ့ရတဲ့ ကျွန်တော့်နှုတ်ခမ်းပေါ်က သူ့ဆန္ဒတွေ။ ဒါကိုတောင် သတိမထားမိရင် ကျွန်တော် အရွယ်ရောက်တာ အလကားပဲပေါ့။

ခံစားမိတဲ့ စိတ်ဆန္ဒအငွေ့အသက်တွေက ပြင်းထန်လွန်းလို့ အဲဒီအချိန်က ကျွန်တော့်တစ်ကိုယ်လုံး ကြက်သီးထနေခဲ့တယ်။

နူးညံ့မှုမရှိ ပြင်းပြတဲ့ အနမ်းက မိန်းကလေးတစ်ယောက်ဆီက ရရင်တော့ စိတ်လှုပ်ရှားမိမှာမှန်ပေမယ့် အခုလို ယောက်ျားတစ်ယောက်က နမ်းလာတော့ ကြက်သီးထ ခေါင်းကြီးတာအပြင် ရင်ခုန်တာကလည်း ကြည်နှုးမှုကြောင့်မဟုတ်။

You've reached the end of published parts.

⏰ Last updated: Oct 02, 2020 ⏰

Add this story to your Library to get notified about new parts!

Beauty And The Beast (Hiatus)Where stories live. Discover now