B & B

1.2K 157 18
                                    

(Zawgyi)

မ​နေ့ညက သန်း​ခေါင်​သန်းနွဲတ​ရေးနိုးတဲ့ အကျိုးဆက်​က ​နောက်​​နေ့မနက်​ကိုးနာရီ​လောက်​မှ မျက်​လုံးပွင့်​တာပဲ။

ကျွန်​​တော့်​အကျင့်​က ဒီလိုပဲ။ တ​ရေးတည်းဆက်​တိုက်​အိပ်​​နေရရင်​ ပုံမှန်​ခုနှစ်​နာရီ​လောက်​နိုးပြီး ညကြီးသန်း​ခေါင်​တ​ရေးနိုးရင်​​တော့ ​နောက်​​နေ့မနက်​ ​နေဖင်​ထိုးမှထနိုင်​​တော့တာပဲ။

ကိုးနာရီ​ကျော်​​နေ​ပေမယ့်​ ကျွန်​​တော်​အိပ်​ရာထဲမှာပဲ လှိမ့်​​နေမိ​သေးတယ်​။
ဒီအချိန်​​တောင်​​ရောက်​​နေမှ​တော့ မနက်​စာလည်းလွှတ်​ပြီ။ တစ်​ခု​​တော့​ကောင်းတာ​ပေါ့။ ကျွန်​​တော်​ ဟိုလူကြီးနဲ့မနက်​စာ စားစရာမလို​တော့ဘူး။

!!!

ဟိုလူကြီးဆိုမှ မ​နေ့ညကအဖြစ်​အပျက်​က​ခေါင်းထဲဝင်​လာတယ်​။

မဟုတ်​ဘူးမို့လား။ အိမ်​မက်​မက်​တာဖြစ်​မှာပါ။

ကျွန်​​တော်​ အိပ်​ရာထဲက​နေ​ငေါက်​ခနဲထပြီး ​ရေချိုးခန်းထဲ​ပြေးဝင်​လာခဲ့တယ်​။
ပြီး​တော့ သွားတိုက်​တံရဲ့ဘရက်​ရှ်​​ပေါ် သွားတိုက်​​ဆေးအကြီးကြီးညစ်​ချပြီး သွား​တွေကိုခပ်​နာနာဖိတိုက်​လိုက်​တယ်​။

ထိသွားတာက နှုတ်​ခမ်းဆို​ပေမယ့်​ သွား​ရောခံတွင်းပါ အကုန်​လုံး​နေရာလပ်​မကျန်​​အောင်​ ပွတ်​တိုက်​​နေမိတယ်​။

တောက်​! ဒါ ငါ့အနမ်းဦးကွ

မဟုတ်​​သေးဘူး

သူက ​လေမှုတ်​သွင်း​ပေးတာ နမ်းတယ်​လို့​ခေါ်လို့မရဘူး

ဟုတ်​တယ်​ မင်းရဲ့ပထမဆုံးအနမ်းက အ​ကောင်းအတိုင်းကျန်​​နေ​သေးတယ်

ဒါ​ပေမယ့်

ငါ့နှုတ်​ခမ်း​(╥﹏╥)

ကျွန်​​တော့်​​ရှေ့ကမှန်​ထဲမှာ ရှိ​နေတဲ့ကျွန်​​တော်​ဟာ သွားတိုက်​တံ​လေးတန်းလန်းနဲ့။

ဝမ်းနည်းပက်​လက်​က​လေး ಥ_ಥ

×××××××××××××××××

ဒီ​နေ့တစ်​​နေ့လုံး ကျွန်​​တော်​အခန်းထဲမှာပဲ​အောင်း​နေဖြစ်​တယ်​။ အရင်​လို TV channelတစ်​ခုပြီးတစ်​ခု​ပြောင်းကြည့်ေ​နတာမဟုတ်​ဘူး။

Beauty And The Beast (Hiatus)Where stories live. Discover now