(Zawgyi)
ခါးမှာရစ်ထားတဲ့လက်ကိုမဖြုတ်ပဲ ကျွန်တော့်ကို စံအိမ်ရဲ့အနောက်ခပ်ဝေးဝေးက မြင်းဇောင်းဆီခေါ်သွားတယ်။
အိမ်နောက်သွားလေ့မရှိတော့ ဒီနေရာမှာမြင်းဇောင်းရှိမှန်းတောင် မသိခဲ့ဘူး။
ဒါပေမယ့် မြင်းဇောင်းထဲကမြင့်မြင့်ချောချောမြင်းညိုကြီးတွေကို တွေ့လိုက်တော့ ခုနကပူးပူးကပ်ကပ်လမ်းလျှောက်ရလို့အနေခက်နေတာတွေမေ့ပြီး မြင်းဇောင်းနားကပ်သွားမိတယ်။
မြင်းတွေကတကယ်လှတယ်။ မျိုးသန့်ကြီးတွေ။ အရေအတွက်က တစ်ဆယ်ကျော်ရှိမယ်။
ဝါး!! ဒီလူတော်တော်ချမ်းသာတာပဲ
္ပမြင်းဇောင်းနားရပ်ပြီး မြင်းတွေလိုက်ငမ်းနေတုန်း သူကအစွန်ဆုံးက ထောင်ထောင်မောင်းမောင်းမြင်းညိုကြီးဆီဆွဲခေါ်သွားတယ်။ ပြီးတော့ ကျွန်တော့်လက်ထဲမြင်းစာတစ်ဆုပ်ထည့်ပေးပြီး
"ကျွေးလိုက်"
ဒါ သူ့မြင်းလား!
ကျွန်တော် စိတ်လှုပ်ရှားစွာနဲ့ မြင်းရဲ့ပါးစပ်နားလက်ကိုဖြန့်ပြီးတိုးပေးလိုက်တယ်။ အစာကိုတမြုံ့မြုံ့ဝါးနေတဲ့မြင်းညိုကြီးက ကျွန်တော့်လက်ထဲကမြင်းစာကိုအသာတကြည်ပဲ ယူစားတယ်။ ပြီးတော့ မျက်နှာနားတိုးလာပြီး တရှုံ့ရှုံ့လုပ်နေရော။
"သူ မင်းကိုသဘောကျတယ်"
အနောက်ကထွက်လာတဲ့ အသံဩရှရှကြောင့်ကျွန်တော်ပျော်သွားတယ်။ ပိုင်ရှင်ရှိတဲ့မြင်းတစ်ကောင်နဲ့ တွေ့တွေ့ချင်းခင်မင်ဖို့ဆိုတာ မလွယ်ဘူးလေ။
ကျွန်တော်မြင်းစာထပ်ကျွေးနေတုန်း အတွင်းရေးမှူးနဲ့လူတစ်ယောက်အနားရောက်လာတယ်။
"အကုန်အဆင်သင့်ဖြစ်ပါပြီ သခင်ကြီး"
"မြင်းထုတ်လိုက်တော့"