Part32

1K 88 3
                                    

"Baek​လေးနဲ့Chanyeol...."

"ဗျာ....."

ထမင်းစားပွဲတွင်​ထိုင်​နေကြစဉ်​Suho hyung၏
​ခေါ်သံ​ကြောင့်​နှစ်​ယောက်​သား
ပုစွန်​ထုပ်​ပန်းကန်​ကို အကြည့်​ချင်းပြိုင်​အနိုင်​လု​နေရာမှ
Hyungဆီသို့အကြည့်​ပို့ကာ ပြန်​ထူးလိုက်​လေသည်​..

"မင်းတို့နှစ်​ကောင်​တွဲ​နေတာလည်းကြာပြီ
တစ်​အိမ်​ထဲလည်းအတူ​နေကြတာဆို​တော့
​ယောက်ျား​လေး ဘာမှမဖြစ်​ဘူးဆို​ပေမဲ့
​ဘေးပတ်​ဝန်းကျင်​ကရှိ​သေးတယ်​လေ...."

​လေး​လေးနက်​နက်​ဖြင့်​ပြော​နေ​သော
Hyung​ကြောင့်​အာရုံတစိုက်​နား​ထောင်​ကာ
​ခေါင်းငြိမ့်​ပြလိုက်​ကြ​လေသည်​........

"မင်းတို့နှစ်​ယောက်​လက်​ထပ်​ကြ​တော့...."

ရုတ်​တရက်​ထ​ပြောလာ​သော Hyung​ကြောင့်​
အ​ပျော်​လွန်​သွားကာ

"ဗျာ.....Jinja...."

"ဘာလဲ မယူချင်​ကြ​သေးဘူးလား...."

"ဟာ....အဲ့လိုမဟုတ်​ဘူး....ယူမယ်​လေ​နော်​...
ဘယ်​နေ့မိဘ​တွေ​ခေါ်​ပေးရမလဲ
ဒီ​နေ့လား..."

ကိုယ်​က​ပျော်​ရွှင်​နေသ​လောက်​
ကိုယ့်​Babyက​တော့...

"Hyung ကျွန်​တော်​ငယ်​သေးတယ်​လေဗျာ...
လွတ်​လွတ်​လပ်​လပ်​နေချင်​သေးတယ်​...."

"Baekကလည်း ကိုယ်​က Baekကို
ကြိုက်​သလိုလွတ်​လွတ်​လပ်​လပ်​နေခိုင်းမှာပါ..."

ကိုယ်​ကသူ့အကြိုက်​ဆောင်​ရင်း လိုက်​ပြော​သော်​ငြား
သ​ကောင့်​သား​လေးက မျက်​စောင်းသာ
တွင်​တွင်​ထိုးရင်း သူ့Hyungဘက်​လှည့်​သွားကာ

"Hyung......"

"​တော်​တော့ Baekhyun...
မင်းကက​လေးလား....."

"အွန်း​လေ က​လေး​ပေါ့...."

"ကျိန်း​သေလား....."

ပုတ်​သင်​ညိုရှုံးရ​လောက်​အောင်​ခေါင်းငြိမ့်​ပြ​နေ​သော
ထိုလူသား​၏​ခေါင်းကိုထုချင်​စိတ်​တို့ကတဖွားဖွား....

"ဒါဆို မင်းအခန်းထဲက Lub gel​တွေကဘာ​တွေလဲ
တစ်​ညတစ်​လေ ထွက်​ထွက်​လာတဲ့အသံ​တွေက​ရော
မင်းကက​လေးလား....."

BUTTERFLY(Completed)Where stories live. Discover now