part24

90 5 0
                                    


"ကဲ အားလုံး အဆင်​သင့်​ဖြစ်​ကြပြီလား
သွားကြမယ်​လေ....."

ဒါက​တော့အလုပ်​သရဲ Suho hyung၏
ဆော်​သြသံ သူ့အလုပ်​တွေကို​တောင်​ဖျက်​ပြီး
ကျွန်​တော့​မွေး​နေ့ကို လိုက်​လာ​ပေး​လေသည်​...

ကား​ကို Kaiတို့နှင့်​ချိန်းထားရာ
"POWER" clubရှိရာသို့​မောင်းနှင်​လိုက်​ကြသည်​...

ကား​ပေါ်ကဆင်းဆင်းချင်း Oh Sehunနှင့်​Kaiက
ဆီးကြို​နေကြသည်​....

"Happy Birthdayပါကွာ..
ချစ်​သူခင်​သူအားလုံးနဲ့အဆင်​ပြေပါ​စေ..."

Kai၏ဆု​တောင်းသံ​ကြောင့်​ဘေးနားက
ချစ်​ရသူကိုလှမ်းကြည့်​မိ​တော့
သူကလည်းကြည့်​နေသဖြင့်​မျက်​လုံးချင်းဆုံသွား​လေသည်

"အဟမ်း...အဟမ်း..တစ်​ချို့​တွေအကြည်​ဆိုက်​နေကြပါ့လား"

Baekက​တော့ ပါး​တွေနီကာ​ခေါင်း​လေးငုံ့သွား​ပေမဲ့
ကျွန်​တော်​က​တော့Proudဖြစ်​သွားသည့်​မျက်​နှာဖြင့်

"Kris မင်းကမင်းချစ်​သူ​ဘေးမှာ​နေ​လေ.."

ဂွမ်း​လေပြီ Krisနှင့်​Baekမပျက်​သေးဟု
ထင်​ကာ ဇွတ်​တွဲခိုင်း​နေ​သော Suho hyung
ရွှေ​ယောက်​ဖ​ကြောင့်​လူကအူတိုလာ​လေသည်​...

"အမ​လေး.....Suhoရယ်​မင်းညီကိုငါသွားတွဲရင်
ထိုးမဲ့သူရှိတယ်​ကွ...."

ပြောလည်း​ပြော မျက်​စလည်းပစ်​ပြ​နေ​သော​ကြောင့်
လူကအ​ငွေ့ပျံသွားချင်​နေမိသည်​.....

"ငါသိတယ်​...ငါ့ကိုအသိမ​ပေးတာ
သောက်​မြင်​ကပ်​လွန်းလို့...."

ဟင်​ရွှေ​ယောက်​ဖကသိ​နေတာပါ့လား

"Hyung မ​ပြောဖြစ်​ဘူးဆိုတာက​လေ
ကျွန်​တော်​တောင်​ညကမှအ​ဖြေရထားတာမလို့ပါ
အခုမှပူပူ​နွေး​နွေး​လေးဆို​တော့ မ​ပြောပြရဲ​သေးတာ.."

"ကဲပါ ထားလိုက်​ကြ​တော့ သွားကြရ​အောင်​.."

ဘေးကChenဝင်​ပြောမှပင်​အကုန်​လုံး
Clubထဲ ဝင်​လာခဲ့ကြသည်​....

မြူးကြွ​သော သီချင်းသံစဉ်​များကြား
ကခုန်​ရင်း​မောရင်​နားကာ​သောက်​စားကြရင်းဖြင့်
ကျွန်​တော့​မွေး​နေ့ကို ဖြတ်​သန်းခဲ့ကြ​လေသည်​......

ထိုထဲတွင်​ထိန်းမရ​အောင်​အမူးလွန်​နေသူက
ကျွန်​တော်​၏ Baek Baek
အဲ့​လောက်​ဂျိုးကပ်​လိမ့်​မည်​မထင်​ထား
ကျွန်​တော့်​ထက်​ပင်​ပို၍​သောက်​နိုင်​သေးသည်​....

"Chanyeol.....Happy Birthday"

အာ​လေးလျှာ​လေးသံဖြင့်​ပြော​နေ​သေးသည်

"​ပြောပြီးပြီ​လေ Baekရဲ့..."

"ဘာလဲ​ပြောပြီးရင်​ထပ်​ပြောလို့မရဘူးလား..."

"ရပါတယ်​ပြောလို့ရပါတယ်
Baek​လေးသ​ဘောအတိုင်းပါ....."

"ပြီး​ရော...​မွေး​နေ့လက်​ဆောင်​ပေးဦးမယ်​..."

"​ပေးပြီးပြီ​လေ Baek​လေးရဲ့...."

"လျှာမရှည်​နဲ့...မင်းဘဲ ခုနက
Baek​လေးသ​ဘောအတိုင်းဆို
အမျိုးမျိုးကို​ပြောတယ်​....."

အမူးသမားက လူလည်​ဟ......

"ဟုတ်​ပါပြီ Baek​လေးသ​ဘောပါ
ပေး​စေ ကြိုက်​သ​လောက်​ပေး​စေ...."

"Oki....ကျွန်​တော်​တို့သွား​တော့မယ်
ကားတစ်​စီး​ပေးလိုက်​..."

ကားကတစ်​စီးဘဲယူလာသည်
Kaiနှင့်​Sehunကတစ်​ယောက်​တစ်​စီးဆီ
ယူလာသည်​ဖြစ်​ရာ Oh Sehunကားကိုသာ
ယူလိုက်​လေသည်​.....

"Baek​လေး အိမ်​ကို​မောင်း​ပေးရမှာလား..."

အမူးသမားရစ်​မည်​စိုးသဖြင့်​ကြို​မေးမိကာမှ
မိမိမှားမှန်းသိရ​လေသည်​....

"အိမ်​ကို မ​မောင်းနဲ့
Hyungကျွန်​တော်​ဒီညအိမ်​ပြန်​မအိပ်​ဘူး..."

ဟိုကSuhoကလည်း မူး​နေရာမှ
ခေါင်း​မော့ကြည့်​ကာ

"မရဘူး အိမ်​ကိုပြန်​အိမ်​ကအခန်း​တွေလည်း
အသံလုံတယ်​...."

😳😳😳😳😳😳😳😳😳😳😳😳
တော်​တော်​လိုက်​ဖက်​တဲ့ ညီအစ်​ကို​တွေ
Omma​ရေ Ommaသား​လေး
ဘဝပျက်​ပါပြီ....တရုတ်​ပြည်​ရောက်​နေ​သော
မွေးမိခင်​ပင်​အငြိမ်​မ​နေရ

"ကဲ ငါ့Hyungကအိမ်​ပြန်​တဲ့
အဲ့​တော့ အိမ်​ကိုဘဲ​မောင်း​တော့...."

အိမ်​ပြန်​ရောက်​သောအခါတွင်​.....

"ငါရဲ့Yeollie​လေး....ငါ့အခန်းထဲ
လာအိပ်​နော်​...."

"ဗျာ.....😳"

"လာပါဆို...."

ပြောလည်း​ပြော လက်​ကလည်းဆွဲကာ
အခန်းတံခါးအား ပိတ်​၍
လော့ခ်​ပါချသွား​သည်​.....

°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°•°

ဖတ်​တဲ့သူရှိ​သေးတယ်​ဟုတ်
ဘာလိုလိုနဲ့ Butterfly​လေး​တောင်
အဆုံးသတ်​ခါနီး​နေပြီ
Butterfly အပြီး​ရေးပြီးမှ
အဖြူ​ရောင်​စည်း​လေး​ရေးမယ်​လေ​နော်

BUTTERFLY(Completed)Where stories live. Discover now