part31 🚥🚥

250 6 0
                                    

"Yeol....​"

"ဗျာ ဗျ...."

"​နောက်​တစ်​ခါ Baekကို မရှင်းပြဘဲ
ထွက်​သွားဖို့မကြိုးစားနဲ့​နော်​...."

"ဟုတ်​ကဲ့ပါ ခင်​ဗျ....."

"ပြီး​တော့...Baekကိုမလိမ်​ထားရဘူး....
ကတိ​ပေး....."

"ကတိပါဗျာ.....ကတိ​ပေးတယ်​...
အရင်​ကိစ္စမှာ ကိုယ်​က Baek​လေး
မုန်းသွားမှာစိုးရိမ်​ခဲ့မိလို့ပါ...."

"Baekက မမုန်းတာမို့​နောက်​တစ်​ခါ
ဘာဘြဲဖစ်​ဖြစ်​ပြောပြ​ပေး​ပါ​နော်​...."

ခပ်​သွက်​သွက်​ခေါင်းငြိမ့်​ပြလိုက်​ကာ
ချစ်​ရသူ​လေးကို ရင်​ခွင်​ထဲ​ထွေးဖက်​မိ​တော့
လက်​သွယ်​သွယ်​လေး​တွေက
ကျွန်​တော့ခန္ဓာကိုယ်​ဆီသို့ ပြန်​လည်​ရစ်​တွယ်​လာခဲ့သည်​..

ချစ်​သူNurse​လေး Day offရက်​တွင်
အခန်းထဲDateလုပ်​ရင်းကြည်​နူး​နေခြင်းသာ....

ပေါ်ထွက်​လာ​သော တံခါး​ခေါက်​သံ​ကြောင့်
သွားဖွင့်​ပေးလိုက်​တော့.....

"Hyungအလုပ်​သွား​တော့မယ်​...
ရန်​ဖြစ်​မ​နေကြနဲ့....အိမ်​ကအလုပ်​သမား​တေ
သူတို့အမျိုးမင်္ဂလာ​ဆောင်​လို့ပြန်​သွားကြတယ်​....
ဖြစ်​သလိုစားလိုက်​ကြ​တော့...ည​နေစာက
Hyungဝယ်​လာ​ပေးမယ်​...."

"Nae....ဂရုစိုက်​သွားပါ Hyung...."

Hyungကို ကားနားအထိလိုက်​ပို့​ပေးပြီး
ခြံအ​နောက်​ဘက်​က ကျွန်​တော်​တို့နှစ်​ယောက်
စိုက်​ပျိုးထား​သော ပန်းခြံ​လေးဘက်​သွားကာ
ရေ​လောင်း​ပေါင်းသင်​ကြ​လေသည်​.......

"Yeol....​ရေ​တွေနဲ့မပက်​နဲ့​တော့ကွာ...
ဟိုတစ်​ခါဖျားထားတာမမှတ်​သေးဘူးလား....."

"တစ်​ခါတစ်​လေ​လေးဘဲကို Baekကမနက်​ဖြန်​လည်း
Day offဘဲ​လေ​အေး​ဆေး​ပေါ့..."

ပြောရင်း​ရေ​တွေရွှဲရွှဲစို​နေ​သော သူ့ကို​ပိုက်​ဖြင့်
လှမ်းပက်​ကာ​ဆော့​နေလိုက်​လေသည်​.....

"ဟာ Baek....."

ရုတ်​တရက်​လဲကျသွား​တော့​ရေပိုက်​ကြီးလွှတ်​ချကာ
Baekရှိရာသို့​ပြေးပြီး အနားမှာထိုင်​ချလိုက်​လေသည်​..

BUTTERFLY(Completed)Where stories live. Discover now