Part13

909 100 4
                                    

နေ့လည်​ကတည်းက အိပ်​ပျော်​နေ​သော
ထိုခ​လေး​ဘေးတွင်​လှဲလိုက်​ရင်း...
ကျွန်​တော်​လည်း အိပ်​ပျော်​သွားခဲ့သည်​.....

​ဘေးကလှုပ်​ရှားမှု​လေး​ကြောင့်​မျက်​လုံးဖွင့်​ကြည့်​လိုက်​တော့
Baekhyunတစ်​ယောက်​နိုးထ​နေ​လေပြီ

"နိုးပြီလားBaek......"

"Omm....နိုး​နေပြီChanyeol ရဲ့
ည​နေစာသွားလုပ်​လိုက်​ဦးမယ်​..."

​ပြောရင်း....သူ့လက်​လှလှ​လေးဖြင့်​
ကျွန်​တော့နဖူးပြင်​ပေါ် လာစမ်းရင်း....

"ကိုယ်​ကနည်းနည်းပူ​သေးတယ်​Chanyeol
ဒီ​နေ့​တော့​အေး​ဆေး​နေဦးကြားလား....
သူငယ်​ချင်း​တွေဖုန်းဆက်​ခေါ်ပါ့လား...
မနက်​ဖြန်​အကုန်​လုံးအတွက်​မုန့်​လုပ်​ကျွေးမယ်​....."

အပြုံးနုနု​လေးဖြင့်​ဆိုလာသူ......

"Jinja😉😉အဲ့တာဆို ဖုန်းဆက်​လိုက်​မယ်​နော်​..."

"Omm....ကဲ Baekသွား​တော့မယ်​
​ရေအကြာကြီးချိုးမ​နေနဲ့ မြန်​မြန်​ချိုးသွားပြီ..."

အမှာစကား​တွေ တဖွဖွမှာရင်း...
အခန်းပြင်​သို့ထွက်​သွား​သော
သူ့​ကျောပြင်​သေး​သေး​လေးအားသာ
လိုက်​ငေး​နေလိုက်​သည်​.......

​နေမ​ကောင်းတာက ကျွန်​တော့အတွက်​တော့ကံ​ကောင်းခြင်း​

"ကျန်းမာခြင်းသည်​...လာဘ်​ကြီးတစ်​ပါး"

ကျွန်​တော့အတွက်​တော့..........

"မကျန်းမာခြင်းသည်​လာဘ်​ကြီးတစ်​ပါးပါဘဲ...."

ကဲ ကိုယ့်​ရဲ့ရှင်​သန်​ရာ​လေးက
မုန့်​လုပ်​ကျွေးမယ်​ဆို​တော့ကား........
Sehunနဲ့ Kaiအားဖုန်းဆက်​လိုက်​ရ​တော့သည်​......

"Hello....Sehun....မနက်​ဖြန်​Kai​ကို
​ခေါ်ပြီးအိမ်​ကိုလာခဲ့....."

"အမ်​.....ဘယ်​အိမ်​ကိုလဲ....မင်းအိမ်​ကိုပြန်​ရောက်​နေပြီလား
ပြန်​သတိရ​နေပြီလား......."

Sehunရဲ့ပြန်​မေးသံ အဆုံး....

ဟုတ်​သားဘဲ...ကျွန်​တော့အိမ်​မှမဟုတ်​တာ....

"အာ.....မဟုတ်​ပါဘူးကွာ......အခုငါ​နေ​နေတဲ့အိမ်​ကို​လေ
လာခဲ့ကြ​နော်​......"

BUTTERFLY(Completed)Where stories live. Discover now