part19

89 4 0
                                    


မိုးလင်းလို့အခန်းထဲကထွက်​လာလိုက်​​​တော့
Baekအခန်း၏အ​ရှေ့ခန်းမှ ထွက်​လာ​သော.....
Kris hyung​ကြောင့်​...Baekသူ၏အခန်း​ရှေ့တွင်
မိမိအား မထားရသည့်​အ​ကြောင်းကို
ရေး​တေး​တေးမြင်​လာရသည်​......

ကျွန်​​တော်​၏မျက်​နှာချင်းဆိုင်​အခန်းမှ
Suho hyungထွက်​လာ​ပြီးမကြာခင်
Baekပါထွက်​လာ​တော့ ​လေး​ယောက်​သားကိုယ့်​အခန်း​ရှေ့ကိုယ်​ရပ်​လျက်​....

"Morning....hyungတို့...မင်း​ရောဘဲ....
လာ​လေ hyungမနက်​စာစားရ​အောင်​....."

သူချစ်​ရသူ၏လက်​ကို ဆွဲကာ ​ရှေ့မှ ​ခေါင်း​မော့ရင်​​ကော့၍
ဖြတ်​​လျှောက်​သွား​သော crushသည်
မျက်​ခွက်​​ပြေးရိုက်​ချင်​စရာ ​ကောင်းလှပါသည်​.......

အောက်​ထပ်​​ရောက်​လို့စားပွဲထိုင်​​တော့......​သေမင်းပြည်​မှ
ဧည့်​သည်​​တော်​ ၂​ယောက်​သည်​ ​ဘေးတွင်​ လာထိုင်​​လေရဲ့

မုန့်​ကိုမယူရဲဘဲ ​ရှေ့ကကြည်​နူး​နေ​သော အတွဲမှ
Baekအား ကြည့်​ကာ ​ကြောက်​​နေ​သော
ပေါက်​စီ​ကြောင့်​...မ​နေသာ.....
သူကြည့်​​နေ​သော မုန့်​အားယူလိုက်​ရင်း....
သူ့ဆီကမ်း​ပေးလိုက်​​တော့.......ဟိုကလှမ်းအယူ..

"ဒါက ဘယ်​လိုဖြစ်​​နေရတာလဲ....."

နောက်​ပြန်​ဆုတ်​သွား​သော Xiunin​ကြောင့်
လက်​ထဲထိုးထည့်​​ပေးရင်း.....

"သူစားချင်​လို့ယူ​ပေး​နေတာ​လေ...."(တခါတ​လေ​လေသံမာလိုက်​သည်​....)

"​သြော်​ သူကလက်​မပါဘူးလား....."

"ပါတယ်​​လေ...သူကဧည့်​သည်​မို့...ကိုယ်​ယူ​ပေးလိုက်​တာ.."

"Park Chanyeol.အဲ့တာဆို မင်းက​ရောအိမ်​ရှင်​လား"

ကြားလိုက်​ရ​သော စကားတစ်​ခွန်း ရင်​ထဲနင့်​ခနဲ...
အရင်​ကကိစ္စမရှိ​ပေမဲ့...အခုကသူ့ချစ်​သူ​ရှေ့
ကိုယ့်​ဧည့်​သည်​​တွေ​ရှေ့မို့
ရှက်​စိတ်​ကအနည်းငယ်​ဝင်​လာသည်​......

"Baekhyun...မင်းစကားကိုဘယ်​လို​ပြောလိုက်​တာလဲ."

"ဘာလို့လဲ hyung...ကျွန်​​တော်​​ပြောတာမှားလား..."

BUTTERFLY(Completed)Where stories live. Discover now