Part30

854 96 6
                                    

နံနက်​ခင်း မုန့်​စားရင်း နှစ်​ယောက်​သား
​ဝေးခဲ့ရသမျှအတိုးချကာ အကြည့်​ချင်းဆုံ​နေ​တော့....

"ဟိုနှစ်​ယောက်​...ငါရှိတာ​လေးလည်းသတိထားဦး..."

Suho hyung​ပြော​တော့မှ hyungကို
သတိရကာ မုန့်​သာငုံ့စားလိုက်​ပေမဲ့
ကျွန်​တော့စပ်​စလူးက​တော့......

"Hyungရှိတာ​တွေ့သားဘဲ
ဒါ​ပေမဲ့သိရုံနဲ့ ရပြီ​လေ Hyungကို ဘာလို့မျက်​လုံးထဲ
ထည့်​ကြည့်​နေရမှာလဲ..."

​ပြောလည်း​ပြော လျှာလည်းထုတ်​ပြ
တကယ့်​လူဆိုးရယ်​ပါ.....

"​သြော်​...​မင်းကအဲ့လိုဖြစ်​သွားပြီ​ပေါ့​လေ.....
အရင်​နေ့​တွေက မနက်​စာဝိုင်းမှာ
ကျက်​သ​ရေ ကျက်​သရာမရှိအငို​တွေအရီ​တွေနဲ့
အချစ်​တွေဘာ​တွေမလိုဘူး......
Hyungရှိရင်​ရပြီ ဆိုပြီး​ပြောတာဘယ်​သူလဲ...."

ကျွန်​တော့Baek​လေးက​နေ့တိုင်းငို​နေခဲ့သည်​တဲ့လား
ချစ်​မြတ်​နိုးရလွန်းစွာ စိုက်​ကြည့်​နေ​မိ​တော့...

"Yeol, Yeol​ကြောင့်​ငိုတာဟုတ်​ဘူး​နော်​
Hyungအချစ်​တွေကို ခံစားမိလို့...
ဒါ​ပေမဲ့ မ​နေ့ကအထိပါဘဲ...ဒီ​နေ့ကစပြီး
မပါ​တော့ဘူး....."

"​တော်​တော်​ချစ်​ရတဲ့ ညီ​လေးပါလား...
Byun Suho​ရေ မင်းညီကအိမ်​ထောင်​ကျပြီးရင်​
မင်းကိုလှည့်​တောင်​ကြည့်​မှာမဟုတ်​တော့ဘူးကွ..."

Suho hyung​ပြောလိုက်​သောစကားက
ကိုယ်​လိုချင်​တဲ့ ဂွင်​ထဲဝင်​လာ​လေပြီမို့.....

"Hyung....တကယ်​လို့​ပေါ့​နော်​
Baek​လေးနဲ့ကျွန်​တော်​အိမ်​ထောင်​ပြုပြီးရင်​
Hyungအိမ်​ထောင်​ပြုဦးမှာလား......"

ကျွန်​တော်​မေးလိုက်​သောစကား​ကြောင့်​
Hyungကစားလက်​စဇွန်းကိုပင်​
်​ဆက်​မစားဘဲကိုင်​ထားမိလျက်​သား
Baek​လေးကလည်း အ​ဖြေကိုစိတ်​ဝင်​တစားနဲ့
​စောင့်​ကြည့်​နေလသည်​........

"Hyung လက်​ထပ်​ဖြစ်​မယ်​မထင်​ဘူး....."

"ဘာလို့လဲ Hyung..."

ထပ်​မေးလိုက်​တော့ တစ်​ချက်​ပြုံးလိုက်​ရင်း

"Hyung ရဲ့နှလုံးသားတစ်​ခုလုံးမှာ
ဟိုးအရင်​ကတည်းက​နေရာယူထားတဲ့သူရှိ​နေလို့
​နေရာလွတ်​သေး​သေး​လေး​တောင်​မကျန်​ဘူး​လေ
​နောက်​ထပ်​ထပ်​ချစ်​ဖို့မဖြစ်​နိုင်​တော့ဘူး....."

BUTTERFLY(Completed)Where stories live. Discover now