part 23

808 83 0
                                    


"Yeol....ထဦး တံခါးဖွင့်​ပေးပါဦး..."

အချိန်​မ​တော်​သန်း​ခေါင်​ယံကြီး Yeolဟု​ခေါ်​နေသံသည်​
ကျွန်​တော့Crush Baekအသံဖြစ်​သော်​ငြားလည်း
မ​ခေါ်စဖူးYeolဟု​ခေါ်​နေသည့်​အတွက်​
မ​ကောင်းဆိုးဝါး​တွေလှည့်​စား​နေသလားဟု
​တွေးမိကာ အသံပြန်​မ​ပေးဘဲ​နေလိုက်​သည်​...

"Yar....Park Chanyeol ငါ​ခေါ်​နေတယ်​လေ
အခုချက်​ချင်းတံခါးထဖွင့်​ပေးစမ်း...."

ထိုအသံထွက်​လာမှပင်​မိမိBaekဖြစ်​ကြောင်းသိကာ
မိုးမီး​လောင်​တော့မည့်​အ​ရေး​တွေးကာ
​ခေါင်းကျိန်းစွာဖြင့်​တံခါးနားအ​ပြေးအလွှားသွားကာ
သွားဖွင့်​ပေးလိုက်​သည်​.....

အထုခံရမည်​ဟုထင်​ထား​သော်​လည်း
အထင်​နှင့်​လွဲမှားစွာပင်​ချစ်​ရသူBaekသည်​
​မွေး​နေ့ကိတ်​လေးကို ကိုင်​ဆောင်​ကာ
အလှပဆုံးပြုံးပြ​နေ​လေသည်​......
သူ၏​နောက်​တွင်​အိမ်​ရှိ Suho hyung, Kris,Chen,Xiuminတို့က
အိပ်​စုံမှုန်​ဝါးရုပ်​တွေဖြင့်​မတ်​တပ်​လေး​တွေရပ်​လျက်​..

"ကဲ မင်းဒီ​နေ့အခန်းထဲဝင်​ခိုင်းဦးမှာလား
စိတ်​ကသိပ်​ရှည်​တာမဟုတ်​ဘူး....."

"လာ လာ ဝင်​ကြ....ဒါ​တွေကဘာ​တွေတုန်း..."

"မင်း​မွေး​နေ့အတွက်​လေ...."

အာ ဟုတ်​သားဘဲ အခုကည၁၂နာရီ​ကျော်​ဆို​တော့
ကျွန်​တော့​မွေး​နေ့ဖြစ်​နေပြီဘဲ.....

"Happy Birthday to you
Happy Birthday to you
Happy Birthday Dear Park Chan
Happy Birthday to you....."

Birthday songဆို​ပေး​တော့
လူကမျက်​ရည်​ကျချင်​လာသည်​...
မိသားစုက​တောင်​မလုပ်​ပေးဖူး​သောအရာမို့လူက
ဝမ်းသာ​နေမိသည်​....
ဟို၂​ကောင်​နှင့်​လည်း​မွေး​နေ့ပွဲအ​နေဖြင့်​
​သောက်​စားတာဘဲရှိသည်​....
ယခုလို ဂရုတစိုက်​မလုပ်​ပေးဖူးကြ​ပေ..........

ထို့အပြင်​အားလုံးက​မွေး​နေ့လက်​ဆောင်​တွေ
​ပေး​နေကြသည်​မို့ လူကမျက်​ရည်​တွေမထိန်းနိုင်​အောင်​
ဝမ်းသာကာ​ပျော်​နေမိသည်​......

"Chanyeolရယ်​မွေး​နေ့မှာ​ပျော်​လို့ဘြဲဖစ်​ဖြစ်​
ဝမ်းနည်းလို့ဘဲ ဖြစ်​ဖြစ်​မျက်​ရည်​မကျ​စေနဲ့​နော်​..."

BUTTERFLY(Completed)Where stories live. Discover now