Part33

861 85 0
                                    


"Waeyo? Baek​လေး...
ဘာလို့Chanyeolတို့ကို နှင်​ထုတ်​တာ​လဲ..."

ညီအကိုနှစ်​ယောက်​ထဲ ဧည့်​ခန်းထဲကျန်​ခဲ့ချိန်​တွင်​
​တေမိမင်းသားနှစ်​ပါးအားပြိုင်​နေကြသလို
ဘာမှမ​ပြောဘဲထိုင်​နေကြပြီးကာမှ အရှုံး​စတင်​ပေးလိုက်​ကာ
အ​မေးဖြင့်​စတင်​လိုက်​သူက Suho...

"Hyung​ကြောင့်​လေ....."

အ​ဖြေစကားကြား​တော့ မျက်​လုံးပြူးကာ
ဘာလို့လဲဆို​သော အ​မေးစကားကို​မေးလာ​လေသည်​...

​မောင်​လည်​နှမလည်​မယူရဘူးဟူ​သော
စကားပုံကို ကြားဖူးနားဝရှိထားသည်​မို့
မိမိအားဦးစား​ပေးကာ အစစအရာရာ
အမြဲတမ်းမိမိအတွက်​စဉ်းစား​ပေး​သောhyung၏
ချစ်​ရသူနှင့်​ကွေကွင်းခြင်းဝဋ်​ဒုက္ခကို
မိမိ​ကြောင့်​ဒုတိယအကြိမ်​ပြန်​၍မခံစား​စေလို​ပေ...

Suho hyungတို့နှစ်​ယောက်​လက်​ထပ်​ဖို့အတွက်​
ကိုယ်​ချစ်​ရသူအားရင်​ထဲကဘဲချစ်​နေ​လေ​တော့မည်​ဟု
စိတ်​ပိုင်းဖြတ်​ထား​ကြောင်း​ပြောပြ​တော့.....

"Baekရယ်​....Hyungကိုအဲ့​လောက်​လေး
သိတတ်​ရင်​ဘဲရပါပြီ.......
HyungဘဝမှာBaek​လေးရှိ​နေရင်​
အချစ်​တွေကိုရင်​ဘတ်​ထဲမှာဘဲ မြှုပ်​နှံထားလို့ရပါပြီ..
Baek​လေးသာ လက်​ထပ်​ပါ......"

"Hyungကသာရင်​ဘက်​ထဲမှာ
မြှုပ်​နှံမယ်​ဘာညာ​ပြော​နေတာ
Hyungနှလုံးသားက လတ်​ဆတ်​ပြီး
အခုချိန်​ထိတစ်​ဆက်​ဆက်​ခုန်​နေတုန်းမလား....."

Lay hyungအားလမ်းခွဲပီး​နောက်​
ညတိုင်းမျက်​ရည်​အ​ဖော်​ပြုကာ​နေ​သော
မိမိ၏hyungသည်​နှလုံးသားတွင်​Layသာရှိ​ကြောင်း
ထုတ်​ပြော​နေစရာပင်​မလိုပါ.......

Miyanae Yeol
ဒီတစ်​ခါ​လေး ငါ့အကိုကိုငါဦးစား​ပေးပါရ​စေ.....

"ကဲ Baekhyunnie​လေးအိပ်​တော့​နော်​
ပင်​ပန်း​နေပြီ......."

Baek​လေးတစ်​ယောက်​အ​ပေါ်ထပ်​တတ်​သွားမှ
သက်​ပြင်းချလိုက်​ကာ........

"ငါတို့ရဲ့ဆုံနိုင်​ခွင့်​က လွဲမှား​နေတယ်​နဲ့တူတယ်​Xing
ငါတို့ညီ​လေး​တွေ​ပျော်​ဖို့အတွက်​
ထပ်​ပြီး​သွေဖယ်​ခြင်းကို ကြုံ​တွေ့ရဦးမယ်​
မင်း​ရော....အချစ်​သစ်​နဲ့​တွေ့ပြီး အိမ်​ထောင်​ရက်​သား​တွေ
ကျ​နေခဲ့ပြီလား.....
မင်းသိနိုင်​မလား.....ငါ့အချစ်​တွေက
မင်းတစ်​ယောက်​ထဲအတွက်​ဘဲရှင်​သန်​နေတယ်​ဆိုတာ..."

BUTTERFLY(Completed)Where stories live. Discover now