For Zawgyi
အချိန်ကား ၂၀၀၈ခုနှစ် ဖေဖော်ဝါရီလ
တည်နေရာသည် ရန်ကုန်တိုင်း မင်္ဂလာဒုံကလေးငယ်သည် ကြီးကောင်ဝင်ခါစ ဖြစ်ပေမည်
မျက်ဝန်းဝိုင်းကလေးနှင့်
သူ၏ဘေးတွင် နောက်ထပ်ကလေးငယ်တစ်ယောက်လည်းရှိ၏
မိခင်ဖြစ်ဟန်တူသူက မျက်မှန်ကလေးကို ခေါ်၏
" မိုးစွေ "
ကလေးငယ်က မထူးပဲ မျက်မှန်လေးကိုပင့်ကာ
မော့ကြည့်သည်
" နယ်ပြန်ချင်လား ရန်ကုန်မှာပဲကျောင်းတက်ချင်လား"ကလေးငယ်တွေဝေသွားပုံရသည်
အဋ္ဌမတန်းဖြေထားသော ကလေးငယ်သည်
ဘေးက ကလေးငယ်ကိုပြန်ငဲ့ကြည့်သည်
သူ့အနေနှင့်ရွေးရခက်သည်သူယခုတက်ခဲ့သောကျောင်းသည်
မင်္ဂလာဒုံ ထ၅
ဆရာဆရာမများက မိုးစွေကိုချစ်ကြသည်
အဋ္ဌမတန်း Aခန်းတွင် ပညာသင်ရသည်ထူးဆန်းပါ့မလား A ခန်းမှာ သင်ရတာ
ထူးဆန်းပါသည် မိုးစွေတို့ ၂ယောက်က
မနှစ်ကမှ ထ၅မှာ ကျောင်းစတက်ဖူးချင်းဖြစ်သည်မိုးစွေတို့သည် ရန်ကုန်ဇာတိမဟုတ်
နယ်မှဖြစ်သည်
အထက်တန်းကို ရန်ကုန်မှာအောင်စေပြီး
ရန်ကုန်တက္ကသိုလ်တွင်တက်စေလို၍
ပါပါး၏ညီ ညီမများထံတွင်
လာအပ်နှံထားခြင်းမိုးစွေတို့ ၂ဦးလုံးတော်သည့်ထဲတွင်ပါသည်ဟုဆိုရမည်
ပထမလပတ်ပြီးသည်နှင့်
ကျောင်းသားသစ်များနေထိုင်ရာ E မှ Aသို့တန်းရောက်သွားခြင်း
သြော် မဟုတ်သေးပေ
မိုးစွေသည် ကျောင်းစတက်ကတည်းက Aတွင်နေရသည်
မျက်မှန်ကလေးငယ်ကို ကရုဏာသက်၍ဖြစ်နိုက်သည်အငယ်ကလေးကမူ စစတက်ခြင်းတွင် ဆဋ္ဌမတန်းE ခန်းတွင် ပညာသင်ခဲ့ခြင်း
ထ၅သည် မနက်ကျောင်း ညကျောင်းဟူ၍ ပိုင်းခွဲထားသောကျောင်းဖြစ်သည်
ဆဋ္ဌမတန်းဆောင်နှင့် အဋ္ဌမတန်းဆောင်မှာဝေးသည်
ိုသို့သော် အချိန်မတူပေ
အဋ္ဌမတန်းသည် မနက်ပိုင်းဖြစ်၍
ဆဋ္ဌမတန်းသည် နေ့လည်ပိုင်းဖြစ်သည်
YOU ARE READING
ရည်းစားဦး ( Completed )
Romance#အထက်တန်းကျောင်းသားဘဝအလွဲများ #သူငယ်ချင်းများကိုသတိရရင်းရေးသည် #တစ်ချို့နေရာများတွင် နာမည်အရင်းများသုံးထားသည့်အတွက် social media များတွင် share လုပ်ခြင်း မပြုဖို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ