၈။ ချစ်​ချစ်

1.1K 68 1
                                    

For zawgyi

" ဒါဘာ​တွေလဲ "

ကျောင်း​နောက်​မှ ထိုင်​နေကြ ပင်​စည်​ပတ်​ခုံ​ပေါ် ချပြလိုက်​တဲ့ အပြာနု​ရောင်​စာအိတ်​လေး ၂အိတ်

ဖွင့်​တောင်​မကြည့်​ရ​သေး​သော စာအိတ်​လေး၂အိတ်​က​တော့ ပိုင်​ရှင်​တွေ​ရှေ့မှာ တုံးလုံး​လေး

ကိုယ့်​အပြစ်​နဲ့ကို​ယ်​မို့ မောင့်ရှေ့​ခေါင်းငုံ့​နေကြတဲ့ အစုတ်​ပလုတ်​၂​ကောင်

"​ဖြေ​လေ "

ဘယ်​ချိန်​က​ရောက်​နေမှန်းမသိတဲ့ စာအိတ်​တွေဟာ မောင့်လက်​ထဲမှာ​ရောက်​နေတာ နှစ်​ပေါက်​နေ​လောက်​ပြီ

အပြာနု​ရောင်​စာအိတ်​ကဖြင့်​အ​ရောင်​တောင်​ လွင့်​စပြု​နေပြီ

စာ​မေးပွဲ​ဖြေဖို့ ကတ်​အသစ်​ရလိုက်​တဲ့အတွက်
ကုတင်​အောက်​ရောက်​သွားတဲ့ ကတ်​အ​ဟောင်း​လေးကို မကြည့်​ပဲ စွန့်​ပစ်​ခဲ့မိသမျှက
ကတ်​အသစ်​က​လေးကို မမကို​ခဏငှားလိုက်​တာ​ကြောင့်
ပထမနှစ်​ဝက်​စာ​မေးပွဲ​ဖြေဖို့ရန်​အတွက်​ ကတ်​အ​ဟောင်းထုတ်​ကြည့်​မိတဲ့ မောင့်အမှားလား

၈တန်းတစ်​နှစ်​လုံး မောင့်အနားမှာ ဘာမှမသိသလိုကပ်​ပြီး ခင်​မင်​သလို ရင်းနှီးသလို ကျွမ်းဝင်​ပြခဲ့တဲ့ သူတို၂​ယောက်​အမှားလား

" ဘာလဲ အဲ့ဒါဘာလဲ လို့​ မောင်​မေး​နေတယ်​လေ "

ဖွင့်​ဖောက်​မဖတ်​ရဲ​အောင်
စာအိတ်​ပေါ်က စာတန်း​လေး​တွေက
မောင့်ကို​ခြောက်​လှန့်​နေသလိုပါပဲ

"" ချစ်​ခွင့်​ပန်​စာ - ph ""
"" ချစ်​ပါရ​စေ - pwy ""

ဘယ်​သူ​ပေးမှန်းသိသာ​နေပါ​သော
ဘာ​တွေထည့်​ရေးထားမှန်းအတိအကျမသိ​ပေမဲ့
ဘာအ​ကြောင်းအရာကို ဦးတည်​နေလဲ ဆို​တာ
သိသာ​နေပါ​သော စာအိတ်​လေး ၂အိတ်

"​မောင့်​ကိုအထင်​သေးလို့လား​ မောင့်​ကို​...မောင့်​ကို အ​ခြောက်​တစ်​ယောက်​လို သတ်​မှတ်​လိုက်​တာလား "

" မဟုတ်​ရပါဘူး​မောင်​ရာ "
" လုံးဝမဟုတ်​ဘူး​မောင်​"

" ဒါဆို ဘာလုပ်​လိုက်​ကြတာလဲ ဒီကြားထဲ ဘယ်​လိုစိတ်​မျိုးနဲ့​နေခဲ့ကြတာလဲ "
" ...."

ရည်းစားဦး ( Completed )Where stories live. Discover now