For Zawgyi
မောင့်အတွေးများက ချာလည်လည်နှင့်
အရင်တစ်နှစ်ဆီအလည်ရောက်လေပြီ"မောင်ရဲရင့်ခေါင်ဘုန်းမြတ်ရှိလား "
" ဟုတ်ရှိပါတယ်"
"ကျောင်းအုပ်ရုံးခန်းကိုလာခဲ့ဖို့ မှာလိုက်တယ်
မြန်မြန်သွားပါ "
" ဗျာ "" ဟိတ်ကောင်မင်းဘာအမှားလုပ်ထားတယ်လဲ "
" မလုပ်ပါကောဝေ ဘာလုပ်ဖို့ခေါ်တယ်ကောမသိ"
" မသိလည်း သွားပေတော့ ကျောင်းအုပ်ကြီးကဒေါသကြီးပါပေ့ "
" အင်း အင်း "ကျောင်းအုပ်ကြီးရုံးခန်းရှေ့တွင်မတ်တပ်ရပ်နေသောမောင်
ဟင်သူကဘာလို့ဒီရောက်နေတာလဲ
ပွဲတစ်ခုခုများရှိလို့လား
သူက စာစီကုံး တို့ ကဗျာတို့ ပြိုင်နေကြဆိုတော့လည်း။"မောင်"
သူလှမ်းခေါ်တော့ သူ့ကို ပြုံးပြနေကြ မျက်ဝန်းတွေက ဒီနေ့တော့ သူများစိတ်ထင်နေလို့လားပဲတောင်းပန်နေသလို ။
"မောင်ရဲရင့်ခေါင်ဘုန်းမြတ်ရောက်ပြီလား "
" ဟုတ်"စာရေးမကြီးက သူ့ကိုလှမ်းမေးတယ်
သူလည်းရောက်ကြောင်း ထူးတာပေါ့ဗျာ
ကျောင်းအုပ်ရုံးခန်းထဲ မဝင်ခင်ချောင်းကြည့်မိတော့" အဖေ "
အဖေကပါ ဘာလို့ရောက်နေတာလဲ
ဒီချိန်အတန်းဝင်နေရမှာမဟုတ်ဖူးလား ?
ဟုတ်ကဲ့ သူပြောဖို့မေ့နေတာပါ
အဖေက သူတို့ကျောင်းက ဆရာတစ်ယောက်ပါသူ မောင့်ကိုလှည့်ကြည့်တော့မောင်ဟာ သူ့ကိုကြည့်နေရာက မျက်နှာလွှဲတယ်
ဟောဗျာ ဘာတွေဖြစ်နေကြတာတုန်း ။ထိုစဉ်
"မောင်ရဲရင့်ခေါင်ဘုန်းမြတ်ဝင်လာခဲ့ပါ "
" ဟုတ်ကဲ့ "ခပ်ကျယ်ကျယ်အော်ရင်းကျောင်းအုပ်ရုံးခန်းတွင်း ကုပ်ချောင်းချောင်း ဝင်သွားမိသည်
အဖေက သူ့ကိုမကြည့်ဘူး ဆရာကြီးစားပွဲရှေ့ကိုခေါင်းကြီးငိုက်စိုက်ချထားတယ်
YOU ARE READING
ရည်းစားဦး ( Completed )
Romance#အထက်တန်းကျောင်းသားဘဝအလွဲများ #သူငယ်ချင်းများကိုသတိရရင်းရေးသည် #တစ်ချို့နေရာများတွင် နာမည်အရင်းများသုံးထားသည့်အတွက် social media များတွင် share လုပ်ခြင်း မပြုဖို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ