၇။ချစ်​သူ​ရေးတဲ့ရည်းစားစာ

1.2K 75 0
                                    

For zawgyi

"​ဖြေနိုင်​လား ဖိုးဝရုပ် "
"​မောင်​ရော ငါသိပ်​မ​ဖြေနိုင်​"
" စာ​သေချာ​ကျေရင်​ဖြေနိုင်​တာ​ပေါ့ကွာ "
" နှိမ်​တယ်​ဝေ "
" ဟား ဟား  "

ဒီ​နေ့ဟာ ပထမနှစ်​ဝက်​စာ​မေးပွဲ ​နောက်​ဆုံး​နေ့
စာ​မေးပွဲ​ဖြေပြီး​တော့​ကျောင်းမဆင်း​သေးပါဘူး
မိန်းက​လေး​တွေက​တော့ အိမ်​ပြန်​သွားကြ​လေပြီ
မောင်​တို့​ယောက်ျား​လေး​တွေပဲ ခုံပြန်​စီဖို့ကျန်​ခဲ့ကြခြင်း။

ခုံ​တွေစီရင်း ပြီးသွား​တော့​အခန်း​ထောင့်​က​သောက်​ရေအိုးဟာ ကုန်​နေပြီဖြစ်​လို့​ မောင်​ရယ်​ အောင်​အောင်​ရယ်​ ရေခပ်​ဖို့ရန်​ရေအိုးကို ပခုံး​ပေါ်ထမ်းပြီး​ကျောင်းခြံဝန်းထဲက​ရေတွင်းဆီ သစ်​ပင်​တန်း​တွေ​အောက်​က ဖြတ်​လာကြတယ်​။

မိုးရာသီ​ပေမဲ့ ဒီ​နေ့ မိုးမရွာခဲ့ပါ
နေပူပူဟာ တိမ်​တစ်​အုပ်​နောက်​က ထင်​ထင်​လင်းလင်းကို ပြူထွက်​နေခဲ့​တော့ ရာသီဥတုက​ချွေးစို့ချင်​စရာ။

သစ်​ပင်​တန်း​တွေ အရိပ်​ကျရာက​နေ့လည်​ခင်း မ​ကျော်​သေးတာမို့ ကပ်​ရပ်​ဖြစ်​တဲ့​ဘောလုံးကွင်းဘက်​ကို ထိုးကျ​နေတာမို့​ဘောလုံးကွင်းအစပ်​က​နေ လမ်း​လျှောက်​လာခဲ့ကြတယ်

အောင်​အောင်​နဲ့​မောင်​က ခင်​တယ်​ဆိုရုံ
ဒီ​တော့ စကားနည်းတဲ့ ၂​ယောက်​ပီပီ
ဘာမှကို အစ​ဖော်​ပြီး စကားမစကြဘူး
ရေတွင်းက ပြန်​လာပြီး​နောက်​မှာ
ဆူ​နေတဲ့ အခန်းဟာ တိတ်​ကျသွားတယ်
ချက်​ချင်းပဲ သူတို့မဟုတ်​သလို ပြန်​ဆူ​နေကြပြန်​ရော
ကြည့်​ရတာ ဆရာမလာတယ်​မှတ်​လို့​နေမှာ

လုပ်​စရာမရှိ​ကြ​တော့ဘူး
ယောက်ျား​လေး​တွေက တံမြက်​စည်းမလှဲချင်​ကြ​တော့ ထိုင်​ခုံ​တွေကို စာပွဲခုံ​တွေ​ပေါ် တင်​ထားခဲ့ကြတယ်

ကျောင်းပြန်​ဖွင့်​ရင်​အသင်းတာဝန်​ကျ မိန်းက​လေး​တွေ အဆင်​သင့်​လှဲလို့ရ​အောင်​ပေါ့

လွယ်​အိတ်​လေးယူရင်း​မောင်​တို့​၃​ယောက်​ စကားမ​ပြောပဲ ပြန်​လာခဲ့ကြတယ်

ရည်းစားဦး ( Completed )Where stories live. Discover now