၁၁။ အစကကြိုသိခဲ့ရင်​ .... ​မောင်

1.2K 66 3
                                    

For zawgyi

၂၀၁၀ ဒီဇင်​ဘာ

မနက်​ဖြန်​ဒီဇင်​ဘာ​ကျောင်းပိတ်​ရက်​မို့ ဆရာမက သန့်​ရှင်း​ရေးလုပ်​ခိုင်း​နေသည်​။ ဆယ်​တန်းဦးစား​ပေးဖြစ်​၍ အရာရာ ဦး​ဆောင်​ရသမျှ ကိုးတန်းများသာ။ အိုကွယ်​ဘာဖြစ်​ဖြစ်​တို့​ကျောင်းပဲမဟုတ်​လား​လေ။

မောင်တို့က မြက်​ပေါက်​နေတုန်း အ​ပေါ်ထပ်​မှ​ရေများဖွဲကနဲ ကျလာသည်​။ ပင်​ပန်း​နေချိန်​မို့​အေးကနဲ လန်းကနဲ ဖြစ်​သွား​ပေမဲ့ နဂိုကမှ ကျွန်​တော်​က နှလုံးအားနည်းသူမို့ လန့်​သွား၍​ပေါက်​တူးကို ပစ်​ချမိ​လေ​တော့​ခြေ​ဖမိုး​ပေါ်​ပေါက်​ပြားက ပြုတ်​ကြ​လေ​တော့သည်​။

အို အသည်းခိုက်​အောင်​နာလှ​လေခြင်း။တော်​သေးသည်​သွေးမထွက်​၍။ အနည်​ငယ်​ယောင်​နေ​သော​ခြေ​ထောက်​ကို ကြွ၍​ထောက်​ကြည့်​သော်​လည်း လူက သာ​ခွေယိုင်​။ ဘယ်​ပုံ အိမ်​ပြန်​ရပ။ ဒီ​ခေတ်​လို ဖုန်း​တွေ​ပေါ​ထော​နေ​သော​ခေတ်​လည်းမဟုတ်​။ ဆရာဆရာမ​တွေ​တောင်​ဖုန်းမကိုင်​ကြ​သေး​သော​ခေတ်​။ အိမ်​ကို မည်​သို့လှမ်း​ခေါ်ရပ။ အို ကံဆိုး​လေသူ အ​မောင်​။ဘေးက​ကျွန်​တော့လက်​မောင်း​အောက်​ခေါင်းဝင်​လျှိုသူကို လှည့်​ကြည့်​တော့ ဖိုးဝရုပ်။

သူက​မောင့်​မျက်​နှာကို​ငေးစိုက်​ကြည့်​ရင်း .....
" ဘယ်​လိုမှကို မျက်​နှာလွှဲထားလို့မရပါလား​မောင်​မောင်​ရာ ဘယ်​တော့ စိတ်​ချရမှာလဲ "

ကျစ်​ခနဲ စုတ်​ထိုးသံနဲ့အတူ စိတ်​ပျက်​လက်​ပျက်​ပြော​လေ​သော သူ့ကို ကြည့်​မိရင်း​မောင်​ပြုံးသာပြမိသည်​။ သူဟာ​မောင့်​ကို စိတ်​မချနိုင်​ရှာ​နေ​သော တစ်​ဖက်​သက်​ချစ်​ရသူ။အားနာမိပါရဲ့ ရဲရဲ ရယ်​။ မင်းအချစ်​ကို မျက်​ကွယ်​ပြုပြီး မင်း​ရှေ့ ရဲရဲကြီးကတိ​ပေးမိပြီးခါမှ ဖြစ်​ပျက်​သွားရသမျှ ကိစ္စ​တွေအတွက်​သူ့ကို မ​တောင်းပန်​ဖြစ်​သေး။ နားလည်​ပေးနိုင်​သော ရဲရဲ​ရေ မင်းလိုသာ သူဖြစ်​ကြည့်​ပါလား။မောင်​ဟာ သူ့ကို ဇွဲဆုပင်​မက အများကြီး​ပေးမိဦးမှာပါ။

ဟုတ်​ပါရဲ့ သူဟာ ရဲရဲလို​မောင့်​ကို နားလည်​ပေးတတ်​သောသူမဟုတ်​။မောင်​ မ​ပြောရင်​ မောင့်​ကို နားလည်​သူမဟုတ်​။ သူဟာ အမြဲ​မောင့်​အ​ပေါ် သံသယဝင်​နေတတ်​သော​ မောင့်​တစ်​ဦးတည်း​သော ချစ်​ရသူ။

ရည်းစားဦး ( Completed )Where stories live. Discover now