၂။ အမည်

2.7K 123 0
                                    

For Zawgyi

" နာသွား​သေးလား "
မောင့်​လက်​ကို သူဆွဲယူထားတာက ပိုနာတယ်

" လွှတ်​လိုက်​လေ မနာ​တော့ဘူး "
" 😦 "
" မင်းဖိကိုင်​ထားတာ ပိုနာတယ်​"

ထို​တော့မှ သူက ပြူးတူးပြဲတဲကြည့်​တယ်
မောင့်​လက်​ကို ဖိထားရာကလွှတ်​ပြီး
သူ့လက်​ဖဝါး​ပေါ်​တင်​လိုက်​တယ်

အသားညိုညိုသူ့လက်​ဖဝါးပေါ်မှာ
မောင့်​လက်​ဖြူဖြူက ထင်းလို့
လက်​ဝါး​စောင်းတစ်​လျှောက်​လက်​သန်းထိပ်​ထိ
ရဲ​နေတာကို ခုမှမြင်​ပုံရတယ်

"​sorry​နော်​ငါခုံကို​ရှေ့တိုးလိုက်​လို့ မင်းထိသွားတာ
နာ​နေ​သေးလား "

မင်းမ​ညောင်းဘူးလား​မောင့်​မျက်​နှာကို​မော့ကြည့်​နေရတာ မင်းအစားပင်​ပန်းတယ်

" ရတယ်​"

ယောက်ျား​လေး မိန်းက​လေး ခွဲထားခြင်းမရှိတဲ့
တစ်​ယောက်​ထိုင်​ခုံ​လေး​တွေအပြည့်

ဘယ်​နေရာ ဝင်​ထိုင်​ရင်
ကောင်းမလဲ စဉ်းစား​နေမိတယ်
မျက်​မှန်​မတပ်​ရ​ပေမဲ့ မျက်​လုံးကိုက်​တတ်​တဲ့
မောင်​ အနောက်​ဘက်​မှာလည်း မထိုင်​ချင်

ခုံဦးထား​ပေးမယ်​ဆိုတဲ့ သူငယ်​ချင်းကို သတိရလိုက်​တယ်
" မျိုး နင်​ပြော​တော့​မောင့်​အတွက်​နေရာဦးထားမယ်​ဆို "
"​အေး ဒီဘက်​မှာ "

သောက်​ကျိုးနည်း
နေရာမခွဲဘူးဆို​ပေမဲ့
မိန်းက​လေး​တွေဝိုင်းထားတဲ့ အစွန်​ဆုံး ပြတင်း​ပေါက်​ဘေးကခုံ
မောင့်​မျက်​လုံး​တွေ​တော့ သင်​ပုန်းကိုကြည့်​ရင်း
စွေကုန်​တော့မှာပဲ
ပြီး​တော့ မိန်းက​လေးအုပ်​ကြီး

" မျိုးရာ နင်​ညစ်​တာပဲ "
" 😁😁😁😁😁😁 "
" မထိုင်​ဘူး အဲ့မှာ​မောင့်​ဘာသာ​နေရာအသစ်​ရှာမယ်​"

ဝေ့ဝဲကြည့်​မိ​တော့
ကျောင်းတက်​ခေါင်း​လောင်းထိုးခါနီးပြီထင်​ရဲ့
လူအ​တော်​စုံ​နေ​ပေပြီ
ခုံအလွတ်​ခုံအလွတ်
တွေ့ပြီ

ငင့်​အလယ်​ကောင်​ကြီးလား
ဒါတစ်​ခုံပဲ လွတ်​တာလား
မတတ်​နိုင်
လျှောက်​ရပြန်​ပေါ့

ရည်းစားဦး ( Completed )Where stories live. Discover now