၎။ အထင်​လွဲမှု​သေး​သေး​လေး

1.4K 83 2
                                    

For Zawgyi

" ဟိတ်​မနက်​ဖန်​ကျောင်းအပ်​လက်​ခံပြီတဲ့ "
" မင်းကို ဘယ်​သူ​ပြောလို့လဲ "
"​ဖိုးဝရုပ် လာ​ပြောသွားတာ "
" သူက မင်းအိမ်​ကိုလာသွားတယ်​ပေါ့​လေ "
" အင်း ဘာလဲ မင်းဆီမလာဘူးလား "
"​မောင့်​ဆီ မလာပါဘူး "
" ........ "

၈တန်း​ကျောင်းသား​တွေထဲမှာ
မောင်​သည်​အရပ်​အရှည်​ဆုံး
ဖိုးဝရုပ်နှင့်​ဂျပုသည်​ ခုထိအရပ်​ထွက်​မလာကြ​သေး​ပေ

ဟုတ်​သည်​ မနက်​ဖြန်​ကျောင်းများဖွင့်​ကြပြီ
ကျောင်းအပ်​ရန်​အတူသွားမည်​ပြောထားကြပြီး​တော့ အခု​တော့ တည်ကြည်ကသာ အိမ်​သို့​ရောက်​လာ၏။ ဖိုးဝရုပ်က​တော့​ပေါ်မလာ။

ဘာလဲ သူကအခုထိ​မောင့်​ကို အခဲမ​ကျေ​သေးဘူးလား။ မောင်​ရည်​ရွယ်​ခဲ့ခြင်းမဟုတ်​သော အမှားကို ခုထိ သူက​မောင့်​အပြစ်​ဟု မှတ်​ယူလေသ​လော ။

မောင့်​အဖျားကို​တောင်​မျှ​ဝေခဲ့ကြ​သော​မောင့်​သူငယ်​ချင်း ၂​ယောက်​ဟာ ခု​တော့​မောင့်​အနားမှာ ၂​ယောက်​လုံး မရှိနိုင်​ဘူးတဲ့လား။

အတိတ်​သည်​အတိတ်​မှာ ထားခဲ့​လေပြီလား။

Flash back

"​မောင်​ဖျား​နေတယ်​"

ပြိုင်​တူထွက်​လာ​သော အသံသည်​Tone မ​သေးလှ။ ကပ်​ထိုင်​နေ​သော​မောင့်​နားပင်​အူလှ​ချေသည်​။

" မဖျားပါဘူး "
" ဘာကိုမဖျားတာ မင်းကြည့်​ ဒါ​လောက်​အသား​တွေပူ​နေ​ကော "
"​အေး​လေ ဘာ​တွေလာငြင်း "
" နည်းနည်းပဲ ကိုယ်​ပူ​နေတာပါဗျာ "
"​ဆေး​သောက်​ခဲ့လား "
" ဟုတ်​လား​သောက်​ခဲ့လား "
" အင်း "
"​အေး​နေလား " " ချမ်း​နေလား "
" နည်​နည်း "
" ခက်​ကော အ​နွေးထည်​လည်းမပါ "
"​အေးပ ငါတို့မှာလည်းမပါ "

အို အဖြစ်​သည်းလှချည့်​။ ဖျားသည်​က မဟုတ်​။
ညက ညနက်​သည်​အထိ အိပ်​မ​ပျော်​ခဲ့၍ အနည်းငယ်​နုံးကာ ကိုယ်​ပူ​နေခြင်း။

မောင်​သည်​ပြုံးသာပြုံး​နေဖြစ်​သည်​။

" ဖိုးဝရုပ် "
"​ဝေ​ပြော "
" မင်းအဲ့ဘက်​က ဖက်​"
" ဟုတ်​ပြီ မင်းအဲ့ကဖက်​လေ "

ရည်းစားဦး ( Completed )Where stories live. Discover now