၆။ အချိန်​ဟာ​မြန်​လွန်းတယ်

1.2K 77 2
                                    

For Zawgyi

" ငါတို့နဲ့ ကျူရှင်​အတူတူတက်​မလား​မောင်​"

ခေါ်သံကြားလို့​မော့ကြည့်​တော့ ဖိုးဝရုပ်
မောင်​အိပ်​မက်​မက်​နေတာ​တော့မဟုတ်​ဘူးမလား
တစ်​နှစ်​လုံး စကားလာမ​ပြောခဲ့တဲ့ သူ
လမ်း​တွေ့ရင်​တောင်​မ​ခေါ်​ပြောတဲ့ သူ
ပြုံးပြဖို့​နေ​နေသာသာ မသိချင်​ယောင်​ဆောင်​တဲ့ သူ
အဲ့ဒီ သူ က​လေ​ မောင့်​ကို စကားလာ​ပြောတယ်​တဲ့လား

မောင်​ပြုံးမိတာက​အ​ပျော်​များသွားလို့များလား
မျက်​ရည်​ပါဝဲလာမိတယ်

" ဖိုးဝရုပ် "
" ဟုတ်​တယ်​ငါ တက်​မှာလား အတူ "
" တက်​မှာ​ပေါ့ကွာ ဖိုးနှံရောလား "
" ကျွတ်​"
" ဟင်​"

ဘာလဲ အဲ့မျက်​နှာ​ပေးက ဘာလဲ
သူ့မျက်​နှာက သူမကြိုက်​တဲ့ မုန့်​ကို မစားမ​နေရ​အ​ကျွေးခံလိုက်​ရသလို
ရှုံ့မဲ့​နေတာများ

" ဘာလို့သူ့အ​ကြောင်းကပါလာတာလဲ ဘာလဲ
သူမပါရင်​အတူတူ မတက်​ဘူးလား "
" အဲ့လို​ပြောတာမဟုတ်​ဘူး​လေ​ မောင့်​သ​ဘောက
သူငယ်​ချင်း​တွေပဲမဟုတ်​ဖူးလား ပါပါမပါပါ တက်​မှာ​ပေါ့ ဖိုးဝရုပ်ရာ "

မျက်​မှောင်တစ်​ချက်​ကုတ်​ကျသွားတယ်
ပြီး​တော့
"​ကျောင်းဆင်းရင်​တူတူပြန်​မယ်
ကျူရှင်​ဒီ​နေ့စတက်​ရမှာ "

ပြောပြီးပြီးချင်း သူထိုင်​နေကျ ဒုတိယတန်းရဲ့အတွင်းဘက်​လိုင်းနား အစွန်းနေရာ​လေးကို ပြန်​သွား​လေရဲ့
ဟုတ်​ကဲ့ အခုက ၈တန်းနှစ်​လည်​ရောက်​နေပါပြီ
မောင်​က ကျူရှင်​မတက်​ပဲ​နေ​နေတာပါ
ဒါ​ပေမဲ့ စာ​တွေက အရမ်းခက်​တယ်​လို့ ထင်​တယ်​မောင်​အင်္ဂလိပ်​စာ​တွေ လိုက်​မမီသလိုပဲ
Grammer​တွေ အရမ်း​ရောလို့ အမှတ်​တွေ​တောင်​ကျလာတယ်​လေ အိမ်​က​တော့​ပြောတယ်
တက်​ချင်​ရင်​တက်​သာတက်​တဲ့​လေ
ခု​တော့​ရေ​ကန်​အသင့်​ကြာအသင့်​ပေါ့

ဒါ​ပေမဲ့
ဒါ​ပေမဲ့​ပေါ့​လေ
ဖိုးနှံက​ရော မတက်​ဘူးလား
ဖိုးဝရုပ်က​ရော ဘာလို့ သူ့ကိုထည့်​မ​ပြောသွားရတာလဲ

အခိုက်​အတန့်​လေးမှာပဲ​မောင့်​ရှေ့က ဖြတ်​သွားတဲ့​မောင့်​သူငယ်​ချင်း​မေတ္တာတုံး​လေး

ရည်းစားဦး ( Completed )Where stories live. Discover now