၁၀။ မယုံရင်​....မချစ်​ပါနဲ့လား

1K 60 1
                                    

For zawgyi

၂၀၁၀ နိုဝင်​ဘာ

ကျောင်းကို​နောက်​ကျမှ​ရောက်​ခြင်း၏အကျိုးရလဒ်​က​တော့ ဆရာမနား​နေခန်းအား သန့်​ရှင်း​ရေးလုပ်​လိုက်​ရခြင်း။ ပင်ပန်း​ပေမဲ့ စာသင်​ခန်းထဲပဲ​ပြေးချင်​မိ။ စာတစ်​ချိန်​နောက်​ကျတာက​ မောင့်​အတွက်​မ​ပြောပ​လောက်​ပါဘူး။ သူ​မျှော်​နေမှာပဲစိုးတာ။

အိုဗျာ သူဟာ အမြဲ​မောင့်​ကိုစိတ်​ပူရ​စေသူ။ မောင် ကျောင်းမတက်​ရင်​သူပါ​ကျောင်း​ပြေးတတ်​သူမို့ ပညာ​ရေးအ​နှောင့်​အယှက်​မဖြစ်​စေချင်​ပါ။ သူ့ကို​ပေးခဲ့တဲ့ဇွဲဆုဟာ ဒီလိုရူးရူး​ပေါ​ပေါလုပ်​ဖို့မှ မဟုတ်​လေပဲ။

သန့်​ရှင်း​ရေးပြီးချိန်​မှာ လက်​ဆေးဖို့ရန်​နား​နေခန်း​ရှေ့ လက်​ဆေးကန်​ဆီထွက်​လာ​တော့​တစ်​ချိန်​ကုန်​ခါနီး​လေပြီ။ဟော ဒီ​လောက်​အချိန်​ကုန်​သွား​လေပြီလား။ရေတစ်​ခွက်​ခပ်​ရင်း လက်​ကို​ရေ​လောင်းချပြီးမှ ဆပ်​ပြာတိုက်​လေ​တော့ ဆပ်​ပြာပို​ချော​တော့​ရေခွက်​က မမီတမီနဲ့ တိုက်​ချသလိုဖြစ်​ပြီး ကန်​ထဲ ပြုတ်​ကျ​လေခြင်း။ အိမ်း အလျင်​လိုအ​နှေးဖြစ်​။

ဗြုန်းကနဲ ကန်​ထဲကခွက်​ကို​ဆယ်​ရင်း လက်​ပေါ်ကို​ရေ​လောင်းချလာသူကို ငုံ့ကိုင်း​နေရာမှ​မော့ကြည့်​မိ​တော့ ..........

" တည်ကြည် "
" ......."

နေစူးစူး​အောက်​မှာ မျက်​မှောင်​ကြုံ့ရင်း​မောင့်​ကို တစ်​ခွန်းမှမ​ပြောပဲ​ရေသာတစ်​ခွက်​ပြီးတစ်​ခွက်​လောင်းချ​ပေး​နေ​တော့၏။

"​အတန်းမတက်​ဘူးလား တည်ကြည် အချိန်​မကုန်​သေးဘူးမလား "
" ...... "

အလို ဘာဆိုဘာမှမ​ဖြေ။

"​တော်​ပြီ တည်ကြည်ရပြီ ဆပ်​ပြာ​ပြောင်​ပြီဟ "

ထို​တော့မှ ရပ်​ကာ​စောင့်​နေ​တော့၏။သူဘာများဖြစ်​နေပါလိမ့်​။ ဘယ်​သူက ဘာ​ပြောလိုက်​ပါလိမ့်​။

နား​နေခန်းထဲက လွယ်​အိတ်​ကို ဆွဲယူရင်း သူ့ကိုပါ ဆွဲ​ခေါ်ရသည်​။

" အတန်းသွားတက်​ရ​အောင်​နော်​"

ထို​တော့မှ မျက်​မှောင်​က​ပြေသည်​။ အမျက်​တော်​ထွက်​နေတာက​မောင့်ကိုလားဗျာ။ အလို​သူ့ကိုဘာအမှားများလုပ်​ထားမိပါလိမ့်​။ စဉ်းစားစမ်း။

ရည်းစားဦး ( Completed )Where stories live. Discover now