ကျွန်တော်ချစ်တဲ့ဦး 💕💕💕
အပိုင်း ( ၁ )
'ဟီး. . ဟီး. . . ဟီး. . . မမ. .မေမေကို ခေါ်လို့မရတော့ဘူး. . . လုပ်ပါအုံး. . ..ေမေမေကိုနှိုးပေးပါအုံး. . ဟီး. . ဟီး. . ဟီး. . . ´
'Perthလေးရယ် . . မငိုပါနဲတော့နော်. .. . Perthလေးဘေးမှာ မမတစ်ယောက်လုံးရှိသေးတယ်. . မငိုနဲ့တော့နော်. . . Perthလေးငိုရတာအရမ်းပင်ပန်းနေပီ တိတ်တော့နော်. . . မေမေစိတ်ချလက်ချအနားယူပါစေ. . Perthလေးကမေမေစိတ်ချလက်ချနဲ့ဘဝကူးလို့ရအောင်တိတ်တော့နော်. . ... မမရဲ့မောင်လေးကလိမ်မာပါတယ်. . . နော်.. . ´
ခုမှ အသက်(၁၃)သာရှိသေးတဲ့ ငိုနေတဲ့ Perthလေးကိုကြည့်ပီး ဝမ်းနည်းမိတယ်. . Perthလေး လူ့ဘဝကိုစရောက်တဲ့နေ့ (Perthလေးမွေးတဲ့နေ့)မှာပဲ ဖေဖေက ကားအက်စီးဒင့် ဖြစ်ပီးဆုံးပါတယ်. . . သတ္တိခဲမေမေက နောက်အိမ်ထောင်ထပ်မပြုပဲ ဖေဖေရှာဖွေခဲ့တဲ့ ပစ္စည်းဥစ္စာအနည်းအပါးကိုအရင်းပြုပီး ကုန်စုံဆိုင်လေးဖွင့်ကာ ကျွန်မတို့မောင်နှမနှစ်ယောက်ကိုလုပ်ကိုင်ကျွေးမွေးခဲ့တယ်. . . လုပ်ငန်းလေးလည်ပတ်ပီး စီးပွားရေးလေးပြေလည်ကာစပြုလာတဲ့အချိန်... ကျွန်မတို့မိသားစုပျော်ရမယ့်အချိန်လေးမှာ. . မေမေရုတ်တရက်မူးလဲပီးဆေးရုံတင်လိုက်ရတယ်. . ဆေးရုံရောက်တော့ဆရာဝန်တေရဲ့ စမ်းသပ်စစဆ်ဆေးမှုတေလုပ်ပီးတဲ့အခါမှာ. . . ကျွန်မတို့သိလိုက်ရတာက မေမေ့ဆီမှာ အသဲကင်ဆာဖြစ်နေတယ်တဲ့ ကင်ဆာဆဲလ်တေလဲ အရမ်းကိုပြန့်နေပီတဲ့ ကုဖို့မမီနိုင်တော့ဘူးတဲ့. . သားသမီးတေမသိအာင် ဝေဒနာကိုကြိတ်ခံစားခဲ့တဲ့မေမေ....မေမေရဲ့ရောဂါအခြေအနေကိုသိပီးတာတောင် သမီးတို့ဘာမှမလုပ်ပေးနိုင်ခဲ့ဘူး. . သမီးတို့ကိုခွင့်လွှတ်ပါမေမေ. . . နောက်ဘဝမှာ မေမေနဲ့ပြန်ဆုံခဲ့လို့ရှိရင် သမီး ခုဘဝမှာတင်နေတဲ့မေမေတို့ကျေးဇူးတေကိုသမီးပြန်ဆပ်ပ့မယ်. . . ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘမဲ့ဖြစ်သွားတဲ့ သမီးရဲ့မောင်လေး မေမေ့ရဲ့ချစ်သားလေးကို သမီးဂရုတစိုက်ပြုစုပျိုးထောင်သွားပ့မယ်မေမေ. . မောင်လေးကို မေမေအရမ်းဖြစ်စေချင်တဲ့ ဆရာဝန်ကြီးဖြစ်အောင် သမီးကြိုးစားသွားပ့မယ်မေမေ. . သမီးကတိပေးပါတယ်နော်. . မေမေကောင်းရာမွန်ရာဘဝကိုရောက်ပါစေ. . . မေမေနဲ့ဖေဖေအတွက် သမီး ကောင်းမှုကုသိုလ်တေ အမြဲလုပ်ပေးသွားပါ့မယ်နော်. . . မေမေစိတ်ချလက်ချ အနားယူပါမေမေ. . . . . .
YOU ARE READING
ကျွန်တော်ချစ်တဲ့ဦး💕💕💕💕
Romanceကျွန်တော်ချစ်တဲ့ဦး💕💕💕💕 အမဖြစ်သူကအငှါးကိုယ်ဝန်ဆောင်လုပ်ဖို့လက်ခံလိုက်ပီး သနေ္ဓအောင်မြင်ပီး ကိုယ်ဝန်ရှိလာတဲ့အချိန်ရောက်မှ အမဖြစ်သူကိုအငှါးကိုယ်ဝန်ဆောင်ဖို့ငှါးရမ်းထားတဲ့သူေဋ္ဌးလင်မယားက ရုတ်တရက် ကား Accident ဖြစ်ပီးဆ...