ကျွန်တော်ချစ်တဲ့ဦး 💕💕💕💕
အပိုင်း ( ၂၀ )
'မေမေရေ. . . . မေမေ့. . . ´
အပေါ်ထပ်ကနေ လှေကားထစ်ကိုပြေးဆင်းလာရင်း. . . .ကျွန်မကိုအသည်းအသန်ခေါ်နေတဲ့. . . ကျွန်မရဲ့အချစ်ဆုံးလေး. . ကျွန်မလဲသူ့ကိုစချင်တာနဲ့. . . အသံမပြုပဲ တိတ်တိတ်လေးနေပြီး. . မီးဖိုချောင်အလုပ်ကိုလုပ်မြဲအတိုင်းလုပ်နေလိုက်တယ်. . . . မကြာပါဘူး.......ကျွန်မအချစ်ဆုံးလေးအသံတိတ်သွားလို့ လှည့်ကြည့်လိုက်တော့. . မီးဖိုခန်းအဝမှာ. . . ကျွန်မကို မျက်စောင်းကြီးထိုးပြီး. . . နှုတ်ခမ်းကိုထော်ထားလေရဲ့. . . ကျွန်မလဲ. . မသိချင်ယောင်ဆောင်ပြီး. . .
'ဟော. . မေ့အချစ်ကလေး. . ဘယ်ချိန်ထဲကရောက်နေတာလဲ. . . ကြည့်ပါအုံး ဗိုက်ဆာလို့ထင်တယ်. . နှုတ်ခမ်းကြီးတောင် တော်တော်ထော်နေပီ. . . . ဟယ်. . . ဘုရား ဘုရား. . .မေ့သားလေး မျက်လုံးတေထောင့်ကပ်နေတယ်. . . . မဖြစ်ဘူး. . မဖြစ်ဘူး. . . ဆေးခန်း သွားပြမှဖြစ်မယ်. . . သွားမယ်လာ. .လာ. . . ..အမေ့သားချောချောလေးကို ဘာမှအဖြစ်မခံနိုင်ဘူး. . . ´
ကျွန်မ စ နေတဲ့အချိန် သားသားရဲ့မျက်နှာကြီးဆိုတာကလေ နီရဲနေတာပဲ. . . ..သူ့ကိုဆေးခန်းသွားမယ်ဆိုပြီးလက်လဲအတင်းဆွဲရော. . . ထအော်ပါရော. .....
'မေ........မေ့. . . . ´
အမလေး သားသားအော်လိုက်တဲ့အသံကြောင့် ကျွန်မတင်မဟုတ်ပဲ. . အပေါ်ထပ်က သူ့အခန်းထဲမှါ အိပ်နေတဲ့ သူ့ဦးဦးပါ. . အပေါ်ထပ်ကနေပြေးဆင်းလာရတဲ့အထိပဲ. . . . Perthဆိုတာကလဲ. . အိပ်မှုံစုံမွှား နဲ့ဆင်းလာပြီးအောက်ရောက်တာနဲ့. . .
'ဘာဖြစ်လို့လဲ. . . Saintလေးဘာဖြစ်လို့လဲ. . . ဘယ်နားထိသွားသေးလဲ.. . နာနေလား. . . ´
ကျွန်မလေ သားသားနဲ့Perthကိုကြည့်ပီး ရယ်ချင်လိုက်တာပြောမနေနဲ့. . . . ရယ်သံထွက်မသွားအောင် မနဲထိန်းထားရတယ်.......
YOU ARE READING
ကျွန်တော်ချစ်တဲ့ဦး💕💕💕💕
Roman d'amourကျွန်တော်ချစ်တဲ့ဦး💕💕💕💕 အမဖြစ်သူကအငှါးကိုယ်ဝန်ဆောင်လုပ်ဖို့လက်ခံလိုက်ပီး သနေ္ဓအောင်မြင်ပီး ကိုယ်ဝန်ရှိလာတဲ့အချိန်ရောက်မှ အမဖြစ်သူကိုအငှါးကိုယ်ဝန်ဆောင်ဖို့ငှါးရမ်းထားတဲ့သူေဋ္ဌးလင်မယားက ရုတ်တရက် ကား Accident ဖြစ်ပီးဆ...