အပိုင်း ( ၆ )
'ဦးဦးရေ ဦးဦး. . . . ´
အခန်းအပြင်ကထဲက အော်ပီးပြေးဝင်လာတဲ့ Saintလေး. . . . . ကျွန်တော်လဲ Saintလေးဝင်လာတာမို့ ဖတ်လက်စစာအုပ်လေးကိုပိတ်လိုက်ပီး. . ..
'Saintလေး. . . ဘာလို့ပြေးလာရတာလဲ ဖြေးဖြေးလာပါ. ... အာ့လိုပြေးလာရင်းတစ်ခုခုတိုက်မိပီးချော်လဲရင်ဘယ်လိုလုပ်မလဲ. . . ´
'ဦးဦး ကလဲ. . . ဒီအိမ်ကSaintလေးဟိုးငယ်ငယ်လေးထဲကနေလာတဲ့အိမ်ပါ. . ဒီအိမ်ထဲကဘယ်နေရာမဆိုမျက်စိမှိတ်ပီးသွားနိုင်ပါတယ်ဟွန့်. . . ´
သူ့ကိုစိတ်ပူလို့ပြောတာကို မျက်စောင်းလေးထိုးနှုတ်ခမ်းလေးထော်ပီးခွန်းတုံ့ပြန်နေတယ်. ....
'ဟုတ်ပါပီ . . . . ဦးဦးကစိတ်ပူလို့ပြောတာပါ. . . ဒါနဲ့ Saintလေးက ဘာပြောမလို့ရေးကြီးသုတ်ပျာနဲ့ဝင်လာတာလဲ. . . ´
လိုရင်းကိုမေးလိုက်တော့မှာ မတ်တပ်ရပ်နှုတ်ခမ်းထော်နေတဲ့Saintလေးက ကျွန်တော်ထိုင်နေတဲ့နေရာနဲ့နီးတဲ့ကုတင်ပေါ်မှာထိုင်လိုက်ပီး.. .
'ဦးဦး. . . . ´
'အွန်း. . . ပြောလေ. . ´
'မနက်ဖြန် အောင်စာရင်းထွက်မှာတဲ့. . . . ´
'အွန်းလေ. . . ဟုတ်တယ်. . . အာ့ဖြစ်လို့လဲ. . . .Saintလေး. . ´
'Saintလေး ရင်တေတုန်နေတယ်. . . ပီးတော့ကြောက်လဲကြောက်တယ်. . ....Saintလေး ဆေးကျောင်းတက်ခွင့့်မရမှာကြောက်တယ် ဦးဦး. . . ´
Saintလေးစိတ်ပူနေတာမျက်နှာမှာအထင်းသားရယ်. . . ကျွန်တော်ထိုင်ခုံပေါ်ကထပီး Saintဘေးမှာပြောင်းထိုင်ပီး. . . သူ့ပုခုံးနှစ်ဖက်ကိုကိုင်လိုက်ပီး. . .
'ဒီမယ်. . . ဦးဦး မျက်နှာကိုသေချာကြည့်. . . . Saintလေး. . . ´
သူကျွန်တော်မျက်နှာကိုသေချာကြည့်လာတဲ့အခါ. . .
'ဦးဦး ရဲ့ Saintလေးက စာတော်ပီးသား. . . စာမေးပွဲအောင်မှာကျိန်းသေ သလို ဂုဏ်ထူးတေအများကြီးပါမှာလဲကျိန်းသေတယ်. . . . ဘာမှမကြောက်နဲ့. . . တကယ်လို့ ခြေချော်လက်ချော်ဖြစ်ပီး ဆေးမှတ်မမီခဲ့ဘူးဆိုရင်တောင် Saintလေး မငိုရဘူး စိတ်မညစ်ရဘူးနော်. . . Saintလေးကြိုးစားထားတာဦးဦးတို့မျက်မြင်ပဲလေ. . . အာ့မို့ ဦးဦး ရဲ့ Saintလေးက တွေးပီးမကြောက်နဲ့. . . . နော်. . ´
YOU ARE READING
ကျွန်တော်ချစ်တဲ့ဦး💕💕💕💕
Romanceကျွန်တော်ချစ်တဲ့ဦး💕💕💕💕 အမဖြစ်သူကအငှါးကိုယ်ဝန်ဆောင်လုပ်ဖို့လက်ခံလိုက်ပီး သနေ္ဓအောင်မြင်ပီး ကိုယ်ဝန်ရှိလာတဲ့အချိန်ရောက်မှ အမဖြစ်သူကိုအငှါးကိုယ်ဝန်ဆောင်ဖို့ငှါးရမ်းထားတဲ့သူေဋ္ဌးလင်မယားက ရုတ်တရက် ကား Accident ဖြစ်ပီးဆ...