အပိုင်း ( ၁၄ )
မနက်ကကျွန်တော့်ကိုကျောင်းလိုက်ပို့တုန်းကထိအကောင်းကြီးရှိသေးတယ်. . . နေ့လည်တုန်းကလဲ ဖုန်းပြောဖြစ်ခဲ့သေးတာပဲ အာ့အချိန်ထိ အသံအနေအထားက မနက်ကလိုလန်းလန်းဆန်းဆန်းပါပဲ. . ..ဘယ်လိုဖြစ်လို့ ညနေဘက်မှ နေမကောင်းဖြစ်သွားရတာလဲ......ဒါမှမဟုတ် မတည့်တာတစ်ခုခုကိုစားလိုက်မိလို့များလား. ... . အတွေးပေါင်းသောင်းခြောက်ထောင်နဲ့ လှေကား ထစ်တေကို လှမ်းတက်နေမိတယ်........အပေါ်ဆုံးလှေကားထစ်ကိုရောက်တာနဲ့ ဦးဦး အခန်းရှိရာ ကို ဦးတည်ပီး မြန်မြန်သွက်သွက်လျှောက်သွားပီး အခန်းရှေ့ရောက်တော့ တံခါးမခေါက်တော့ပဲ တံခါးလေးကို အသာဖွင့်ပီး အထဲကိုကြည့်လိုက်တော့. . . . စောင်ပုံထဲမှာ ဘေးတစောင်းလေးအိပ်နေတဲ့ ဦးဦး. . . ... ဦးဦး အိပ်နေတဲ့ကုတင်ဆီကို ခြေဖွဖွလေးနင်းပီး ချဉ်းကပ်သွားလိုက်တယ်. . ....ဦးဦး အနားရောက်လို့. . . . နဖူးကိုစမ်းကြည့်တော့. . . . သာမန်အပူချိန်အတိုင်းပဲ . . ..အရမ်းဖျားနေတာမဟုတ်တော့. ... ကျွန်တော် စိတ်ပူနေတာနည်းနည်းသက်သာသွားတယ်. ....ဦးဦးက စောင်ကို တစ်ကိုယ်လုံးလုံအောင်ခြုံထားတာမို့ တော်ကြာချွေးနဲ့အအေးပတ်ပီး ပိုပီးဖျားမှာစိုးရိမ်ရတာမို့ စောင်အထူကိုဖယ်ပီး စောင်ပါးလေးကို ခေါင်းလည်လောက်ထိခြုံပေးပီး. . . Air-Conကိုလဲ နည်းနည်းလျော့ပေးပီး. . . . စိတ်ချရပီမို့. . . . အခန်းပြန်ပီး ယူနီဖောင်းလဲဖို့ ထွက်လာခဲ့လိုက်တယ်. . . .အဝတ်အစားလဲ ရေမိုးချိုးပီးတာနဲ့. ......ဦးဦး အခန်းကို နောက်တစ်ခေါက်ထပ်ဝင်ကြည့်တော့ ဦးဦးက အိပ်ပျော်ဆဲပဲ. . ....အာ့မို့....အောက်ထပ်ကို ဆင်းလာပီး
.... .'မေမေ. . . မေမေရေ........´
'သားသားရေ မေမေ မီးဖိုချောင် ထဲမှာ . . ´
'ဟုတ်. . . သားသား ဝင်လာခဲ့မယ်မေမေ´
'လာလေ သား..´
မီးဖိုချောင်ထဲရောက်တော့. ....ဘုရားပန်းတေလဲနေတဲ့ မေမေကိုတွေ့တော့. ........
YOU ARE READING
ကျွန်တော်ချစ်တဲ့ဦး💕💕💕💕
عاطفيةကျွန်တော်ချစ်တဲ့ဦး💕💕💕💕 အမဖြစ်သူကအငှါးကိုယ်ဝန်ဆောင်လုပ်ဖို့လက်ခံလိုက်ပီး သနေ္ဓအောင်မြင်ပီး ကိုယ်ဝန်ရှိလာတဲ့အချိန်ရောက်မှ အမဖြစ်သူကိုအငှါးကိုယ်ဝန်ဆောင်ဖို့ငှါးရမ်းထားတဲ့သူေဋ္ဌးလင်မယားက ရုတ်တရက် ကား Accident ဖြစ်ပီးဆ...