ကျွန်တော်ချစ်တဲ့ဦး💕💕💕
အပိုင်း (၂၁)
ကျွန်တော်ရဲ့စိတ်တေလေးလံထိုင်းမှိုင်းနေသလို လူကလဲအလုပ်သွားဖို့အတွက် စိတ်မပါဖြစ်နေတယ်. . . . ညက. . . ကျွန်တော်တို့နှစ်ယောက်ကိုမြင်ပြီး. . . . မမတော်တော်ရှော့ရသွားတယ်ထင်တယ်. . . . ညက. . Saintလေးလဲ စိတ်မကောင်းဖြစ်ပြီးအရမ်းငိုနေတာမို့ ချော့မော့ပြီး သူ့အခန်းထဲကိုပို့. . . . သူအိပ်မှ သူ့ကိုစောင်ခြုံပေးပြီး. . . ထွက်လာခဲ့လိုက်တယ်. . Saintလေးအခန်းကနေထွက်ပြီး ကျွန်တော်အခန်းကိုမသွားပဲ မမအခန်းရှိရာ. . အောက်ထပ်ကိုဆင်းလာခဲ့လိုက်တယ်. . မမအခန်းရှေ့ရောက်ေတာ့...အခန်းတံခါးကိုဖွဖွလေးထုပြီး မမကိုလှမ်းခေါ်ပေမယ့်. . အခန်းထဲကဘာသံမှထွက်မလာဘူး. . . . ခုလိုတေဖြစ်တာ သူ့ကြောင့်ဆိုပြီး တစ်ယောက်ထဲအပြစ်တင်ဝမ်းနည်းဒေါသတေထွက်နေမှာ. . ကျိန်းသေတယ်. . .ငယ်ငယ်လေး ထဲကကျွန်တော့်အပေါ်မှာအမြဲအလိုလိုဦးစားပေးခဲ့တဲ့ မမရဲ့စိတ်ကိုကျွန်တော်အသိဆုံးမို့. . .မမအပေါ်အားလဲနာမိသလို . . တစ်နေ့ဒီလိုတေဖြစ်လာမယ်ဆိုတာသိသိရက်နဲ့မိုက်မဲခဲ့တဲ့ကိုယ့်ကိုယ်ကိုလဲဒေါသထွက်မိတယ်. . . . ဒါပေမယ့်. . . ကျွန်တော်မှsaintလေးကိုမချစ်ပဲမနေနိုင်တာ . . . အာ့မို့ ဖြစ်သမျှကိစ္စတေအားလုံးအတွက် perthတစ်ယောက်ထဲပဲ အပြစ်ခံယူပါရစေ. . . . . . မမရယ်. . . . ကျွန်တော် မမအခန်းတံခါးကိုထပ်ထုလိုက်ပြီး. . . .
'မမ. . . . မမကို. . . Perthတောင်းပန်ပါတယ်ဗျာ. . . မသင့်ေတာ်မှန်းသိရဲ့သားနဲ့ perth ရှေ့ဆက်တိုးမိခဲ့တယ်. . . အပြစ်တင်မယ်ဆိုလဲ perthကိုပဲအပြစ်တင်ပါ saintလေးကိုအပြစ်မတင်ပါနဲ့. . မုန်းလဲမမုန်းလိုက်ပါနဲ့ . . . ကျေးဇူးပြုပြီး သူ့ကိုစိတ်မဆိုးပါနဲ့နော်. . .အားလုံး perthအပြစ်တေပါ. . . မမပေါက်ကွဲချင်တယ်ဆို. . . အခန်းထဲကထွက်ပြီး. . Perthကိုပေါက်ကွဲလိုက်ပါ. . . ခုလိုမျိုးကြီးမနေပါနဲ့. . . . Perthတောင်းပန်ပါတယ်. . . . Perthမျက်နှာကို မမြင်ချင်ဘူးဆိုလဲ. . . Perthထွက်သွားပေးပ့မယ်. . . . . ခုလိုမျိုး. . . တစ်ယောက်ထဲ ကြိတ်ဒေါသထွက်မနေပါနဲ့. . . . . Perthတောင်းပန်ပါတယ်. . ´
YOU ARE READING
ကျွန်တော်ချစ်တဲ့ဦး💕💕💕💕
Romansaကျွန်တော်ချစ်တဲ့ဦး💕💕💕💕 အမဖြစ်သူကအငှါးကိုယ်ဝန်ဆောင်လုပ်ဖို့လက်ခံလိုက်ပီး သနေ္ဓအောင်မြင်ပီး ကိုယ်ဝန်ရှိလာတဲ့အချိန်ရောက်မှ အမဖြစ်သူကိုအငှါးကိုယ်ဝန်ဆောင်ဖို့ငှါးရမ်းထားတဲ့သူေဋ္ဌးလင်မယားက ရုတ်တရက် ကား Accident ဖြစ်ပီးဆ...