အပိုင်း ( ၄ )
အရင်ကအရမ်းပွင့်လင်းအရမ်းခင်စရာကောင်းပီး ကျွန်တော့်ကိုအမြဲကူညီပေးနေတဲ့ ချွန်ပူးက ကျွန်တော်နေတဲ့အိမ်ကိုဆိုင်းမဆင့်ဘုံမဆင့်ရောက်လာတယ်. . . ရောက်လာတယ်ဆိုတာကလဲ ရိုးရိုးသူငယ်ချင်းအနေနဲ့ရောက်လာခြင်းမဟုတ်ပဲ ကျွန်တော့်ကိုချစ်ရေးဆိုဖို့ရောက်လာခြင်းဖြစ်တယ်. . .ကြားကြားခြင်းကျွန်တော်စိတ်ဆိုးမိတာအမှန်ပါ. . . အာ့မို့လဲ ချက်ချင်းအိမ်ကနေအမြန်ဆုံးထွက်သွားဖို့ပြောလိုက်တာပါ. . . အမှန်တကယ်ဆို သူရုပ်ရည်သူ့အရည်အချင်းသူ့အသိုင်းအဝိုင်းသူတို့မိသားစုရဲ့အခြေအနေနဲ့ဆို. . . ခုလိုကျွန်တော့်ကိုဖွင့်ပြောဖို့အတွက် သူ့မာနတေခဝါချခဲ့တယ်ဆိုတာ မလွဲဧကန်ပါပဲ. . . . မမသာဒီအကြောင်းကိုသိရင်. . . ကျွန်တော့်ကို ချွန်ပူးဆီအရောက်ပို့မှာကျိန်းသေတယ်. . . ဘာလို့လဲဆို သူချွန်ပူးကိုမြင်ထဲကအရမ်းသဘောကျနေတာ. . လူရှေ့သူရှေ့မှာSaintလေးကိုဆူတာမကြိုက်တဲ့မမက ချွန်ပူးရှေ့မှာ သူအရမ်းချစ်ရတဲ့Saintလေးကို ဆူခဲ့ရိုက်ခဲ့တာ ကျွန်တော့်မျက်မြင်ပင်. . . . ကျွန်တော်သာ ချွန်ပူးကိုလက်ခံလိုက်မယ်ဆို. . . မမကတော့အရမ်းပျော်နေမှာအမှန်ပင်. . . ဒါပေမယ့် Saintလေးရဲ့အကြည့်တေကနေ ချွန်ပူးကိုသဘောမကျဆိုတာမြင်နေရတယ်. . . စိတ်ချပါSaintလေးရေ ဦးဦးက Saintလေးမကြိုက်တဲ့အရာတေမှန်သမျှကို ဘာတစ်ခုမှမလုပ်ပါဘူး. . . . . အယ်. . ဒါနဲ့ Saintလေး မမခွံ့ကျွေးတဲ့ထမင်းကိုစားမှစားပ့မလား. . . . ပီးတော့မမရိုက်လို့သူအရမ်းငိုနေတုန်းပဲလား. . . ဦးဦး ကိုအရမ်းစိတ်ဆိုးနေပီလား... . . မဖြစ်ဘူးမဖြစ်ဘူး. ....Saintလေးကိုသွားရှာမှပဲ. . .
'မမရေ မမ. . ´
ခြံထဲကနေ အိမ်ထဲကို မမဆိုပီး အပြေးဝင်လာတဲ့ ကျွန်မရဲ့တစ်ဦးတည်းသောမောင်လေး. . .
'ဟဲ့. . . Perth. . .ကိုယ့်အိမ်ထဲဝင်လာတာကိုဘာလို့ ခုလိုအသည်းအသန်ပြေးဝင်လာရတာလဲ. . ´
YOU ARE READING
ကျွန်တော်ချစ်တဲ့ဦး💕💕💕💕
Roman d'amourကျွန်တော်ချစ်တဲ့ဦး💕💕💕💕 အမဖြစ်သူကအငှါးကိုယ်ဝန်ဆောင်လုပ်ဖို့လက်ခံလိုက်ပီး သနေ္ဓအောင်မြင်ပီး ကိုယ်ဝန်ရှိလာတဲ့အချိန်ရောက်မှ အမဖြစ်သူကိုအငှါးကိုယ်ဝန်ဆောင်ဖို့ငှါးရမ်းထားတဲ့သူေဋ္ဌးလင်မယားက ရုတ်တရက် ကား Accident ဖြစ်ပီးဆ...