ကျွန်တော်ချစ်တဲ့ဦး💕💕💕
အပိုင်း ( 24 )
အိမ်တံခါးမကြီးကိုဖွင့်လိုက်တဲ့အချိန်. . .တိတ်ဆိတ် နေတဲ့အိမ်ကြီးကိုကြည့်ပြီး ကျွန်မရင်ထဲရုတ်တရက်ဝမ်းနည်းလာပြီးမျက်ရည်ဝဲမိတယ်. . . ဘာလို့ဆို အရင်အချိန်တေကိုပြန်သတိရမိလို့ပါပဲ. . . ကျွန်မလာလည်မယ်လို့အကြောင်းကြားလိုက်တာနဲ့. . . . လေဆိပ်ထိတကူးတကလာကြိုတတ်တဲ့ကလေးငယ်လေးရယ်. . ကျွန်မကိုခံတွင်းတွေ့အောင်အမျိုးမျိုးချက်ပြုတ်ကျွေးမွေးတတ်တဲ့. . ကျွန်မအချစ်ဆုံးသူငယ်ချင်းရယ်. . ကျွန်မကို အမလိုတစ်မျိုးသူငယ်ချင်းလိုတစ်မျိုး. . တိုင်တိုင်ပင်ပင်နဲ့အမြဲနွေးနွေးထွေးထွေးကြိုဆိုပေးတဲ့. . . ကျွန်မရဲ့သွေးသားရင်းမောင်လေးတစ်ယောက်လို့ချစ်ရတဲ့သူ. . . . သူတို့သုံးယောက်ကို ဒီအိမ်ကြီးမှာ. . အရင်လိုပျော်ပျော်ရွှင်ရွှင်နဲ့ပြန်မြင်ချင်တယ်. . . . . အာ့ကျွန်မရဲ့အဖြစ်ချင်ဆုံးဆန္ဒတစ်ခုပါပဲ. . . . . . အိမ်ထဲဝင်လိုက်ပြီး. . . . Perthကိုမတွေ့တာကြောင့် သူအခန်းမှာရှိမယ်ထင်ပြီး အပေါ်ထပ်ကိုတက်လာခဲ့လိုက်တယ်. . . အခန်းတံခါးကိုဖွင့်လိုက်တော့. . . အဝတ်အစားတေကိုသေချာခေါက်ပြီး. . . ခရီးဆာင်အိတ်ထဲကိုထည့်ရင်း. . ငိုကြွေးနေတဲ့ ကောင်လေး. . . . . . .
'perth. . . မင်းတကယ်ထွက်သွားမှာလား. . . ´
သူကျွန်မဘက်လှည့်လာပြီး. . . . .
'မမ. . . ကျွန်တော်. . . Saintလေးမရှိရင်. . မနေနိုင်လောက်ဘူး. . . ကျွန်တော်ဘယ်လိုလုပ်ရမလဲ. . . . ´
ဆိုပြီး. . . . ကလေးတစ်ယောက်လိုငိုကြွေးနေပြန်တယ်. . . ကျွန်မလဲ သူအနားကိုတိုးသွားလိုက်ပြီး. . . ကုတင်ပေါ်ထိုင်နေတဲ့သူ့ကို ကျွန်မရင်ခွင်ထဲထည့်ပြီးငိုကြွေးစေလိုက်တယ်. . . . .
'perthရယ်. . . . မမchen. . . Perthကို. . ဘယ်လိုနှစ်သိမ့်ပေးရမလဲ. .မသိတော့ဘူး . ဒါပေမယ့်. . . Perthကိုမမပြောချင်တာက. . . Nukကိုစိတ်မဆိုးပါနဲ့နော်. .သူမင်းတို့ကိုအရမ်းချစ်တယ်ဆိုတာသိတယ်မို့လား. . .´
![](https://img.wattpad.com/cover/178877677-288-k304775.jpg)
YOU ARE READING
ကျွန်တော်ချစ်တဲ့ဦး💕💕💕💕
Storie d'amoreကျွန်တော်ချစ်တဲ့ဦး💕💕💕💕 အမဖြစ်သူကအငှါးကိုယ်ဝန်ဆောင်လုပ်ဖို့လက်ခံလိုက်ပီး သနေ္ဓအောင်မြင်ပီး ကိုယ်ဝန်ရှိလာတဲ့အချိန်ရောက်မှ အမဖြစ်သူကိုအငှါးကိုယ်ဝန်ဆောင်ဖို့ငှါးရမ်းထားတဲ့သူေဋ္ဌးလင်မယားက ရုတ်တရက် ကား Accident ဖြစ်ပီးဆ...