အပိုင်း ( ၃ )
'ဦးဦး . . . . ဦးဦးရေ. . . ဦးဦးလို့. . .Saintလေးနှိုးနေတယ်လေ. . . ထတော့လို့. . . ဦးဦးလို့. . . ´
'. . . . . . . ´
'ဦးဦး မထဘူးလား. . . Saintလေး စိတ်ဆိုးတော့မှာနော်. . ဦးဦးလို့. . ´
ပိတ်ရက်မို့အိပ်ရေးဝဝအိပ်မယ်လို့ကြံရွယ်ထားတဲ့ကျွန်တော့်ကို မရမကလာနှိုးနေသော Saintလေး. . .သူ စ နှိုးကထဲက ကျွန်တော်နိုးနေတာပါ ဒါပေမယ့် သူ့ကိုစချင်လို့ အိပ်ချင်ယောင်ဆောင်နေတာ. အာ့ကို ငိုမဲ့မဲ့အသံလေးနဲ့ Saintလေးစိတ်ဆိုးတော့မှာနော်လို့ သတိပေးနေတဲ့ ကလေးလေး . . . ကျွန်တော်မျက်လုံးဖွင့်မယ်ကြံတော့. .ကျွန်တော့်အခန်းတံခါးကိုတွန်းပီး Saintလေးကိုခေါ်ဖို့ဝင်လာတဲ့ မမ. . .
'သားသားရေ. . . ဦးဦးကိုမနှိုးပါနဲ့. . . ဦးဦးကပိတ်ရက်လေးပဲအိပ်ရတာကို. . . မေမေ့သားလေးက လိမ်မာပါတယ်. ....လာ. . မေမေ့နဲ့အတူအောက်မှာ မနက်စာစားရအောင်. . . သားသားကြိုက်တဲ့ပူတင်းကိတ်လေးမေမေလုပ်ပေးထားတယ်. . .သွားစားရအောင်နော်. . . ´
'အဟင့်. . . . အဟင့်. . . . သားသားက ဦးဦးနဲ့အတူတူ စားချင်တာကို. . . ..´
'သားသား. . . မေမေပြောပြီးပြီလေ. . . ဦးဦးကပိတ်ရက်လေးပဲအေးအေးဆေးဆေးအိပ်ရတာလို့. . .ကဲ သားသားကိုမေမေတစ်ခုမေးမယ်. . . ဦးဦးကိုမချစ်ဘူးလား. . ´
'ဦးဦကို သားသားအရမ်းချစ်တာပေါ့ရို့ . . . အာ့မို့ သားသားကဦးဦးနဲ့တူတူစားချင်တာ. . ´
'သားသားက တူတူစားချင်လို့ဦးဦးကသားဆန္ဒကို လိုက်လျောပေးပီး စောကြီးထရလို့ ဦးဦးအိပ်ရေးမဝဖြစ်ပီးခေါင်းကိုက်ရင် သားသားကစိတ်ချမ်းသာမှာလား. . ´
'အဟင့်. . ဦးဦးက သားသားနှိုးလို့ အိပ်ရေးမဝရင် ခေါင်းကိုက်မှာလားမေမေ. . . ´
'ဟုတ်တယ် ဦးဦးခေါင်းကိုက်မှာ. . . ´
'အာ့ဆို. . . ဦးဦး. . အရမ်းနာမှာပေါ့နော်. . . ´
YOU ARE READING
ကျွန်တော်ချစ်တဲ့ဦး💕💕💕💕
Romanceကျွန်တော်ချစ်တဲ့ဦး💕💕💕💕 အမဖြစ်သူကအငှါးကိုယ်ဝန်ဆောင်လုပ်ဖို့လက်ခံလိုက်ပီး သနေ္ဓအောင်မြင်ပီး ကိုယ်ဝန်ရှိလာတဲ့အချိန်ရောက်မှ အမဖြစ်သူကိုအငှါးကိုယ်ဝန်ဆောင်ဖို့ငှါးရမ်းထားတဲ့သူေဋ္ဌးလင်မယားက ရုတ်တရက် ကား Accident ဖြစ်ပီးဆ...