ကျွန်တော်ချစ်တဲ့ဦး 💕💕💕
အပိုင်း (၁၇)
(အပိုင်း ၁၆ က နောက်ဆုံးပိုင်းနဲ့တစ်ရက်ထဲပါနော်)
Saintလေးကိုနှုတ်ဆက်ပြီး. . . တီChenကို အပြင်လိုက်ပို့ဖို့ အောက်ကိုဆင်းလာခဲ့လိုက်တယ်. . အောက်ရောက်တော့. . .
'အမလေး. . Perthရယ်. . ဆင်းလာတော့လဲ ဒီပုံပါပဲလား. . . အာ့ကို ဘာတေကြာနေတာလဲ. . . ဒီအမက တော့ အပြင်သွားဖို့အတွက်ပြင်ဆင်နေတယ်ထင်နေတာ. . . . ဒါနဲ့ မျက်နှာကြီးကလဲ ဖြီးလို့. . . ´
'ဟိ. . ဟိ. . . မမChen . . ကျွန်တော်လေ. . ´
'ဒီမောင်နှမတေ. . ဘယ်သွားကြမလို့လဲ. . . ´
Saintလေးနဲ့ကျွန်တော့်အကြောင်းကိုပြောမလို့ရှိသေး. . . မမNuk က ကျွန်တော့်နောက်ကျောဘက်ကနေ အသံပေးပြီးထွက်လာတာကြောင့် ကျွန်တော်ပြောမယ့်စကားကိုရပ်ထားလိုက်တယ်. . .
'ငါ ဝယ်စရာလေးရှိလို့. . . Perthကိုလိုက်ပို့ပေးဖို့ပူဆာထားတာ. . . အာ့အခုသွားမလို့ Nukရေ. . . နင်ရော. . လိုက်အုံးမလား. . . ´
'စောစောကသိရင် လိုက်ပါတယ်ဟယ်. . . ခုတော့မလိုက်တော့ပါဘူး. . . ဘာမှလဲမပြင်ရသေးပဲ. . . ဒါနဲ့သားသားကရော. . မလိုက်ဘူးလား. . ´
'အာ့တော့. . နင့်မောင်သာမေးကြည့် Nuk. . . ငါနဲ့Saintလေးနဲ့ခုထိမတွေ့ရသေးဘူး. . . ´
'perth. . . သားသားက မလိုက်တာလား. . . Perthတို့က ထားခဲ့တာလား. . . တော်ကြာစိတ်ဆိုးနေမှာစိုးလို့. . . ´
'သူမလိုက်တာမမ. . . Perthခေါ်ပါတယ်. . . . အပြန်ကျရင်သာ သူ့အတွက်စားစရာတေဝယ်လာဖို့မှာလိုက်တယ်. . . ´
'ဟုတ်ပီ. . ဟုတ်ပီ. . . အာ့ဆိုလဲ သွားတော့လေ. . တော်ကြာ ကားလမ်းတေပိတ်နေမယ်. . ´
'ဟုတ်မမ. . အာ့ဆို သွားတော့မယ်နော်. . ´
'Nuk အာ့ဆို ငါတို့သွားပီနော်. . နင်လိုတာရှိရင်လှမ်းမှာလိုက်ကြားလား. . ´
YOU ARE READING
ကျွန်တော်ချစ်တဲ့ဦး💕💕💕💕
Romansaကျွန်တော်ချစ်တဲ့ဦး💕💕💕💕 အမဖြစ်သူကအငှါးကိုယ်ဝန်ဆောင်လုပ်ဖို့လက်ခံလိုက်ပီး သနေ္ဓအောင်မြင်ပီး ကိုယ်ဝန်ရှိလာတဲ့အချိန်ရောက်မှ အမဖြစ်သူကိုအငှါးကိုယ်ဝန်ဆောင်ဖို့ငှါးရမ်းထားတဲ့သူေဋ္ဌးလင်မယားက ရုတ်တရက် ကား Accident ဖြစ်ပီးဆ...