My Time With You 1

2.3K 158 22
                                    

#KaiHun

My Time With You 1
#KaiHun

ဂင်​ဂျုံအင်​ တစ်​​ယောက်​မနက်​​စော​စောထ၊​ကော်​ဖီဆိုင်​သွားဖို့
ပြင်​ဆင်​ပြီး မျက်​နှာချင်းဆိုင်​အခန်းက က​လေး​လေးဆီမနက်​စာသွားပြင်​​ပေးရင်းတူတူစားရတာစာတစ်​လ​ကျော်​ပြီ​ပေါ့။အဲ့ဒီက​လေး​လေးနဲ့ချစ်​သူ​တွေဖြစ်​တည်းကဆိုပါ​တော့။တက္ကသိုလ်​​ကျောင်းသား​လေးကိုချစ်​မိတဲ့
အသက်​၃၀အရွယ်
ဂင်​ဂျုံအင်​ ခဗျာမှာသဝန်​တိုရသလို၊ဂရုလည်းစိုက်​ရသည်​။

အခုလည်းအဝတ်​အစား​သေချာ​ရွေးဝတ်​၊အကုန်​ပြင်​ဆင်​ပြီးတာနဲ့
တစ်​ဖက်​အခန်းဆီကိုသွားရပြီ။အခန်း​ရှေ့​ရောက်​​တော့သိနှင့်​ပြီးသား
လျှို့ဝှက်​နံပါတ်​ကိုနှိပ်​ပြီးအခန်းထဲဝင်​လိုက်​တယ်​။ညက​စော​စောမအိပ်​ဘဲစာကျက်​ထားသည်​ထင်​သည်​။ဧည့်​ခန်းမှာစာအုပ်​​တွေစာရွက်​​တွေကပြန့်​ကြဲ​နေ​လေရဲ့။တစ်​ရက်​​လေး..အင်း.တစ်​ည​လောက်​လာပြီးမကြည့်​မိတာနဲ့ပွယွ​နေတတ်​​တော့တာပဲ။သိမ်း​ပေးမဲ့သူရှိမှန်းသိလို့
အဲ့က​လေးက။နောက်​မှသိမ်း​ပေးဖို့ကြံပြီး အိပ်​ခန်းကိုအသာဟကြည့်​​တော့ အိပ်​ယာကသပ်​ရပ်​​နေသည်​။ရေသံလည်းကြားရသည်​မို့ဟွန်းငယ်​က​ရေချိုး​နေသည်​​နေမှာ။တံခါးကိုပြန်​ပိတ်​ခဲ့လိုက်​ပြီးမနက်​စာပြင်​​ပေးဖို့ထမင်းအိုးတည်​ရသည်​။ဟင်းအတွက်​က​တော့အရင်​​နေ့​တွေက
လုပ်​​ပေးထားတဲ့ဟင်းဗူး​တွေရှိတာမို့ပြန်​​နွေးပြီးပြင်​ထားလိုက်​သည်​၊
ထမင်းအိုးတည်​ထားတုန်းမို့ ဧည့်​ခန်းကိုပြန်​လာလိုက်​ပြီးစာရွက်​​တွေ
စာအုပ်​​တွေစီ​ပေးထားလိုက်​သည်​။တီဗွီဖွင့်​ပြီးဆိုဖာ​ပေါ်​ခြေချိတ်​ထိုင်​လို့
မနက်​ခင်းသတင်း​တွေကြည့်​​နေတုန်း အ​နောက်​က​နေသိုင်းဖက်​လာတဲ့
လက်​က​လေး။တစ်​ဆက်​တည်းပါးကိုဖိနမ်းလာတဲ့နှုတ်​ခမ်း​သေး​သေး​လေး။

'​မောနင်း ဦး~~'

'​မောနင်းဟွန်းငယ်​..'

သူ့ကိုသိုင်းဖက်​ထားတဲ့ဟွန်းငယ်​ရဲ့လက်​တစ်​ဖက်​ကိုယူလို့နမ်းရှိုက်​ရင်းဂျုံအင်​ပြန်​​ဖြေလိုက်​တယ်​။ရေချိုးပြီးခါစဟွန်းငယ်​ရဲ့လက်​ဖဝါးနုနုက
မွှေးကြိုင်​​နေ​တော့တာပဲ။

My Time With YouWhere stories live. Discover now