My Time With You 7
#KaiHun
ဟွန်းငယ်ကစာမေးပွဲဖြေပြီးပြီမို့နောက်တစ်ပတ်ဆိုအိမ်ကိုခဏပြန်တော့မည်ဖြစ်သည်။တကယ်ဆိုဒီအပတ်တည်းကပြန်ရမှာဖြစ်ပေမဲ့
ဦးနဲ့မခွဲချင်သေးဘူးဟုဆိုကာ ပေတေပြီးနေနေသည်။ဂျုံအင်ကလည်း
မခွဲချင်သေးပေမဲ့ တခဏတော့ခွဲရမည်မဟုတ်လား။အခုတလော
စာအုပ်ဆိုင်အတွက် ဆိုင်ခန်းကိုပြင်ဆင်နေပြီမို့ဂျုံအင်အလုပ်မအားသလိုဟွန်းငယ်ကိုတောင်သိပ်အချိန်မပေးနိုင်ပါ။ဟွန်းငယ်ကနားလည်ပေးပြီးကော်ဖီဆိုင်မှာနေ့တိုင်းလိုက်နေသည်။တကယ်ဆို
ဟွန်းငယ်အိမ်ကိုမပြန်ခင် အချိန်ပေးပြီးလျှောက်လည်ရမှာဖြစ်ပေမဲ့လည်းဂျုံအင်ကြိုးစားနေသမျှက ဟွန်းငယ်အတွက်ချည်းပဲမို့။စာအုပ်ဆိုင်ကိုလည်းကော်ဖီဆိုင်နဲ့ကပ်ရပ်မှာဖွင့်မည်ဖြစ်ကာ အခုဆို
ဆိုင်အတွင်းပိုင်းကိုပြင်ဆင်လို့ပြီးခါနီးနေပြီဖြစ်သည်။ကော်ဖီဆိုင်နဲ့
စာအုပ်ဆိုင်ကြားမှာတံခါးလေးလုပ်ပေးထားမည်ဖြစ်ပြီးဟိုဘက်ဒီဘက်သွားရအဆင်ပြေအောင်လုပ်ပေးထားမည်။
ဆိုင်အတွင်းကိုမျက်လုံးအေးတဲ့နို့နှစ်ရောင် နဲ့ကြည်ပြာရောင်တို့ဆေးခြယ်ထားပြီး စာအုပ်စင်တွေကိုလည်းသစ်သားစင်တွေသာသုံးထားသည်။စာဖတ်ဖို့နေရာကိုပါကျယ်ကျယ်လေးလုပ်ပေးထားပြီး အမျိုးအစားလိုက်ရှာလို့အဆင်ပြေအောင်လည်းစီစဉ်ထားပေးမည်ဖြစ်သည်။ဆိုင်ပြင်ဆင်တာပြီးခါနီးပြီမို့ ဒီနေ့တော့ ဟွန်းငယ်ကိုနေ့လည်ပိုင်းအချိန်ပေးနိုင်မည်ဖြစ်သည်။ဟွန်းငယ်ကတော့နေ့တိုင်းကော်ဖီဆိုင်ကိုလိုက်လာပြီး
ကော်ဖီဖျော်နည်းတွေကိုသင်ယူလိုက် ကောင်တာမှာထိုင်ပေးလိုက်နှင့်ပင်။ဂျုံအင်ပင်ပန်းသမျှ ဟွန်းငယ်ရဲ့မျက်နှာလေးကိုကြည့်တာနဲ့တင်ပင်ပန်းရကျိုးနပ်ရသည်။