My Time With You 3
#KaiHun
ဒီနေ့ကကျောင်းပိတ်ရက်ဖြစ်တာကြောင့် ဟွန်းငယ်ကလည်းဆိုင်ကိုတစ်နေကုန်လိုက်နေမည်ဖြစ်သည်။စာမေးပွဲနီးပြီဖြစ်တာကြောင့်တိုက်ခန်းမှာပဲစာလုပ်ပါဟုပြောသော်လည်း အကြောတင်းလေးကနားမထောင်။
စာအုပ်ယူလာပြီးကော်ဖီဆိုင်မှာလုပ်ပါမည်တဲ့။ဦး နဲ့တူတူရှိနိုင်ဖို့ဒီနည်းလမ်းကအကောင်းဆုံးဆိုပဲ။ ဂျုံအင်လည်းဒီကလေးလေးနဲ့အတူရှိချင်တာပေါ့ အချိန်တိုင်းပဲ။ဒါပေမဲ့ သူနဲ့ချစ်သူတွေဖြစ်လို့ ကလေးပညာရေးဘက်မှာလျော့ရဲသွားမှာကိုတော့မလိုလားပေ။တစ်ချိန်ကျကလေးမိဘတွေဆီဖွင့်ပြောကြတဲ့အခါ ချစ်သူဘဝမှာအမဲစက်မထင်ကျန်စေချင်။ ကလေးလည်းစိတ်ဒဏ်ရာမရအောင်အားလုံးကိုအဆင်ပြေစေချင်သည်။ အတွေးများပြီးအားလုံးကိုကြိုတင်ပြင်ဆင်တတ်တဲ့ဂျုံအင့်အနေနဲ့အရာရာကိုဂရုစိုက်နေရတာ ဟွန်းငယ်ကိုလက်မလွှတ်နိုင်လို့ပါလေ။ ဟွန်းငယ်ကတော့ လာမဲ့ကိစ္စတွေကိုမစဉ်းစားဘဲဦးနဲ့အတူရှိနိုင်တုန်းပဲအကောင်းဆုံးနေမယ်တဲ့။
ဟွန်းငယ်ကအဲ့လိုတွေးတဲ့အချိန် ဂျုံအင်အနေနဲ့တော့ဟိုး..အဝေးကြီးထိ
တွေးပြီးသွားပြီ။ ဘာလို့ဆိုသူ့ရဲ့ကျန်ရှိတဲ့ဘဝတစ်လျှောက်လုံးကို
ဟွန်းငယ်နဲ့တူတူဖြတ်သန်းသွားချင်လို့။ စိတ်ကူးထားတာတော့တစ်ဘဝလုံးစာပေါ့။ကြိုတင်မမြင်နိုင်တဲ့ကံကြမ္မာအတွက်တော့ ဟွန်းငယ်နဲ့အချိန်များများအတူရှိနိုင်အောင်ကြိုးစားနေရတာပါပဲ။
အရေးကြီးဆုံးကတော့ ဂျုံအင့်အနေနဲ့ ဟွန်းငယ်နဲ့အတူတူရှိချိန်တွေကိုတန်ဖိုးထားတတ်ဖို့ပါပဲ။ဘာဖြစ်လာမလဲမသိသေးတဲ့အနာဂတ်မှာ
ပြန်သတိရဖို့အတိတ်တွေက ကောင်းမွန်တဲ့အချိန်တွေပဲဖြစ်စေချင်သည်။ကောင်းမွန်တဲ့အတိတ်၊ကောင်းမွန်တဲ့အမှတ်တရတွေပေါ့။
အနာဂတ်အတွက်လည်းကြိုတွေးရင်း ဟွန်းငယ်နဲ့အတူရှိချိန်မှာလည်း
အကောင်းဆုံးဖြစ်အောင်နေတတ်တဲ့ဂင်ဂျုံအင်ပါပဲ။