My Time With You 6
#KaiHun
ဟွန်းငယ်ရဲ့စာမေးပွဲတွေနီးလာပြီမို့ ကျောင်းလည်းမသွားတစ်ရက်သွားတစ်ရက်နဲ့ပင်။တချို့နေ့တွေဆို Test ရှိတဲ့အချိန်လေးပဲသွားပြီးပြန်လာတဲ့နေ့မျိုးလည်းရှိသည်။ဂင်ဂျုံအင်တို့အလုပ်ရှုပ်ရပြီပေါ့။ကျောင်းနဲ့ဆိုင်နဲ့အသွားအပြန်လုပ်နေရတဲ့ဂင်ဂျုံအင်က မညီးမညူပါပဲ။ဟွန်းငယ်ကိုချစ်တာကိုး။
ဟွန်းငယ်ကျောင်းမသွားဘဲအိမ်မှာစာကြည့်သည့်ရက်တွေဆို
ဂျုံအင်ကဆိုင်မသွားဘဲတိုက်ခန်းမှာပဲနေပေးရသေးသည်။စာပုံမှန်လုပ်တဲ့ကလေးပေမဲ့ စိတ်ပူတတ်တဲ့ဟွန်းငယ်၊အမြင့်မှာမှနေချင်သည့်
ဟွန်းငယ်ကစာသိပ်လုပ်သည်။ဂျုံအင်ဆိုင်သွားပါက ဆိုင်မှာစာလိုက်ကြည့်မည်ဆိုသောကြောင့် ဂျုံအင့်မှာဆိုင်ကဝန်ထမ်းတွေကိုသာလွှဲအပ်ထားရသည်။ဆိုင်မှာဘယ်လောက်ပဲတိတ်ဆိတ်သည်ဆိုဆို
ကိုယ့်အိမ်လောက်မကောင်းဘူးလေ၊ပြီးတော့ပတ်ဝန်းကျင်ကစိတ်ဝင်စားစရာတွေသိပ်များသည်မဟုတ်လား။ဒီနေ့လည်းကျောင်းဖွင့်ရက်ပေမဲ့ဟွန်းငယ်ကကျောင်းမသွား။
မနက်၈နာရီအထိအိပ်တယ်။ဂျုံအင်အဆင်သင့်ပြင်ပေးထားတဲ့မနက်စာကိုစားပြီးတည်းက စာထိုင်ကြည့်နေလေရဲ့။ဂျုံအင်ကဘေးမှာထိုင်ပြီး
စောင့်ကြည့်နေရသည်။ဘာမှမလုပ်ဘဲဟွန်းငယ်ဘေးနားမှာထိုင်နေရတာမို့ဂျုံအင်ပျင်းလာပြီးဟွန်းငယ်ရဲ့အိပ်ခန်းထဲကစာအုပ်စင်က
စာအုပ်တစ်အုပ်ကိုယူလို့ဖတ်နေလိုက်သည်။နေ့လည်စာကိုအပြင်မှာသွားစားဖို့တွေးထားတာမို့ဂျုံအင်ဒီနေ့
ထမင်းဟင်းမချက်ရ။နေ့လည်စာအပြင်မှာစားမယ် သူ့ရဲ့ရေခဲသေတ္တာထဲရော၊ဟွန်းငယ်ရဲ့ရေခဲသေတ္တာထဲမှာပါကုန်နေတဲ့အစားအသောက်တွေ
ဟင်းသီးဟင်းရွက်တွေသွားဝယ်မယ်။ညနေစာအတွက်တော့
ဟွန်းငယ်အားရှိအောင်ကြက်သားပေါင်းကျွေးဖို့ဂျုံအင်တွေးထားသည်။
ပင်လယ်စာစားချင်တယ်လို့ခုတလောပူဆာနေတဲ့ ဟွန်းငယ်ကြောင့်
လတ်လတ်ဆတ်ဆတ်တွေဝယ်ပြီး ချက်ကျွေးဖို့ကိုလည်းတွေးထားသည်။
