My Time With You 8

640 94 4
                                    

My Time With You 8

#KaiHun

ဟွန်းငယ်​အိပ်​ပြန်​သွားပြီး​နောက်​ပိုင်း စာအုပ်​ဆိုင်​ဖွင့်​လှစ်​ဖို့ပြီးစီး​အောင်
ဂျုံအင်​ လုပ်​နိုင်​ခဲ့သည်​။ကြားထဲမှာဟွန်းငယ်​တို့လမ်းထိပ်​က​ကော်​ဖီဆိုင်​ကိုသွားပြီးဟွန်းငယ်​ကို​တွေ့ရတာတစ်​မျိုး၊ဟွန်းငယ်​ကဂျုံအင့်​ဆီလာ​တွေ့တာကတစ်​မျိုးနဲ့ အလွမ်း​တော့​ပြေရသည်​။စာအုပ်​ဆိုင်​ဖွင့်​ပဲမှာ
ဟွန်းငယ်​ကိုရှိ​စေချင်​​ပေမဲ့ ထို​နေ့ကဟွန်းငယ်​မလာနိုင်​။ဖုန်းဆက်​ပြီးသာ
ဆိုင်​ဖွင့်​ပွဲအတွက်​ဂုဏ်​ယူ​ကြောင်း​ပြောသည်​။အိမ်​ကမိန်းက​လေးတချို့နဲ့​တွေ့ခိုင်း​နေသည်​မို့စိတ်​ရှုပ်​​ကြောင်းလည်း ဂျုံအင့်​ကိုဖွင့်​ဟသည်​။
ထိုဖွင့်​ဟသံကိုကြားကြားချင်း ဟွန်းငယ်​ရဲ့လက်​ကိုဆွဲကိုင်​ပြီး
ဟွန်းငယ်​ရဲ့မိဘ​တွေ​ရှေ့သွားကာ ကျွန်​​တော်​နဲ့ဟွန်းငယ်​ကိုသ​ဘောတူ​ပေးပါဟုသာ ဖွင့်​​ပြောချင်​လာသည်​။ဟွန်းငယ်​ကငယ်​​သေးတာလည်းတစ်​​ကြောင်း၊အသိုင်းအဝိုင်းကြီးကလာတဲ့ဟွန်းငယ်​ကိုသူပြည့်​စုံ​အောင်
ထားနိုင်​​သေးပါ့မလား​တွေးပူရသည်​ကတစ်​​ကြောင်းနဲ့ ဂျုံအင့်​မှာ
ဆန္ဒကိုမျိုသိပ်​ရသည်​။ဟွန်းငယ်​ရဲ့တက်​လမ်းကိုလည်းမပိတ်​​စေချင်​​သေးပါ။ ​တောက်​ပရမည့်​ဟွန်းငယ်​ ပြည့်​ပြည့်​ဝဝ​တောက်​ပ​စေချင်​​သေးသည်​။ သို့​ပေမဲ့လုံးဝမ​မျှော်​လင့်​ထား မထင်​ထားခဲ့သည့်​ကိစ္စတစ်​ခုဖြစ်​လိမ့်​မယ်​ဆိုတာဘယ်​သူမှကြိုမသိနိုင်​ခဲ့။အရာရာအဆင်​​ပြေပါတယ်​လို့ ဂျုံအင်​နဲ့ဟွန်းငယ်​ထင်​ခဲ့သည်​။

➳ ➳ ➳

'ဟွန်းငယ်​အိမ်​က​နေပဲ​ကျောင်းတက်​​တော့ သားကိုအပြင်​မှာစိတ်​မချ​တော့ဘူး ´

ရုတ်​တရက်​ဆန်​စွာ ဧည့်​ခန်းမှာမိသားစုစုံတုန်း​ပြောလာသည့်​​မေ​မေ့
စကား​ကြောင့်​ဟွန်းငယ်​တွန့်​ခနဲဖြစ်​သွားမိသည်​။ အထက်​တန်းလွှာ
မိသားစုဖြစ်​တာအပြင်​ ချုပ်​ချယ်​သည့်​မိသားစုမျိုးမဟုတ်​တာမို့
ဆယ်​ဟွန်းကိုစိတ်​မချတာနဲ့အပြင်​က​နေ​ကျောင်းမတက်​​စေချင်​ဘူးဆိုတာ
အ​ကြောင်းပြချက်​သက်​သက်​ပင်​။

My Time With YouWhere stories live. Discover now