My Time With You 4

812 100 29
                                    

My Time With You 4

#KaiHun

စ​နေ၊တနင်္ဂ​တွေ ပိတ်​ရက်​နှစ်​ရက်​။အရင်​ကဆိုတနင်္ဂ​နွေ​နေ့လည်း
ဂင်​ဂျုံအင်​ကအလုပ်​ရှုပ်​တာပဲ။ပိတ်​ရက်​ဆို​တော့လည်းဆိုင်​ကလူသိပ်​ကျတာကိုး။ဒါ​ပေမဲ့ ဟွန်းငယ်​နဲ့ချစ်​သူဖြစ်​ပြီးချိန်​ကစလို့ တနင်္ဂ​နွေ​နေ့ဟာ
ဂင်​ဂျုံအင့်​အတွက်​တစ်​ပတ်​တာအ​ကောင်းဆုံးရက်​လိုပဲ။အဲ့ဒီ​နေ့ဆို
ဆိုင်​သွားတယ်​ဆိုတာခပ်​ရှားရှား။ဟွန်းငယ်​နဲ့​လျှောက်​လည်​တယ်​။ ဟွန်းငယ်​ရဲ့တိုက်​ခန်းမှာပဲ
ဖြစ်​ဖြစ်​၊ သူ့ရဲ့တိုက်​ခန်းမှာပဲဖြစ်​ဖြစ်​ ရုပ်​ရှင်​ကြည့်​တယ်​။မုန့်​တစ်​ခုခုလုပ်​စားတယ်​။ဆိုင်​ကိုမနက်​ပိုင်းခဏသွားကြည့်​တာ​လောက်​ပဲဂျုံအင်​လုပ်​ဖြစ်​​တော့တယ်​။

ဒါ​ပေမဲ့လည်းအခု​တော့ဟွန်းငယ်​ကစာ​မေးပွဲနီးလာပြီဖြစ်​တဲ့အတွက်
အရင်​လိုသူနဲ့အချိန်​မဖြုန်းနိုင်​​တော့ဘူး။ဟွန်းငယ်​စာကြည့်​ရမယ်​ဆို​တော့ဂျုံအင်​ကအနားမှာထိုင်​​စောင့်​​ပေးရတယ်​။

ဟွန်းငယ်​က​ရေလိုချင်​တယ်​ဆို​ရေ။မုန့်​ဆိုရင်​မုန့်​။
*အား​ဆေး​လေး​ပေးပါလား..ဦးရာ...*ဆိုပြီးချစ်​စရာအသံ​လေးနဲ့
ဂျုံအင့်​ဆီက ဟွန်းငယ်​ကအနမ်း​လေးတစ်​ခု​တောင်းလိမ့်​မယ်​။
ဟော..ပြီး​တော့စာကိုစိတ်​ဝင်​တစားလုပ်​​နေတဲ့ဟွန်းငယ်​ကို
ဂင်​ဂျုံအင်​ကတစိမ့်​စိမ့်​ထိုင်​ကြည့်​လို့​မယ်။နေ့လည်​စာအတွက်​တည်​ထားတဲ့ဟင်းအိုးကိုလည်းသွားကြည့်​ရ​သေးသည်​။

စာကိုအသဲအသန်​ကြည့်​​နေရတဲ့ဟွန်းငယ်​ကဒီအပတ်​တိုက်​ခန်းကိုမရှင်းလင်းနိုင်​​ပေ။နေ့လည်​စာကိုနှစ်​​ယောက်​တူတူစားပြီး ​နေ့ခင်းဘက်
ဟွန်းငယ်​ကခဏနားချိန်​ဂျုံအင်​ကတိုက်​ခန်းကိုရှင်းလင်း​ပေးသည်​။
လျှော်​စရာရှိတဲ့အဝတ်​​တွေကိုဂျုံအင်​ကပဲပင်​မင်းဆိုင်​ပို့​ပေးရသည်​။
အရင်​ကဆိုဟွန်းငယ်​ကမအားတဲ့အခါအဝတ်​​လျှော်​စက်​သုံးပစ်​​လေ့ရှိသည်​။ဒါ​ပေမဲ့ဂျုံအင်​နဲ့ချစ်​သူ​တွေဖြစ်​ပြီး​နောက်​ပိုင်း ဟွန်းငယ်​မအားတဲ့အခါ ဂျုံအင်​ကပင်​မင်းဆိုင်​ကိုသွားပို့​ပေး​လေ့ရှိသည်​။

My Time With YouWhere stories live. Discover now