#KaiHun
'ဟွန်းငယ်..အိမ်ပြန်ချင်လား..ဦးစိတ်မဆိုးဘူးနော်
အရမ်းလွမ်းနေတယ်ဆိုဦးကိုယ်တိုင်လိုက်ပို့ပေးမယ်.´ဟွန်းငယ်ကခေါင်းခါသည်။ဒူးပေါ်မေးတင်ပြီးကုပ်ကုပ်လေးထိုင်နေသည့်ဟွန်းငယ်က အိမ်ကထွက်လာတည်းက
ဒီနေ့သုံးရက်ကြာသည်အထိ ရွှင်ရွှင်လန်းလန်းသိပ်မရှိ။
မိဘတွေကိုပစ်ပစ်ခါခါလုပ်ခဲ့ရလို့စိတ်မကောင်းဖြစ်နေဟန်ရှိသည့် ကလေးကိုလည်းဂျုံအင်အတ္တတွေနဲ့ဆွဲမထားချင်ပါ။ဟွန်းငယ်အိမ်ကိုပြန်ချင်နေလျှင် ပြန်ပို့ပေးပြီးဟွန်းငယ်မိဘတွေကိုရအောင်နားချဖို့ဂျုံအင်စဉ်းစားထားသည်။
ဂျုံအင်ကမိဘမဲ့မို့ဘာကိစ္စမှမရှိပေမဲ့ ဟွန်းငယ်တို့မိဘတွေက
အသိုင်းအဝိုင်းကြီးသည်။ဟွန်းငယ်ကိုလည်းအတတ်နိုင်ဆုံး
ဟွန်းငယ်မိဘတွေသဘောတူအောင်လုပ်ပေးချင်သည်။
ဟွန်းငယ်ကိုပျော်ရွှင်စေချင်သည်။တက်တက်ကြွကြွနေတတ်သည့်ဟွန်းငယ်က ငြိမ်နေတော့
ဂျုံအင်တကယ်စိတ်မကောင်းပါ။ဒီကလေးကကိုယ့်ကိုအဲ့လောက်ထိချစ်မှန်းသိရတော့ မျက်ရည်ဝဲမတတ်။အချစ်ခံရခြင်းဟာသိပ်ကံကောင်းသည်။
ဂျုံအင်မွေးဖွားလာခဲ့စဉ်ကစလို့အခုအချိန်ထိ
ဂျုံ့အင်ကိုချစ်ပေးသူတွေထဲ ဒီကလေးဟာအရမ်းကိုချစ်ပေးနိုင်သည်။ဟွန်းငယ်ကိုရင်ခွင်ထဲပွေ့ဖက်ထားရင်ကနေ ဆံပင်လေးတွေကိုသပ်ပေးမိသည်။ဟွန်းငယ်စိတ်ပြေလိုငှါးပေါ့။
'ဦးကဟွန်းငယ်ကိုသိပ်ချစ်တာမို့ မိဘတွေသဘောမတူလည်းဦးကရအောင်ကြိုးစားမှာပါ ဟွန်းငယ်မိဘတွေကိုစိတ်မပြတ်နိုင်တာဦးသိတယ် ပြန်ချင်ရင်အချိန်မရွေးပြောနော်.´
စကားလည်းမမှားရအောင်ဂျုံအင်ဂရုစိုက်ပြောရသည်။
ငါ့ကိုဦးကလက်မခံချင်တာလားလို့တွေးနေမှဖြင့် ဂင်ဂျုံအင်
ရင်ကျိုးရချည်ရဲ့။လက်မခံချင်လို့မဟုတ်ဘဲ ဟွန်းငယ်စိတ်ချမ်းသာဖို့သာ ဂျုံအင့်အတွက်အဓိကဖြစ်နေတာမို့။