#KaiHun
ဒီကနေ့ ဂျုံအင်စာအုပ်ဆိုင်လေးပါဖွင့်ချင်လာတာနဲ့ပတ်သက်လို့လေ့လာစရာတွေရှိတာမို့တက္ကသိုလ်တုန်းကသူငယ်ချင်းတွေဖြစ်ခဲ့တဲ့ ဂျုံဒယ်ဖွင့်ထားတဲ့စာအုပ်ဆိုင်ဆီသွားရမည်ဖြစ်သည်။အပြင်မှာတွေ့ဖို့ကျ ဂျုံဒေးကဒီနေ့မအားတာမို့ ဂျုံအင်ကလည်းစာအုပ်ဆိုင်ကိုနည်းနည်းလေ့လာချင်တာမို့
စာအုပ်ဆိုင်ကိုသွားရခြင်းဖြစ်သည်။ဟွန်းငယ်ကိုအတန်းရှေ့ထိလိုက်ပို့ပြီးတာနဲ့ ဆိုင်ကိုမဝင်တော့ဘဲ ဂျုံဒယ်ရဲ့စာအုပ်ဆိုင်ဆီတန်းလာခဲ့လိုက်သည်။
စာအုပ်ဆိုင်ဆီရောက်တော့ အသစ်ရောက်တဲ့စာအုပ်တွေနဲ့
စာရင်းတွေလုပ်ရင်းအလုပ်ရှုပ်နေတဲ့ ဂျုံဒယ်ကိုရုံးခန်းထဲမှာ
တွေ့လိုက်ရသည်။ဂျုံအင်ဝင်လာတော့ တချက်မော့ကြည့်ပြီးခဏထိုင်အုံးဟုဆိုကာ စာရင်းတွေဆက်လုပ်နေပြန်သည်။
နာရီဝက်လောက်ကြာမှ ဂျုံဒယ်ကခေါင်းမော့လာသည်။
သူ့ကိုတစ်ချက်ရီပြပြီး ကော်ဖီထဖျော်တဲ့ဂျုံဒယ်။'ငါဒီနေ့ဒီစာရင်းအပြီးလုပ်မှာမို့ ဆောရီးကွာ ခဏစောင့်ခိုင်းလိုက်ရတယ် မနေ့ကလုပ်ဖို့အကြွေးကျန်တာတွေမို့လို့´
ဂျုံဒယ်ကကော်ဖီဖျော်ရင်း ဂျုံအင့်ကိုစောင့်ခိုင်းရတာအားနာ
ကြောင်းရှင်းပြနေလေရဲ့။'ရပါတယ်ကွာ...ငါကအကူအညီတောင်းတာငါကတောင်
အားနာရအုံးမှာ...´ဂျုံဒယ်ကကကော်ဖီနှစ်ခွက်မှတစ်ခွက်ကိုဂျုံအင့်ရှေ့ကိုချပေးကာ
သူကိုယ်တိုင်လည်း ဂျုံအင်ရှေ့မှာဝင်ထိုင်ကာကော်ဖီတငုံမော့သောက်လေရဲ့။ဂျုံအင်လည်းကော်ဖီတစ်ငုံသောက်ကြည့်မိပြီး မျက်ခုံးပင့်သွားရသည်။ဂျုံဒယ်ရဲ့ကော်ဖီဖျော်တဲ့လက်ရာတော်တော်တိုးတက်လာတယ်လို့ဆိုရမည်။'မင်းကော်ဖီဖျော်တာကောင်းလာတယ်နော်..အင်းပေါ့
ပြောင်းလဲလာမှာပဲလေ ကြာပြီမဟုတ်လား ဟဟ´