My Time With You 2
#KaiHun
ဂျုံအင် ဆိုင်ကိုရောက်တော့ဝန်ထမ်းတွေအားလုံးစုံနေပြီဖြစ်သည်။
စစ်ဆေးစရာရှိတာတွေစစ်ဆေးပြီးကောင်တာမှာထိုင်နေလိုက်တယ်။
ဆိုင်ပတ်ပတ်လည်ကိုလိုက်ကြည့်ပြီးသူ့မှာပီတိဖြစ်ရသည်။
ဆိုင်ကကောင်းကောင်းမွန်မွန်လေးလည်ပတ်နေပြီး လူလာလည်းများသည်။ဝန်ထမ်းတွေရဲ့ကောင်းမွန်မှုကြောင့်လည်းပါသည်ပေါ့။
ဒီဆိုင်ကိုဖွင့်ဖို့သူအတော်ကြိုးစားခဲ့ရတာ။မိဘမဲ့တစ်ယောက်အနေနဲ့
ဘဝမှာအခက်အခဲတွေတော်တော်များများကိုရင်ဆိုင်ခဲ့ရပြီးဘဝနာသည်လို့ပဲပြောရမလား။အချိန်တိုင်းကြိုးစားချင်စိတ်ကသူ့ခေါင်းထဲမှာရှိနေသည်။တစ်ကမ္ဘာလုံးကိုတော့လူပြောင်းလဲနိုင်မှာမဟုတ်ပေမဲ့
သူလက်လှမ်းမှီသလောက်ကောင်းမွန်အောင်လုပ်ချင်သည်။မိဘမဲ့ကလေးတွေကိုအားမငယ်ရအောင်ခွန်အားပေးတာမျိုး။တော်တဲ့မိဘမဲ့ကလေးတွေကိုထောက်ပံ့ပေးတာမျိုးတွေသူလုပ်ချင်သည်။သူစိတ်ကူးထားသမျှဖြစ်လာလို့လည်းကိုယ်ကိုတိုင်အားရကျေနပ်မိပါရဲ့။ဒီဆိုင်ကိုစဖွင့်ဖို့ကြိုးစားတော့ တစ်ယောက်တည်းမတတ်နိုင်တာမို့
သူငယ်ချင်းဖြစ်သူ ပတ်ချန်းယောလ်ကရှယ်ယာတစ်ဝက်ဝင်ထားပေးသည်။သူငယ်ချင်းအချင်းချင်းမို့ကူညီတယ်လို့ပဲပြောရမှာပေါ့။
နောက်ကျတော့ ဂျုံအင်ကဒီဆိုင်တစ်ခုလုံးရဲ့ပိုင်ရှင်ဖြစ်လာခဲ့တာပဲ။
ချန်းယောလ်က ဂျုံအင့်အတွက်သူငယ်ချင်းတစ်ယောက်ဖြစ်သလို
ကျေးဇူးရှင်တစ်ယောက်လည်းဖြစ်သည်။
တဖြေးဖြေးနဲ့ဆိုင်ကလူကျလာသည်မို့ဝန်ထမ်းတွေရောဂျုံအင်ပါအလုပ်ရှုပ်ရတော့သည်။နေ့လည်ရောက်တော့ဂျုံအင် နေ့လည်စာစားရင်းဟွန်းငယ်ဆီဖုန်းဆက်မိတယ်။Test ကိုကောင်းကောင်းမွန်မွန်ဖြေနိုင်တဲ့ဟွန်းငယ်ကတော့
အသံလေးကအစတက်တက်ကြွကြွပင်ဖြစ်နေသည်။လူချမ်းသာအသိုင်းအဝိုင်းကဖြစ်တဲ့ဟွန်းငယ်က တချို့သူဋ္ဌေးသားတွေလိုမဆိုးသွမ်းဘဲ
စာအလွန်ကြိုးစားသည်။တစ်ခုရှိတာကတော့ အဲ့ဒီကလေးစာကျက်တိုင်
းစာအုပ်တွေစာရွက်တွေပြန့်ကြဲနေတတ်တာပါပဲ။