Part 4❤️

1.4K 165 14
                                    

ကားကအရှိန်လုံးဝမသတ်တော့ဘူး Saint ဒီတိုင်းသာဆက်ရပ်နေရင်ကားကတကယ်တိုက်မိတော့မယ် ရုတ်တရက်
သူဘာဖြသ်လို့ဘာဖြစ်သွားမယ်မသိတော့ဘူး သူ့ကိုတစ်
ယောက်ယောက်ကလမ်းဘေးကိုဆွဲချလိုက်သလိုပဲ တစ်ကိုယ်လုံးလှိမ့်ပြီးအားနဲ့ပစ်ချလိုက်သလိုပဲ အားလုံးငြိမ်သက်
သွားတော့ကျွန်တော့်မျက်လုံးချက်ချင်းဖွင့်ဖို့တောင်အင်အား
မရှိဘူး အသက်တောင်မနည်းရှူရအောင်ကြောက်လန့်နေ
တယ် ကျန်တာဘာမှမသိနိုင်တော့ဘူး ကျွန်တော်သေသွားပြီ
လား ဒါပေမယ့် အဲ့အချိန်မှာအကြားချင်ဆုံးအသံကိုကြားလိုက်ရတယ်
Perth : မင်း ရူးနေတာလား
Perth အသံကြောင့်ကျွန်တော့်မျက်လုံးတစ်စုံကိုဖွင့်ကြည့်
လိုက်မိတယ် ကျွန်တော် Perth ရဲ့ခန္ဓာကိုယ်ပေါ်ရောက်နေ
ပြီးတော့ Perth ကကျွန်တော့်ခါးကိုဖက်ထားတယ် Perth ရဲ့
မျက်နှာကိုအခုမှပဲအနီးကပ်မြင်နိုင်တော့တယ် သူဘာမှမ
ပြောင်းလဲသွားဘူး အရင်တိုင်းချောနေဆဲပဲ
Perth : မဖယ်တော့ဘူးလား
Perth ပြောမှကိုယ့်ကိုကိုယ်သတိရပြီးထလိုက်တယ် ဒါပေ
မယ့် Perth ကလမ်းပေါ်မှာလှဲနေတုန်းပဲ
Saint : Perth Perth ဘာဖြစ်လို့လဲ ထိသွားတာလား
Perth ကျွန်တော့်ကိုကယ်လိုက်တဲ့အရှိန်ကြောင့်သူ့ခေါင်း
ကအုတ်ခဲနဲ့ထိမိလို့သွေးတောင်နည်းနည်းထွက်နေတာပဲ
ကျွန်တော်ဘာလို့ခုနကမမြင်မိရတာလဲ
Pin : အကိုကဘယ်သွားတာလဲ
Ming : မပြောသွားပါဘူး
Pin : ထိုင်းကိုရောက်တာနဲ့ အကို့ကိုသေချာကြည့်ထားဖို့မှာ
ထားတယ်လေ
Ming : ဟုတ် တစ်ချက်လောက်မှားသွားတာပါ နောက်မဖြစ်
စေရပါဘူး
Pin : ထားလိုက်တော့ နင် Nat ဆီအလုပ်ပြန်ဆင်းရမယ်မ
လား သွားတော့ အကိုဘယ်သွားတာလဲ ဖုန်းလည်းမယူ
သွားဘူး
ဆေးရုံမှာ Saint နဲ့ဆရာဝန် စကားပြောနေကြတယ်
Saint : သူဘာမှမဖြစ်ပါဘူးနော် ခေါင်းတစ်ခုခုထိမိတာများ
ဖြစ်နိုင်လား အတိတ်မေ့တာတို့ အကြိတ်တို့
Saint တစ်ယောက်ထဲပျာယာခက်ပြီး ဆရာဝန်ကိုမေးတာ
အရမ်းမြန်လွန်းလို့လိုက်တောင်မမီနိုင်ဘူး
No : ဒါရိုက်တာ အဲ့လောက်ထိမပြင်းထန်ဘူးထင်တယ် စိတ်
ကိုငြိမ်ငြိမ်ထားပါ
D : ဟုတ်ပါတယ် နဲနဲလေးထိမိတာပါ ဘာမှမဖြစ်နိုင်ပါဘူး
သူအခုမေ့နေတာကလည်း သွေးအားနည်းနေတာ သူ
အေးအေးဆေးဆေးနားဖို့လိုတယ်
Saint : ဆေးသောက်ရင်ကောင်းသွားမှာမလား
D : ကောင်းသွားမှာပါ ဆေးရုံမှာနှစ်ရက်လောက်နေနိုင်ရင်ပို
ကောင်းမယ် ညဘက်အိပ်ရေးပျက်တာ အစားအသော
က်နည်းတာ ပူပန်စိတ်များနေတာကြောင့်အားနည်းတတ်
ကြတယ် ကောင်းကောင်းနားလိုက်ရင်ရပါတယ်
Saint : ဟုတ်ကဲ့ သေချာဂရုစိုက်လိုက်ပါမယ်
No
No : ဟုတ်ကဲ့
Saint : မင်းအိမ်မြန်မြန်ပြန် ပြီးတော့ အဒေါ်ကြီးကိုဆန်ပြုတ်
လုပ်ခိုင်းပြီးမြန်မြန်ယူလာခဲ့ အသားများများနော် ပြီး
တော့အသီးဖျော်ရည်ပါယူခဲ့ Perth ကပန်းသီးကြိုက်
တယ် ပန်းသီးဖျော်ရည်လုပ်ခဲ့ ပြီးတော့
No : ခဏ ခဏ ဒါရိုက်တာ ဖြေးဖြေးပြောလို့မရဘူးလား
Saint : မင်းဒါလေးတောင်မမှတ်နိုင်ဘဲ အတွင်းရေးမှူးလုပ်
နေတာလား
No : ဒါပေမယ့် တစ်စက္ကန့်အတွင်းတော်တော်ပြောသွားတာပဲ
Saint : စကားများမနေနဲ့ မြန်မြန်သွား မဟုတ်ရင်အလုပ်
ပြုတ်ပြီ
No ကအရှိန်နဲ့ကိုအမြန်ပြေးထွက်သွားတယ် Saint အခန်း
ထဲကိုဝင်လာပြီး Perth ကုတင်ဘေးကခုံမှာထိုင်လိုက်တယ်
Perth ရဲ့လက်ကိုဆုပ်ကိုင်ထားလိုက်တယ်
Saint : ဘာလို့လက်မှာဒဏ်ရာတွေရှိနေတာလဲ အရင်ကဆို
Perth လက်တွေကနူးညံ့နေတာကို ဘယ်လိုဘဝမျိုးနဲ့
များရှင်သန်နေခဲ့တာလဲ
Saint က Perth ရဲ့လက်ကိုမလွှတ်ဘဲကိုင်ပြီးကုတင်ဘောင်ပေါ်ခေါင်းလေးတင်ပြီးမှေးအိပ်နေလိုက်တယ်
Saint : ကျေးဇူးပါ ကျေးဇူးပါ ကံတရားရယ်
Saint မှေးအိပ်လိုက်တော့ Perth ကသူ့မျက်လုံးတွေကို
ဖွင့်ကြည့်လိုက်တယ် သူသတိရနေပြီ Saint ပြောတာတွေကို
သူအကုန်ကြားနိုင်တယ် Saint ဆံပင်လေးတွေကိုထိကိုင်ဖို့
သူ့လက်တစ်ဖက်ကိုလှမ်းလိုက်ပေမယ့် သူတွေဝေပြီးလက်ကို
ပြန်သိမ်းလိုက်တယ်
Nat : အခုချိန်ကစပြီး ဒီကုမ္ပဏီရဲ့အလုပ်တွေကိုငါလည်းပါ
ဝင်စွက်ဖက်နိုင်ခွင့်ရှိသွားပြီ
Ming : ဂုဏ်ပြုပါတယ်
Nat : ဒါနဲ့ P Saint ဘယ်မှာလဲ မနေ့ထဲကမမြင်မိဘူး
Ming : ကျွန်မမသိပါဘူး
Saint နိုးလာတော့ချက်ချင်း Perth ကိုကြည့်လိုက်တယ်
Perth ကထိုင်ပြီးသတင်းစာဖတ်နေတယ် Saint က Perth
လက်ထဲကသတင်းစာကိုဆွဲလုလိုက်တယ်
Perth : မင်း ဘာလုပ်တာလဲ
Saint : ဆရာဝန်က Perth ကိုအာရုံအရမ်းစိုက်တာမျိုးမလုပ်
ရဘူးတဲ့
Perth ကိုအခုမှပြန်တွေ့ရတော့စကားတောင် ကောင်း
ကောင်းမပြောနိုင်ဘဲရင်ခုန်နေမိတယ်
Saint : Perth နဲ့ပြောစရာရှိတယ်
Perth : ငါ့မှာပြောစရာမရှိဘူး
Saint : Perth ခံစားခဲ့ရတာတွေကိုနားလည်ပါတယ် အရမ်း
လည်းနောင်တရခဲ့တာ Perth နဲ့သာပြန်တွေ့ရင်
ပြောစရာတွေအများကြီးကို ပြောဖို့စိတ်ကူးထားတာ
Perth ကသူ့ခေါင်းကိုအောက်ပဲငုံ့ထားပြီးတော့ Saint ကို
တည့်တည့်မကြည့်ရဲဘူး
Perth : ငါမေ့ထားတယ် အားလုံးကိုငါမေ့လိုက်ပြီ ဒါကြောင့်
ငါ့မှာမင်းနဲ့ပြောစရာမရှိဘူး
Saint : မဟုတ်သေးဘူးလေ
Saint ပြောနေတုန်းမှာပဲ Mark ကတံခါးကိုဖွင့်ပြီး Perth ကို
မြင်တာနဲ့ပြေးဖကိထားလိုက်တယ်
Mark : Perth
Perth : Arr ငါအသက်ရှုမရတော့ဘူး
Mark : အေးပါကွာ မင်းကိုမြင်ရတာပျော်လွန်းလို့ပါ
Perth : ဖုန်းခဏပေးဆက်
Saint ကချက်ချင်းသူ့ဖုန်းကိုထုတ်ပြီးပြုံးပြီးပေးလိုက်တယ်
Perth လက်ထဲကဖုန်းကိုဖြေးဖြေးချင်းယူလိုက်ပြီးတော့ ဖွင့်
လိုက်တယ် ဖုန်းမျက်နှာစာမှာတွေ့လိုက်ရတာကသူနဲ့ Saint
ကျောင်းတက်တုန်းကရိုက်ခဲ့တဲ့ပုံလေး Perth ချက်ချင်းအရင်
ကပုံရိပ်တွေကိုပြေးမြင်မိတယ်
Saint : Password ကအရင်တိုင်းပဲ
Saint ရဲ့ Password ကသူတို့ချစ်သူစဖြစ်ခဲ့တဲ့နေ့ပဲ Perth
မှတ်မိလို့နှိပ်မလို့လုပ်ပြီးမှ မသိချင်ယောင်ဆောင်ပြီး saint ကို
ဖုန်းပြန်ကမ်းပေးလိုက်တယ်
Perth : ငါမသိတော့ဘူး မင်းဖွင့်လိုက်
Perth ဘာလို့အဲ့နေ့ကိုမမှတ်မိရတာလဲဆိုပြီးအနည်းငယ်
တော့အားငယ်မိတယ် ဒါပေမယ့်လည်း သူပြန်လာပြီပဲ ငါ
ပျော်ရမှာပေါ့ ဆိုပြီးအတွေးနဲ့ပြန်ပြုံးလိုက်တယ်
Perth : hello
Pin : အကိုလား ဘယ်ရောက်နေတာလဲ
Perth : မတော်တဆတစ်ခုဖြစ်လို့ ဆေးရုံခဏရောက်နေတာ
Pin : ဘယ်ဆေးရုံလဲ အခုလာခဲ့မယ်
Perth : မလာပါနဲ့ အကိုပြန်လာမှာပါ ပြီးတော့ အကိုဘာမှမ
ဖြစ်ဘူးလေ စိတ်ပူနေမှာစိုးလို့ပဲဖုန်းဆက်တာပါ
Pin : inn ဒါဆိုလည်း မြန်မြန်ပြန်လာခဲ့
Perth : inn အိမ်ရောက်မှတွေ့မယ်
Perth ဖုန်းချလိုက်တာနဲ့ Mark ကအနားကိုကပ်လိုက်တယ်
Mark : မင်းကိုမင်း အကိုလို့ပြောနေတာ သူကဘယ်သူလဲ
Perth : ငါနဲ့အတူနေတဲ့သူပါ မင်းနဲ့မဆိုင်ပါဘူး
Mark : အင်းပါ ဘာပဲဖြစ်ဖြစ် မင်းဒီမှာနှစ်ရက်လောက်နားရ
ဦးမှာပဲ Saint ကမင်းနားမှာရှိမှာပါ ငါအလုပ်ရှိလို့ခဏ
သွားပြီးပြန်လာခဲ့မယ်
Mark ထွက်သွားတော့ Saint ကခုံပေါ်ကထမင်းဘူးကိုဖွင့်
လိုက်တယ် သူ့ပုံကခုနကလောက်မတတ်ကြွတော့သလိုပဲ
Perth ကဘယ်သူနဲ့နေတာလဲဆိုပြီးတော့ပဲသူတွေးနေတယ်
အတွေးတွေများပြီးထမင်းဘူးကိုဖွင့်ပြီးပန်းကန်ထဲထည့်တာ
အာရုံက Perth နဲ့အတူနေတဲ့သူဆီပဲရောက်နေတော့ အောက်ကပန်းကန်ကိုသတိမထားမိဘူး ထည့်တာနေရာလွဲပြီး
အပူလောင်တော့တာပဲ
Saint : Arr ပူလိုက်တာ
Perth : ဘာဖြစ်တာလဲ
Perth က Saint လက်ကိုကြည့်လိုက်တယ် Saint လက်က
အပူလောင်တာနဲ့နီရဲသွားတာပဲ Saint ကိုစိတ်ပူတဲ့စိတ်ကို
ဘယ်လိုများဖျောက်ရပါ့မလဲ သူ့အော်သံလေးကြားတာတောင်ချက်ချင်းထလာမိတာ နောက်ဆိုဘယ်လိုများဒီအချစ်နွံထဲ
မကျအောင်ရုန်းရပါ့မလဲ
သူတို့နှစ်ယောက်အချိန်တော်ကြာအကြည့်ချင်းဆုံနေမိတယ်
သူတို့လက်နှစ်ဖက်လည်းဆုပ်ကိုင်ထားရင်းနဲ့ပေါ့
Part 4 ( the end )

My Sunshine Boy(Season 3 ❤️)Where stories live. Discover now