Season (4) Part 1

1.3K 163 16
                                    

   ဟိုတယ်အခန်းတံခါး bell သံကြောင့် Ae အိပ်ရာကနိုးလာ
ခဲ့တယ် မှုန်ဝါးဝါးနဲ့အခန်းတံခါးကိုဖွင့်ကြည့်လိုက်တယ်
Mean : Hello
Ae : စောစောစီးစီးဘာလာရှုပ်တာလဲ
Mean : မင်းရောက်နေတယ်ကြားလို့လေ ငါတောင်ညက
          club မှာနှပ်နေတာ မင်းကြောင့်အစောကြီးထလာရ
             တာ
Ae : ဘယ်သူကလာခိုင်းလို့လဲ
Mean : သိတယ်မလား မင်းစော်ကမင်းကိုသေချာကြည့်ခိုင်း
          ထားတာကို
Ae : ငါကလေးမဟုတ်ဘူး
Mean : သိတယ်လေ ဒါပေမယ့် မင်းကထိုင်းကိုအခုမှရောက်
            ဖူးတာကို
   Ae ကဘေးနားကရေခွက်ကိုကိုင်သောက်လိုက်တယ်
Mean : ညနေလေလံပွဲရှိတယ် လိုက်ခဲ့ပါလား
Ae : ငါဆူညံတဲ့နေရာတွေသွားလို့မရဘူးလေ
Mean : လေလံပွဲကမဆူပါဘူး club မှမဟုတ်တာ ငါလည်း
          တစ်ယောက်ထဲ လိုက်ခဲ့စမ်းပါ
    ပန်းချီကားကိုအုပ်ထားတဲ့ပဝါစကို Saint ကဆွဲချလိုက်တယ် ပန်းချီကားလေးကိုသူကိုင်ကြည့်လိုက်တယ် သူ့မျက်လုံးထဲမှာ Perth ကသူ့ကိုခါးအနောက်လေးကနေဖက်ထားပြီးဒီ
ပန်းချီလေးကိုစိတ်ကူးလေးနဲ့ဆွဲထားကြောင်းပြောခဲ့တာလေးကိုသတိရမိတယ်.,...
Saint : ဒါဆို Perth ကိုယ်တိုင်ဆွဲထားတာလား
Perth : inn အဲ့တုန်းကဖြစ်ချင်တာလေးတွေကိုစိတ်ကူးပြီးဆွဲ
ထားတာ အခုတော့ အဲ့ထဲကအတိုင်းမင်းရီတယ် ပြုံး
တယ် ပြီးတော့
Perth က Saint ကိုအနောက်ကနေဖက်ထားလိုက်တယ်
Perth : အဲ့လိုပဲ ငါမင်းကိုဖက်ထားလို့ရတယ် ပြီးတော့ ငါတို့
ငါးယောက်လုံးတစ်သက်လုံးပျော်ရွှင်နိုင်ပြီလေ စိတ်
ကူးလေးတွေတကယ်ဖြစ်လာတာပဲမလား Saint
   " Perth " Saint မျက်ဝန်းစကနေမျက်ရည်လေးတွေကျလာတယ် မမေ့နိုင်ပါဘူး သူ့ကိုအခုထိနေ့တိုင်း အချိန်တိုင်း
သတိရနေခဲ့တာပါ
  Mark ကပဝါကိုယူပြီးပြန်အုပ်ထားလိုက်တယ်
Saint : Mark
Mark : ဘာလို့ပြန်ကြည့်ပြီးငိုနေရတာလဲ မေ့လိုက်တော့
             မင်းအကုန်မေ့ထားတော့
  Mark ကပန်းချီကားကိုသယ်သွားလိုက်တာနဲ့ Saint ကထိုင်
ချပြီးငိုလိုက်တယ် သူမရောင်းချင်ဘူး ဒါကိုသူမရောင်းနိုင်ဘူး
Perth ရဲ့စိတ်ကူးလေးတွေ Perth လက်နဲ့ကိုတိုင်ဆွဲထားတဲ့ပန်းချီ ဒါကိုမရောင်းနိုင်ဘူး
   Saint ကချက်ချင်းအခန်းထဲကထွက်သွားပြီး Mark နောက်
ကိုလိုက်ခဲ့တယ် တစ်ယောက်ယောက်နဲ့တိုက်မိပြီးသူလဲကျသွားတယ်
Ae : အဆင်ပြေရဲ့လား
Saint : ပြေပါ
   သူမော့ကြည့်လိုက်တယ် ဒါဘယ်လိုဖြစ်နိုင်မှာလဲ Perth လား
Ae : မင်းငိုနေတာလား ထလို့ဖြစ်ရဲ့လား
Saint : Perth Perth
Ae : Perth လား ဘယ်သူ့ကိုပြောနေတာလဲ ရရဲ့လား
Mean : ငါထူပေးမယ် ထ
   Mean က Saint ကိုဆွဲထူပေးလိုက်တယ် Ae ကဘာတစ်ခွန်းမှမပြောဘဲ ထွက်သွားလိုက်တယ် ဒီအချိန်ကျနေတဲ့မျက်ရည်ကိုဘယ်လိုအဓိပ္ပာယ်ဖော်ရမလဲ Perth မဟုတ်ရင်သူကဘယ်သူလဲ ဘာလို့ဒီလောက်တူရတာလဲ
   Saint ခဏတာတွေဝေနေပြီးတော့မှ သူသေချာအောင်ထပ်
ကြည့်ချင်တယ် သူအနောက်ကလိုက်ဖို့ကြိုးစားပေမယ့်သူ့
ခြေကျင်းဝတ်ထိသွားတယ်ထင်တယ် ခြေထောက်နာနေပြီ
ဒါပေမယ့် အားတင်းပြီးလျှောက်တယ် အဲ့ဒါ Perth လား သူအရမ်းသိချင်တယ် သူဘေးကနံရံကိုကိုင်ပြီးလျှောက်တယ်
Saint : Perth Perth
   Perth ရဲ့ပုံရိပ်လေးတွေကိုမြင်ယောင်ပြီးအားမွေးပြီးရအောင်လျှောက်တယ် သူ့ခြေထောက်ဖွေးဖွေးလေးတွေကနီရဲစပြုနေပြီ လေလံပွဲအထိသူရောက်လာခဲ့တယ်
Mark : Saint ဘာဖြစ်လာတာလဲ မင်းခြေထောက်ဘာဖြစ်
            တာလဲ ဟေ့ ဘာရှာနေတာလဲ
Saint : Perth Perth ရောက်နေတယ်
   Saint တော့အရင်အတိုင်းရူးကြောင်နေပြန်ပြီ Mark ကသက်ပြင်းချပြီး Saint ကိုမလွှတ်ဘဲဆွဲထားလိုက်တယ်
Mark : တော်ပါတော့ Saint တော်ပါတော့ကွာ
Saint : Perth
   ပန်းချီကားကိုစပြီးလေလံတင်လိုက်တယ် သူငယ်ချင်းငါး
ယောက်ရဲ့ပုံကို Ae မြင်လိုက်တာနဲ့ စိတ်ထဲမှာပျော်ရွှင်မှု ဝမ်း
နည်းမှုတွေကိုရောထွေးပြီးခံစားလိုက်ရတယ်
Ae : Mean ငါလိုချင်တယ်
Mean : ပန်းချီကားလား အဲ့ထဲကတစ်ယောက်ကမင်းနဲ့ဆင်
             တာပဲ ဟုတ်တယ်မလား
   Ae ကမက်တပ်ရပ်လိုက်ပြီးအမြင့်ဆုံးကြေးကိုခေါ်လိုက်
တယ် ပွဲကလူအားလုံးကသူ့ကိုဝိုင်းကြည့်လိုက်ကြတယ်
Mark နဲ့ Saint လည်း မက်တပ်ရပ်လိုက်တဲ့ Ae ကိုရှင်းရှင်း
လင်းလင်းမြင်လိုက်ရလို့မှင်သက်နေမိတယ်
Mark : မဖြစ်နိုင်တာ
     Saint ခြေထောက်တွေတောင်မခိုင်တော့ဘဲလဲကျသွား
တယ် ထိုင်လျက်နဲ့ပဲ Mark ရဲ့လက်ကိုအားကိုးတကြီးဆုပ်
ကိုင်ထားလိုက်တယ် Perth လား ကျွန်တော့်ဆီကိုပြန်လာခဲ့
တာလား Perth မသေသေးတာမလား
   Ae ကလည်း Saint လဲကျသွားတာမြင်လို့လှည့်ကြည့်လိုက်
တယ် ဒါပေမယ့် တစ်စက္ကန့်တောင်မကြာလိုက်ဘူး သူ့အ
ကြည့်ကိုချက်ချင်းလွှဲလိုက်တယ်
   Perth ကျွန်တော့်ကိုကြည့်ပါ ဘာလို့ကျွန်တော် ငိုနေတာကို
လှည့်မကြည့်ရတာလဲ အရင်လိုငိုနေတာမြင်လို့မျက်ရည်မ
သုတ်ပေးတော့ဘူးလား မထွေးပွေ့ပေးတော့ဘူးလား အပြုံး
လေးမြင်ချင်တယ်လို့မပြောတော့ဘူးလား
Saint : Mark သူ့ဆီလိုက်ပို့ပေးပါ သွားချင်လို့ပါ
Mark : အင်းပါ
Saint : မြန်မြန် သူထွက်သွားပြီ
   Mark က Saint ကိုတွဲပြီးလိုက်ပို့ပေးတယ်
Saint : နေပါဦး နေပါဦး perth
Mark : ဖြေးဖြေးလျှောက် မင်းခြေထောက်တော်တော်နီနေပြီ
   Mark ပြောတာလည်းသူနားမထောင်နိုင်တော့ဘူး Perth
နဲ့စကားပြောလိုက်ရဖို့ပဲ အားသန်နေခဲ့တယ်
   Ae က Saint ခေါ်သံကြောင့်ဓာတ်လှေကားထဲဝင်ခါနီးသူ့
ခြေလှမ်းတွေကိုရပ်ပြီးလှည့်ကြည့်လိုက်တယ်
Saint : နေပါဦး
Ae : ငါ့ကိုပြောနေတာလား ဘာကိစ္စလဲ
Mark : Perth
Ae : Perth ကဘယ်သူလဲ မင်းတို့ခုနထဲကလူမှားနေတယ်
       ထင်တယ်
   Saint က Ae ရဲ့လက်ကိုကိုင်ထားပြီး ပြုံးလိုက်တယ်
Saint : Perth လက်လေးအတိုင်းပဲ နွေးနေတာပဲ
   Ae ကချက်ချင်းသူ့လက်ကိုရုန်းလိုက်တယ်
Ae : ဘာလုပ်တာလဲ မင်းလူမှားနေတယ်လို့ပြောနေတာနား
       ကန်းနေတာလား
Saint : Perth ဆိုတာကျွန်တော်သိတယ် မညာပါနဲ့ Perth
           ဘာပဲဖြစ်ဖြစ်နားလည်ပေးနိုင်ပါတယ်
   Ae ကစိတ်ပျက်နေတဲ့ပုံနဲ့ ကြည့်လိုက်တယ်
Ae : မင်းကိုလူမှားနေတယ်ပြောနေတယ်လေ ငါ့နာမည်က
       Ae မင်းပြောနေတဲ့ Perth မဟုတ်ဘူး
Mean : သွားမယ် Ae
    Ae တို့ဓာတ်လှေကားထဲဝင်သွားတာနဲ့ Saint ကထိုင်ပြီးငို
ချလိုက်တယ်
Saint : သူမသိတော့ဘူး သူငါ့ကိုမေ့သွားပြီ
Mark : မဟုတ်ဘူး Saint သူက Perth မဟုတ်ဘူး ငါတို့လူ
            မှားတာ Perth နဲ့တူတဲ့သူ Perth မဟုတ်ဘူး
   ဟုတ်တယ် Ae နဲ့ Perth ကရုပ်တူပေမယ့်ကွာခြားတယ်
စကားပြောပုံ အကြည့်တွေကအစကွာတယ် Perth ကအရမ်း
သိမ်မွေ့ပေမယ့် Ae ကကြမ်းတမ်းမယ့်ပုံစံမျိုး ဒါကြောင့်သူက
Perth မဟုတ်ဘူး
Mean : အဲ့ကောင်ကဘာလဲ
Ae : ဒီတိုင်းဇာတ်လမ်းဆင်ပြီးဝင်ရောတာနေမှာပေါ့
   မြေညီထပ်ကိုရောက်တာနဲ့ သူတို့နှစ်ယောက်ဆင်းပြီးကား
ပါကင်ကိုလျှောက်သွားလိုက်တယ် ကားတစ်စီးကမီးထိုးပြီး
ဟွန်းတီးလိုက်တာကြောင့် Ae ချက်ချင်းလဲကျသွားတယ်
သူ့နားနှစ်ဖက်ကိုအတင်းပိတ်ထားလိုက်တယ် အသက်ရှူလည်းကျပ်ပြီးမျက်နှာတစ်ပြင်လုံးနီရဲလာတယ်
Mean : Ae Ae သတိထားလေ Ae
    လူနာတင်ယာဉ်ကားကိုမြင်လို့ Mark ကလှမ်းကြည့်လိုက်
တယ် Ae ကိုသူမြင်လိုက်တယ်
Mark : ဘာဖြစ်တာလဲ ခုနကအကောင်းကြီးကို သူက Perth
             မဖြစ်နိုင်ဘူး အရမ်းကွာခြားလွန်းတယ်
   Perth ကျွန်တော့်ဆီပြန်လာတာလို့ပဲဘာလို့ထင်နေမိတာ
လဲ ရအောင်ရှာဖွေမယ် Perth ဟုတ်မဟုတ်ရအောင်ရှာဖွေ
မယ်
                               The End

My Sunshine Boy(Season 3 ❤️)Where stories live. Discover now